Tuesday, February 23, 2016
Monday, February 22, 2016
သရုပ်ဆောင် အောင်ခိုင်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ
သရုပ်ဆောင်အကယ်ဒမီ ဦးအောင်ခိုင်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ညက ကားမတော်တဆမှုကြောင့် အရေးပေါ်ခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီး ယခုအခါ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရတဲ့အခြေအနေကို ကျော်လွန်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဦးအောင်ခိုင်မှာ ကားမတော်တဆမှုကြောင့် နံရိုးသုံးချောင်းကျိုးသွားခဲ့ပြီး ရင်ညွန့်ကနေ ချက်အထိခွဲထားရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဦးအောင်ခိုင်ရဲ့ ကျန်းမာရေးအခြေအနေအား ဇနီးဖြစ်သူ သရုပ်ဆောင် ဒေါ်ဝါ၀ါအောင်ကို ဧရာဝတီက မေးမြန်းတဲ့အခါမှာတော့ “ဒီနေ့တော့တော်တော်လေး အခြေအနေကောင်းပါတယ်။ သူတို့ စောင့်ကြည့်နေတဲ့ စိုးရိမ်ရတဲ့အခြေအနေ သုံးရက်ကို ကျော်သွားပြီဖြစ်တဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေကနေ လွန်မြောက်သွားပါပြီ၊ အခု နှာခေါင်းပိုက်ကိုလည်း ဖြုတ်သွားပြီ၊ ဗိုက်က သူငယ်ရည်တွေထုတ်တဲ့ပိုက်ကိုလည်း ပြန်ဖြုတ်သွားပါပြီ။ ဒါကြောင့် တော်တော်လေး အခြေအနေကောင်းသွားပါပြီ။ သတိကလည်းရနေပြီ၊ စကားတွေလည်း ပြန်ပြောနေနိုင်ပါပြီ” လို့ ပြောပြပါတယ်။
ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး သတိလည်းပြန်ကောင်းလာပေမယ့် ဆေးရုံကနေတော့ ဘယ်နေ့ ဆင်းရမယ်ဆိုတာ မသိရှိသေးကြောင်းကိုလည်း ဒေါ်ဝါ၀ါအောင်က ပြောပြပါတယ်။ သရုပ်ဆောင်အောင်ခိုင်မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ည ဦးဝိစာရလမ်းမှာ ရှေ့မှ ကားကိုရှောင်တိမ်းရာက လမ်းလယ်ရှိ ကွန်ကရစ်တုံးနဲ့တိုက်မိပြီး သတိမေ့ကာ ဆေးရုံမှာ အရေးပေါ် ခွဲစိတ်ကုသမှုကိုခံယူခဲ့ရတာဖြစ်ပါတယ်။
ကချင်လူမျိုးများ ဘာကြောင့်ဘိန်းခင်းဖျက်
ကချင်လူမျိုးများ ဘာကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို သဲကြီးမဲကြီးလုပ်ဆောင်လာ ကြသလဲ။ အဓိက (၂) ချက်မြင်ပါတယ်။ ပထမအချက် - မူးယစ်အန္တရာယ်အင်မတန်ကြီးမားလာပြီး မတိုက်ဖျက်ဘဲ မဖြစ်တော့သောအခြေအနေကြောင့်၊ ဒုတယအချက် - ယင်းကိစ္စနှင့်ပတ်သက်ပြီး ကချင်ပြည်မှာ သက်ဆိုင်ရာအစိုးရက တာဝန်ယူ ဖြေရှင်းပေးမှု လုံးဝ မရှိခြင်းကြောင့် တို့ဖြစ်တယ်။
ပထမအချက်။
---------------
---------------
ကချင်ပြည်မှာ လူငယ်များပျက်ဆီးမှုက ကြောက်ခမန်းလိလိကိုများပြားလာတာပါ။ မူးယစ်ဆေး ပေါများတာ ကချင်ပြည်ရောက်ဖူးသူများအားလုံးသိပါတယ်။ ဘယ်သူတွေကထုတ်လုပ်နေတာလဲ။ ဘယ်သူ တွေကတင်သွင်းနေတာလဲ။ ဘာ့ကြောင့်ကချင်ပြည်မှာမှလဲ။ မေးစရာမေးခွန်းတွေအများကြီးပါ။ ဘိန်းခင်းတွေရှိနေတာ ဆယ်စုနှစ်ချီနေပါပြီ။ လူငယ်တွေပျက်ဆီးနေတာ ထောင်သောင်းဂဏန်းရှိနေပါပြီ။ မူးယစ်ဆေးကြောင့်မျက်ရည်မကျရတဲ့ မိမိဘ ဆိုလို့ခပ်ရှားရှားပါ။ လိမ်လည်လှည့်ဖျား၊ ခိုးဆိုးလုယက်၊ ကောက်ကျစ်၊ မဒိမ်းမှုနဲ့ထောင်ကျတဲ့ ကချင်လူငယ်ဆိုတာ တွေ့ဖို့ခက်ခက်ပါ။ ထောင်ထဲရောက်တဲ့ ဘယ်ကချင်ထောင်ကျသူကိုမဆိုမေးကြည့် ဘာအမှုနဲ့လဲလို့။ အားလုံးနီးပါး မူးယစ်ဆေးနဲ့လို့ဖြေကြမှာပါ။
ဒါကြောင့် ကချင်ပြည်မိဘပြည်သူတိုင်း (ဘိန်းစိုက်၊ ရောင်းသူများမှအပ) ဘိန်းခင်း တွေကိုဖျက်ဆီးချင်ကြတာခုမှမဟုတ်ပါ။ ရက်စက် တင်းကြပ်လွန်းတဲ့ စစ်တပ်အုပ်ချုပ်ရေးစနစ် အောက်မှာ အားမသန်လို့မာန်လျှော့ကာ အံကြိတ်ရင်း မူးယစ်ဆေးဆွဲပြီး ရွဲနေတဲ့သားသမီးတွေကို အကြိမ်ကြိမ် အခါခါထူဖို့ကြိုးစားရုန်းကန် နေလာခဲ့ရတဲ့ ကချင် ပြည်သူတွေပါ။ Pat Jasan မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်ပေါ်လာတဲ့ခါ ကချင်လူမျိုးတွေ အလုံးအရင်းနဲ့ပါဝင်လာတာဟာ အဆန်းမဟုတ်ပါ။
ဒုတိယအချက်။
----------------
----------------
ပြောဖို့အားမနာတော့ပါ။ သီးမခံနိုင်တော့လို့ပါ။ သက်ဆိုင်ရာ(အစိုးရ)ကို ဘယ်လိုမှအားကိုး လို့မရ တော့မှန်း ကချင်လူမျိုးများ နားလည်သဘောပေါက်သွားသောကြောင့် ခုလို ထလုပ်ကုန်ကြတာပါ။ အမှန်တော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟာကမ္ဘာနဲ့ချီပြီးလုပ်နေတဲ့အရာပါ။ နိုင်ငံတိုင်းမှာသက်ဆိုင်ရာ အစိုးရအသီးသီးက အဓိကတာဝန်ယူတိုက်ဖျက်နေကြတာပါ။ ဒါပေမယ့် ပြည်ထောင်စုမြန်မာနိုင်ငံမှာတော့ အဲလိုဖြစ်မနေတာကိုဝမ်းနည်းစွာတွေ့မြင်နေရတာပါ။ အခြားတိုင်းနဲ့ပြည်နယ်တွေမှာတော့မသိ။ ကချင် ပြည်နယ်တွင် တော့ အစိုးရရဲ့တာဝန်မယူမှုက သိသိသာသာကိုမြင်တွေ့ရပါတယ်။ ဥပမာ အဖြစ်အပျက် လေးပြောပြချင်ပါတယ်။
မိမိအနေနဲ့ ၂၀၀၇ မှ ၂၀၁၀ ခုနှစ်ကာလမှာ မြစ်ကြီးနား ဒူကထောင်နှစ်ခြင်းအသင်းတော်မှာ အသင်းတော်လူငယ်များ တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်စဉ်က မူးယစ်ဆေးရောင်းသူများအား ဖမ်းရေး မဖမ်းရေးနဲ့ ပတ်သက်ပြီး လူထုနဲ့ရဲ အငြင်းပွါးမှုများမကြာခဏတွေ့မြင်ခဲ့ဖူးပါတယ်။
ဘယ်သူရောင်းတယ်ဆိုတာ လူထုကသိတယ်၊ တွေ့တယ်၊ သွားတိုင်တယ်။ ရဲစခန်းကဖမ်းပေးမယ် ပြောပြီးမဖမ်းဘူး။ ကြာတော့လူထုက သီးမခံနိုင်လို့ကိုယ်တိုင်သွားဖမ်းပြီး ရဲစခန်းသွားပို့တော့ တရားခံကို ထားခဲ့ ဒါမင်းတို့ အလုပ်မဟုတ်ဘူးဆိုပြီး ဟောက်လွှတ်လိုက်တယ်။ နာရီပိုင်းလောက်ကြာပြီးနောက် တရားခံက သူ့အိမ်အခန့်သားပြန်ရောက်နေတယ်။ ဒီလိုမျိုးအဖြစ်အပျက်က တစ်ကြိမ်နှစ်ကြိမ် မဟုတ်။
ရောင်းတဲ့သူကိုဘယ်တော့မှမဖမ်းဘူး။ ဆေးသုံးတဲ့သူတွေတော့ ဖမ်းတယ်။ ဖမ်းတယ်ဆိုတာက လည်း ကောင်းကောင်းမွန်မွန်ဖမ်းပြီး ထောင်ချ၊ ပြုပြင်ပေးခြင်းမဟုတ်။ ဘယ်နေရာမှာ မူးယစ်ဆေးရောင်း တယ်ဆိုတာ ရဲကသိထားတော့ အဲဒီနေရာတွေမှာ ပုန်းစောင့်နေပြီး ရှောင်သခင်ဝင်ရောက် ရိုက်နက်ဖမ်းတယ်။ တစ်ခါတစ်လေ အသေအပျောက်တောင်ရှိတယ်။ ၂၀၀၈ ခုနှစ် ဒူကထောင်ရပ်ကွက် အပိုင်း (၁၁)၊ ဂေါက်ကွင်းနားက မူးယစ်ရဲအဖွဲ့ရိုက်လို့ မောင်ဆိုင်းအောင် အသက် (၂၀) အရွယ် ကချင်ကောင်လေးတစ်ယောက် ပွဲချင်း ပြီးသေခဲ့ရတယ်။ အခြားတော်တော်များ ဒဏ်ရာရကြတယ်။ မူးယစ်အဖွဲ့က သေသွားတဲ့ကောင်လေး မိသားစုကို အလျှော်ပေးခဲ့ရတယ်။ (ကောင်လေးမိခင် ခုချိန်ထိရှိ)။ ဒါကိုယ်တွေ့ အဖြစ်အပျက်ပဲ။ ကောင်လေးရဲ့အသုဘချဆုတောင်းပွဲ အစီအစဉ်အားလုံးမှာ မိမိကိုယ်တိုင် ပါဝင်ခဲ့တယ်။ သို့ပေမယ့်အဲချိန်တုန်းက ခုလို Internet, Facebook တို့ မသွင်ကျယ်သေးတော့ လူမသိသူမသိပြီးသွားတယ်။
ကချင်ပြည်မှာ အစိုးရရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ပုံက အဲဒီလိုပါ။ ဒါနဲ့ပတ်သက်ပြီး မိဘပြည်သူများ ကြိတ်မနိုင်ခဲမရဖြစ်နေတာကြာပါပြီ။ ဒါကြောင့် ကချင်ပြည်မိဘပြည်သူတိုင်းက ဘိန်းခင်းဖျက်ရေးမှာ အင်တိုက်အားတိုက်ကို ပါဝင်ကြတော့တာပါ။ မကျေနပ်ချက်နဲ့၊ ခံစားချက်နဲ့ကိုတိုက်ဖျက်ကြတာပါ။
အရင်အချိန်တွေတုန်းက ဘယ်လောက်ပဲ တိုက်ဖျက်ချင်ပေမယ့်လည်း အခြေအနေမရှိခဲ့ဘူးလို့ ဆိုချင်ပါတယ်။ ၈၈ အရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွေတောင် မအောင်မြင်ခဲ့တာပဲလေ။ ဒါပေမယ့် ခေတ်ကပြောင်းလဲခဲ့ပါပြီ။ ဒီမိုကရေစီခေတ်ဆိုတော့ ပြောနိုင်ဆိုနိုင်လာတယ်။ လူဦးရေ (၅) ယောက်ထက်ပို စုလို့ရလာတယ်။ ဒါတောင်ကချင်လူထုက ဒီမိုကရေစီဆိုတာနဲ့ ချက်ချင်းထလုပ်ကြသေးတာ မဟုတ်။ အောက်ပြည်အောက်ရွာက နောင်တော်တွေ အကြိမ်အခါခါ သပိတ်မှောက် ဆန္ဒပြကြ တာကိုကြည့်ပြီး ဒီမိုကရေစီစနစ် ပထမသက်တမ်း (၅)နှစ်ကုန်ခါနီး ခုချိန်ရောက်မှ သြော် လုပ်လို့ရပြီဆိုပြီး လုပ်နိုင်ကြတော့တာပါ။ ဘာပဲဖြစ်ဖြစ်ဒီမိုကရေစီစနစ်ကြီးထဲမှာ ကချင်မိဘပြည်သူတွေက မကြိုက်တာကို မကြိုက်ဘူးပြောတတ်လာတဲ့ သဘောပါ။ ဒါလည်းပဲ ဆန်းဆန်းပြားပြားကိစ္စကိုမကြိုက်နေခြင်းမဟုတ်။ တစ်ကမ္ဘာလုံး၊ ဘာသာတရားအားလုံးမကြိုက်တဲ့ မူးယစ်ဆေးဝါးကို မကြိုက်တာပါ။
အထက်ပါ အချက်တွေကြောင့် ကချင်လူမျိုးများ မူးယစ်ဆေးဝါးကို အင်တိုက်အားတိုက် တိုက်ဖျက် လာကြတာပါ။ ဒါကို ဟိုဟာကြောင့် ဒီဟာကြောင့် လုပ်ကြတယ်ဆိုပြီး တစ်ချို့လော်ဘီသမားတွေက ရေးနိုင်ကြသေးတယ်။ (နောက်မှဆက်ပါဦးမည်)။
ဘိန်းစစ်ဆင်ရေးပြုလုပ်နေသောကချင်လူမျိုးများ၏ခံစားချက်များကိုပြည်ထောင်စုဖွားတိုင်းရင်းသားနားလည်ပေးကြပါရန်မျှော်လင့်လျက်
Friday, February 5, 2016
၁၇နာရီခန့်ကြာ လောင်ကျွမ်းသော နမ့်ဆန်မီး လူ ၁၅၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့
နမ့်ဆန်မြို့တွင် နာရီ ပေါင်း ၁၇နာရီကျော်ကြာလောင် ကျွမ်းခဲ့သည့်မီးကြောင့် မြို့ခံပြည် သူ၁,၅၀၀ကျော်အိုးမဲ့အိမ်မဲ့ဖြစ် သွားခဲ့သည်။
ဖေဖော်ဝါရီ ၄ရက် မွန်းလွဲ ၁နာရီ ၁၅မိနစ်တွင် နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ စတင်လောင်ကျွမ်းသောမီးသည် ဖေဖော်ဝါရီ ၅ ရက် နံနက်၆ နာရီအထိ ၁၇ နာရီခန့်ကြာလောင်ကျွမ်းကာ မင်္ဂလာရပ်ကွက်တစ်ခုလုံးနှင့် မြို့ဟောင်းရပ်ကွက်တစ်ခြမ်းရှိနေအိမ်ပေါင်း ၂၈၀၊ အိမ်ထောင်စု ၃၀၀ မှ လူဦးရေ ၁,၅၀၀ကျော်အထိ ဒုက္ခရောက်စေခဲ့သည်။
‘‘မြို့ရဲ့ သုံးပုံနှစ်ပုံပြုတ်တာ။ စီးပွားပျက်ပြီ။ တောင်းစားရမယ့် ကိန်းဆိုက်ပြီ။ ကလေးတွေက စာမေးပွဲနီးပြီ။ ပြန်လည်ထူထောင်ရေးက ကူမှရတာ့မယ့်အဆင့်ရောက်သွားပြီ။ မိုးကျရင်နေစရာစားစရာမရှိဖြစ်တော့မယ်’’ဟု နမ့်ဆန်မြို့ မြို့မရပ်ကွက်မှ မီးဘေးကင်းလွတ်ခဲ့သူ ဦးတင်ဆွေမြင့်ကပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်အုပ်ချုပ်ခွင့်ရဒေသရှိနမ့်ဆန်မြို့၌ ရပ်ကွက်ခြောက်ခု၊ အိမ်၇၉၁လုံး ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပုံမှန်ထက်အအေးပိုနေသည့် ရာ သီဥတုဖြစ်သောကြောင့် မီးဘေး သင့်သူများသည် နေရေးစားရေးအတွက် တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်နေကြရသည်။ မီးဘေးဒုက္ခသည်များမှာ လတ်တလောစားဝတ်နေရေးအတွက် အရေးပေါ်အကူအညီများ၊ ယာယီမိုးကာတဲများနှင့် အအေးဒဏ်ကာကွယ်ရန် စောင်ထူထူနှင့် အ၀တ်အစားများ အရေးပေါ်လိုအပ်နေကြောင်း ကျောက်မဲမြို့လူမှုကူညီရေးအသင်းဥက္ကဋ္ဌဦးတင်မောင်းသိန်းက ပြောသည်။
နမ့်ဆန်မြို့အနီးတွင် မြန်မာ့တပ်မတော်နှင့် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့အချို့ စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေစဉ်မှာပင် မျှော်လင့်မထားဘဲ အဆိုးရွားဆုံး မီးဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ကယ်ဆယ်ရေးလုပ်ငန်းသွားရောက်လုပ်ကိုင်သူများပင် လက်နက်ကိုင်အဖွဲ့များကြား ကြားညပ်မည်စိုးသောကြောင့် သ တိထားနေရကြောင်း ဒေသခံအ ချို့ကပြောသည်။
‘‘အခုမြန်မာ့တပ်မတော်က လုံခြုံရေးယူထားတယ်။ ဒါပေမဲ့ ဒီဘက်ဒေသတွေမှာက နဂိုက တည်းကမငြိမ်းချမ်းတော့ ကျွန် တော်တို့လည်း နေရတာစိုးရိမ် တယ်။ ဒါကြောင့်ခပ်မြန်မြန်ပြန် လာခဲ့လိုက်ရတာ။ အကူအညီ တွေကတော့ အများကြီးလိုနေ တာ’’ဟု ဖေဖော်ဝါရီ ၅ ရက် နံနက်အစောပိုင်းက နမ့်ဆန်မြို့ မီးဘေးသို့ ကယ်ဆယ်ရေးပစ္စည်း အချို့ လှူဒါန်းခဲ့သူလားရှိုးမြို့ဒေသခံက ပြောသည်။
တောင်ပေါ်မြို့လေး၏ အဓိ က စီးပွားရေးလုပ်ငန်းမှာ လက်ဖက်စိုက်ပျိုးခြင်းဖြစ်သည်။ တောင် ကြားတွင် မြို့ပေါ်လမ်းတစ်လမ်း တည်းသာရှိသည့် အနေအထား၌ တစ်အိမ်နှင့်တစ်အိမ် နီးနီးကပ် ကပ်ဆောက်ထားသည့် အိမ်များ ဆက်တိုက်ဆိုသလို မီးကူးစက်ခဲ့ ခြင်းဖြစ်သည်။ ထို့ပြင် မြို့တွင်ရေရှားပါးသည့်အတွက် မီးငြှိမ်းသတ်ရန် ခက်ခဲခဲ့သည်။ ထို့ကြောင့်မန္တလေးမြို့မှ မီးသတ်ကားအချို့ပင် ကူညီငြှိမ်းသတ်ရန်သွားရောက်ခဲ့သည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် သစ်ဝါးများကို ထင်းအဖြစ် အသုံးပြုခဲ့သော ကြောင့် ပတ်ဝန်းကျင်တောင်ကုန်း များမှာ တောင်ခေါင်းတုံးများသာ ဖြစ်နေပြီး အိမ်ပြန်ဆောက်ရန် သစ်ဝါးအခက်အခဲလည်းရှိနေ ကြောင်း မြို့မရပ်ကွက်နေ ဦးစိုင်း နန်က ပြောသည်။
ဦးစိုင်းနန်က‘‘၂၀၁၁ ခုနှစ် က မြို့မှာ မီးအကြီးအကျယ် လောင်ဖူးတယ်။ အဲဒီတုန်းက အိမ် ၅၀ ကျော် မီးထဲပါသွားတာ။ ဒါ တောင်ပုံမှန်အခြေအနေဖြစ်ဖို့အ တော်ပြန်လုပ်ယူရတယ်။ အခုက တော့ ကျွန်တော့်ဘ၀မှာ အဆိုးဆုံး ပဲ’’ဟု ပြောသည်။
မီးလောင်ရသည့် အကြောင်း ရင်းကို အစိုးရက သတင်းအတိအ ကျမထုတ်ပြန်နိုင်သေးပေ။ ဒေသ ခံများကမူ မင်္ဂလာရပ်ကွက်နေ အိမ်တစ်အိမ်မှ မူးယစ်ဆေးသုံးစွဲ သူတစ်ဦးဆေးရှူရန် ဖယောင်း တိုင်မီးသုံးရာမှ ဖယောင်းတိုင်မီးမှတစ်ဆင့် နေအိမ်အား စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်းပြောသည်။
နမ့်ဆန်မြို့ မီးဘေးကို အစိုး ရက အာရုံစိုက်ခဲ့ပြီး နိုင်ငံတော် သမ္မတရော တပ်မတော်ကပါ ကယ်ဆယ်ရေးလုပ်ငန်းများ အဆောတလျင် ပြုလုပ်ပေးခဲ့သည်။နိုင်ငံတော်သမ္မတက မီးလောင်ပြီး နာရီပိုင်းအတွင်း မြို့သို့လိုက်သွား ခဲ့ပြီး အစိုးရကဆန်အိတ်တစ် ထောင်မီးဘေးသင့်အိမ်ထောင်စု တစ်စုလျှင် ကျပ်သုံးသိန်းနှင့် တက္ကသိုလ်ဝင်တန်းကျောင်းသား တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်း ထောက်ပံ့ကာ ကိုယ်တိုင်အားပေး ခဲ့သည်။ တပ်မတော်ကလည်း ဖေဖော်ဝါရီ ၅ ရက် နံနက်အစော ပိုင်းမှာပင် တပ်မတော်ရဟတ် ယာဉ်များ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်များဖြင့် ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက်ပေးပို့ခဲ့ သည်။ ဒေသတွင်း လူမှုရေးအဖွဲ့ အစည်းများက နမ့်ဆန်မြို့ပြန် လည်ထူထောင်ရေးအတွက် ရေ ရှည်စီမံကိန်းများ ပြုလုပ်ပေးသင့် ကြောင်း အစိုးရအား သတင်း စကားပါးသည်။
နမ့်ဆန်မြို့သို့ ကယ်ဆယ် ရေးပစ္စည်းအချို့သွားရောက်လှူ ဒါန်းခဲ့သည့် မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌဦး သောင်းထွန်းက ‘‘အိမ်မီးထဲပါ သွားပြီးဘာမှမရလိုက်တဲ့အမျိုး သားကြီးက မျက်ရည်တွေကျနေ တယ်။ မီးလောင်ပြင်မှာ ဘာမှမရ လိုက်သူတွေရဲ့ မျက်ရည်တွေအ များကြီးတွေ့ခဲ့ရတယ်။ ကယ် ဆယ်ရေးအတွက် ရေရှည်စီမံ ကိန်းနဲ့လုပ်မှရမယ်ထင်တယ်’’ဟု ပြောသည်။
နမ့်ဆန်နှင့် လပွတ္တာမီးဘေးများအတွက် ပြည်သူများက လှူဒါန်းနိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရုံး သက်ဆိုင်ရာမြို့နယ်မှ ဌာနခွဲများသို့ ဆက်သွယ်ရန် လိပ်စာကို အစိုးရက ဖေဖော်ဝါရီ ၅ရက်တွင်ပင် ထုတ်ပြန်ပေးခဲ့သည်။ ပြည်နယ်နှင့်တိုင်းမှ သက် ဆိုင်ရာရုံးဖုန်းနံပါတ်များကို နိုင်ငံပိုင်ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများတွင် ကြည့်ရှုနိုင်ပြီးနေပြည်တော်ရှိအမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ညွှန်ကြားရေးမှူးချုပ်ရုံး ဖုန်း ၀၆၇-၄၀၄၀၅၀၊ ၀၆၇-၈၆၀၀၀၂၅၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံး ၀၆၇-၄၀၄၀၄၈၊ ၀၆၇-၈၆၀၁၁၆၅ စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ကြေညာထားသည်။
၅၉(စ)ဆိုင်းငံ့လျှင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံမည်ဟု ဖေ့စ်ဘွတ်ခ်တွင် ခြိမ်းခြောက်သူကို အရေးယူနိုင်ရန် ပြင်ဆင်
၅၉(စ)ဆိုင်းငံ့လိုက်ပါ က ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံမည်ဟု ဖေ့စ်ဘွတ်ခ်တွင် ရေးသားသူကို အရေးယူနိုင်ရန် ဥပဒေပညာရှင်များနှင့် တိုင်ပင် နေပြီး ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေးကိုလည်း အထူး သတိထားနေကြောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရန် လွှတ်တော် တွင် ပုဒ်မ ၅၉(စ)ကို ဆိုင်းငံ့ထား မည့် အရေးကြီးအဆိုတင်သွင်း မည်ဟု သတင်းများထွက်ပေါ် နေချိန်၌ ရဲလွင်မြင့်(Ye Lwin Myint)အမည်ဖြင့် ဖေ့စ်ဘွတ်ခ် အသုံးပြုသူတစ်ဦးက ‘‘ဖွ မဆိုစကောင်း ၅၉ (စ)ကြီး ဆိုင်းငံ့လိုက်တယ်ဆိုပါစို့။ AWM ဒါမှမဟုတ် AS 50 တစ်လက်လောက်ရယ် လေ့ကျင့်ချိန် တစ်လလောက်ရယ်ပဲပေးပါ။ သေအောင်သတ်ပေးပါ့မယ်။(အတည်ပြောတာပါ)’’ဟု ရေးသားခဲ့ခြင်းဖြစ်သည်။
Run ကနေတဆင့် သွားလို.ရတဲနေရာတွေကို ပြောပြမယ်နော်
Run ကနေတဆင့် သွားလို.ရတဲနေရာတွေကို ပြောပြမယ်။ Run box ထဲမှာ ရိုက်ထည့်ပြီး OK လို.ပြောရမှာနော်။
၁။ Run ထဲမှာ timedate.cpl ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက ကွန်ပြူတာရဲ့
အချိန်တွေ၊ ရက်စွဲတွေပြင်လို.ရတဲ့ နေရာကို သွားတာ။
၂။ နောက်တစ်ခုက control ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက control panel
ထဲကိုသွားတာ။
၃။ Notepad ထဲကိုသွားချင်ရင် notepad လို.ပဲရိုက်လိုက်ရင် ရပြီ။
၎။ Wordpad ထဲသွားချင်ရင်လည်း အဲဒီအတိုင်း wordpad လို.ရိုက်ပြီး Enter ခေါက်။
၅။ winword ဆိုပြီး Enter ခေါက်ရင် Microsoft word ကိုရောက်သွားလိမ့်မယ်။
၆။ Excel ဆိုပြီး Enter ခေါက်ရင် Microsoft Excel ကိုရောက်သွားလိမ့်မယ်။
၇။ powerpnt ဆိုတာက ပါဝါပွိုင့် ကို။
၈။ photoshop ဆိုတာက Adobe Photo shop ကိုသွားတာ။
၉။ calc ဆိုတာက ဂဏန်းပေါင်းစက်
၁၀။ cmd ဆိုတာက Command Box
၁၁။ charmap ဆိုတာက ကာရိုက်တာ Map ကို
၁၂။ cleanmgr က Disk ကို သန်.ရှင်းတာ
၁၃။ dfrg.msc ဆိုတာက ဖိုင်တွေကို စနစ်တကျ ပြန်စီပေးတာ။ အဲဒီလိုပြန်စီလိုက်ရင်
ကွန်ပြူတာသုံးရတာ နဲနဲတော့ ပိုမြန်သွားတယ်။
Defragment Run ရင်အချိန်နဲနဲတော့ ပေးရတယ်။ အဲဒီလို Run ထားရင်လည်း
ကွန်ပြူတာကို ဘာမှမသုံးတာ အကောင်းဆုံးပဲ။
၁၄။ Disk ကို manage လုပ်မယ်ဆိုရင် diskmgmt.msc ဆိုပြီးရိုက်။
၁၅။ ntbackup ဆိုတာက data တွေ system state တွေကို backup လုပ်ဖို.။
၁၆။ sndrec32 ဆိုတာက ကွန်ပြူတာနဲ အသံ ဖမ်းဖို.
၁၇။ Run box ထဲမှာ c: ဆိုပြီးရိုက်ရင် c Drive ကို ရောက်သွားမယ်။ d: ဆိုပြီး
Enter ခေါက်ရင် D Drive အောက်ကို ရောက်သွားမယ်။
၁၈။ Add or Remove Programs ကို သွားချင်ရင် appwiz.cpl ဆိုပြီးရိုက်။
၁၉။ Device Manager ကို သွားချင်ရင်တော့ devmgmt.msc လို.ရိုက်။
၂၀။ ကွန်ပြူတာ User အသစ်တွေ ဖွဲ.ချင်ရင် nusrmgr.msc လို.ရိုက်။
Windows ရဲ့  Message Text လေးကို Colour လေးတွေပြောင်းသုံးကြည့်၇အောင်
ဒီနေ့တော့ကွန်ပျူတာကိုပုံစံလှလှလေးနဲ့သုံးလို့၇မဲ့နည်းလေးပြောပြပေးမယ်
ဗျာ.။Windows ၇ဲ့ Message Text တွေကို Colour လေးတွေပြောင်းပြီးသုံးကြည့်၇အောင်ဗျာ..။ဘာပြောပြော
အ၇င်ထက်တော့ပိုပြီးကြည့်ကောင်းသွားတာတွေ့ ၇လိမ့်မယ်ဗျာ..။ဘယ်လိုလုပ်၇မယ်ဆိုတာတော့အောက်က
ပုံလေးတွေမှာအသေးစိတ်ပြောပြပေးထားတယ်ဗျာ.။
ဗျာ.။Windows ၇ဲ့ Message Text တွေကို Colour လေးတွေပြောင်းပြီးသုံးကြည့်၇အောင်ဗျာ..။ဘာပြောပြော
အ၇င်ထက်တော့ပိုပြီးကြည့်ကောင်းသွားတာတွေ့ ၇လိမ့်မယ်ဗျာ..။ဘယ်လိုလုပ်၇မယ်ဆိုတာတော့အောက်က
ပုံလေးတွေမှာအသေးစိတ်ပြောပြပေးထားတယ်ဗျာ.။
နေမင်းမောင် (နည်းပညာပြန်လည်မျှဝေခြင်း) မှကူးယူဖေါ်ပြပါသည်။
ကွန်ပျူတာမှာ Android APK Logo တွေ ကြည့်လို့ရတဲ့ ဆော့ဝဲလ်
ပုံမှန်အတိုင်းဆိုရင် ကျွန်တော်တို့ ကွန်ပျူတာမှာ Android Apps APK ဖိုင်တွေကို ဒေါင်းလုပ်ချပြီး
ပြန်ကြည့်မယ်ဆိုရင် ဖိုင်အဖြူရောင်လေးတွေပဲ မြင်ရပါတယ်။ ဖိုင်နာမည်တွေကလည်း တစ်ချို့က
ပြောင်းရေးထားကြတော့ ဘယ် ဆော့ဝဲလ်က ဘယ်ဟာမှန်းမသိ ဖြစ်တတ်ကြပါတယ်..အဲဒီတော့
ကိုယ့် ကွန်ပျူတာမှာ Android APK Logo တွေ ကြည့်လို့ရဖို့အတွက် အောက်ပါဆော့ဝဲလ်လေးကို
Install လုပ်ထားဖို့ လိုအပ်ပါတယ်။ ဆော့ဝဲလ်ကတော့ အင်္ဂလိပ်လိုတော့ မဟုတ်ဘူးဗျ..
ဂျပန်စာလား တရုတ်စာလားတော့ မသိဘူး။ သူပေါ်လာပေးတဲ့အတိုင်းသာ လိုက်လုပ်ပေးလိုက်ပါ။
ပြီးရင် ကိုယ်ဒေါင်းထားတဲ့ apk ဖိုင်တွေကို ဖွင့်ကြည့်မယ်ဆိုရင် အပေါ်ကပုံလေးလို မြင်ရပါတယ်။
သူငယ်ချင်းတို့ သဘောကျတယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်။
Download: ANDROID APK LOGO
ပေးအပ်သည့်တာဝန်ကို လစာမယူဘဲ လုပ်မည်ဟု ဦးရွှေမန်းပြော
ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်လိုက်တာကို လက်ခံကြောင်းနဲ့ လစာမယူဘဲ လုပ်ဆောင်သွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်ရဲ့အတည်ပြုချက်ရယူပြီး တာဝန်ပေးကမ်းလှမ်းခဲ့တဲ့အပေါ် ဦးရွှေမန်းက သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာက အခုလို ပြောကြားလိုက်ပါတယ်။
ဒီနေ့ နေ့လယ် ၁ နာရီအချိန်က ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လွှတ်တော်ဝန်းအတွင်းရှိ I-1 အဆောက်အဦမှာ ကျင်းပပြုလုပ်ခဲ့ရာ သူရဦးရွှေမန်း တက်ရောက်ခဲ့ပါတယ်။
ဒုတိယဥက္ကဋ္ဌနေရာကိုတော့ ရမည်းသင်းမဲဆန္ဒနယ်က ဦးကိုကိုနိုင်ကို တာဝန်ပေးအပ်လိုက်တာပါ။
ဒီကော်မရှင်ဟာ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းလည်းဖြစ်ပါတယ်။
အဲ့ဒီကော်မရှင်ရဲ့တာဝန်တွေကတော့ တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဋ္ဌာန်းနိုင်ရေးတို့ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကတဆင့် လွှတ်တော်သို့ တင်ပြရခြင်း၊ အထူးကိစ္စရပ်များပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့်ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ပြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ အစီရင်ခံ တင်ပြရခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ် ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ရခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များ အတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေသတ်မှတ် ဆောင်ရွက်ရခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ်တောင်းခံသည့်အခါ ကော်မရှင်အနေဖြင့် အကြံဉာဏ် ပေးရခြင်းတို့ကိုဆောင်ရွက်ရမှာဖြစ်ပါတယ်။
အခွန်ထမ်းတွေပဲ ကားဝယ်နိုင်မယ့် စနစ်သစ်ကြောင့် ကားဈေးအခြေအနေ ဘာဖြစ်သွားနိုင်လဲ
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ။ ။ ပြည်တွင်းကားဈေးကွက်ထဲမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့တော့ ရှိလာနေပါပြီ၊ လာမယ့် ၂၀၁၆ခုနှစ်ကနေစပြီး ဘယ်မောင်း မော်တော်ယာဉ်တွေကိုပဲ တင်သွင်းဖို့ရှိလာတဲ့ မူဝါဒကြောင့် ပြည်တွင်းကားဈေးနှုန်းတွေ ပြန်ပြီးမြင့်တက်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဒီလိုမော်တော်ယာဉ်ဈေးကွက် အပြောင်းအလဲနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းနဲ့ မဇ္ဈိမသတင်းထောက် ရှုမ၀အောင်က 7 Minitues အစီအစဉ်ကနေ ဆွေးနွေးထားပါတယ်ရှင်။
မေး - အခုအရင်ဦးဆုံး ၂၀၁၆ ခုနှစ်မှာ ကားတင်သွင်းဖို့ စည်းမျဉ်း စည်းကမ်းတွေကို အပြီးသတ် သတ်မှတ်ပေးပြီး ပြီလို့ ကျွန်မတို့ ကြားတယ်ရှင့်။ အဲဒီအထဲမှာလည်း မော်တော်ယာဉ် တင်သွင်းတဲ့ သူတွေ အနေနဲ့ အခွန်ဆောင်ပြီးတဲ့ ၂၀၁၄/၂၀၁၆ မော်ဒယ်တွေကို အိမ်စီးကား၊ ခရီးသည်တင်ကား၊ ကုန်တင်ယာဉ်တွေကို ဘယ်မောင်း သီးသန့် တင်သွင်းခွင့်နဲ့ ပြုထားတယ်လို့လည်း ကြားတယ်ရှင့်။ အဲ့အပေါ် ဒေါက်တာ စိုးထွန်းက စီးပွားရေးလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍကနေပြီးတော့ ဆွေးနွေးပေးပါအုံး ရှင်။
ဖြေ - ဟုတ်ကဲ့ပါ။ ခုကတော့ တရားဝင်အနေနဲ့ ကြေညာချက်ကတော့ ထွက်မလားသေးဘူးပေါ့နော်။ သို့သော်လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန အနေနဲ့ နိုင်ငံတော် သမ္မရုံးကို တင်ထားတယ်ဆိုပြီး ပြောတဲ့အရာပေါ့နော်။ ဒါကတော့ ကျွန်တော်လက်ရှိ တစ်ဦးချင်း တင်သွင်းခဲ့တဲ့ Permit ပေါ့နော်။ Free Permit လို့ အလွယ်တကူခေါ်ကြတာပေါ့။ အရင်တုန်းကတော့ ၂၀၁၀ ခုနှစ် အထက် လူးစီးကားရယ်။ နောက် ၂၀၁၄ ခုနှစ်အထက် Truck ကား၊ နောက်တစ်ခါ Mini Truck လို့ခေါ်တဲ့ Suzuki ကယ်ရီတို့ Hijet လို့ ကားမျိုးရယ်။ နောက် ဆယ်ယောက်အထက်စီး Mini Bus တွေကို လွတ်လပ်စွာ တင်သွင်းခွင့် ပြုထားတယ်။ ခုကတော့ လာမယ့် ဥပဒေသစ်မှာတော့ ခုနကပြောတဲ့ Free Permit တင်ချင်တဲ့သူတွေက ၂၀၁၄/၂၀၁၆ ဘယ်မောင်းကိုပဲ တင်သွင်းခွင့် ပြုတယ်။ နောက်အခါ ကျွန်တော်တို့ အနေနဲ့ Truck ကားနဲ့ Bus ကားကတော့ သူက ဘယ်မောင်းပဲ တင်သွင်းခွင့် ပြုထားတဲ့ အတွက်ကြောင့်မို့လို့ လက်ရှိအနေထားမှာ ပိုပြီးတော့ ကားအသေးတွေက ဈေးတက်လာမယ့် အနေထားတော့ မြင်ပါတယ်။
နောက်တစ်ချက် မနေ့က ထပ်ထွက်တဲ့ အထဲမှာ ဘာပါလဲဆိုရင် Free Permit ဆိုတာ သူက အခွန်ဆောင်ပြီးသားလူပဲ လျောက်လို့ ရမယ်ပေါ့နော်။ အရင်တုန်းကတော့ အခွန်မဆောင်လည်း ဘယ်သူပဲ ဖြစ်ဖြစ် လျောက်လို့ရတယ်ပေါ့နော်။ သာမန်လူ ၁၈နှစ်ပြည့်ရင် မှတ်ပုံတင်ရှိရင် လျောက်လို့ရတဲ့ ပုံစံကနေမှ ခုက နိုင်ငံတော်ကို အခွန်ငွေ ပေးသွင်းတဲ့သူပဲ ကားပါမစ်လျောက်ခွင့်ရှိမယ့် အနေထား ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပြောရမယ်ဆိုရင်တော့ လာမယ့် ၂၀၁၆ ကားဈေးကွက် အနေထားမှာ ဒီထက် ၂၀၁၅ ထက်စာရင်တော့ ဈေးပိုပြီး တန်လာမယ့် အနေထားလို့ မြင်ပါတယ်။ နောက် ကျွန်တော်က အားလုံး ဘယ်မောင်းကြီးပဲ တင်သွင်းလားဆိုတော့ မဟုတ်ပါဘူး။ သူက ယာဉ်အို၊ ယာဉ်ဟောင်း စီစဉ်တော့ ရှိသေးပါတယ်။ ဒါတော့ ကျွန်တော်တို့က အရင်တုန်းက ၂၀၀၃ခုနှစ် အထက် တင်သွင်းခွင့်ပြုပေမယ့် ခုက ၂၀၀၆ ခုနှစ်ကနေ ဒီ၂၀၁၃ ခုနှစ်အထိကို ယာဉ်အို၊ ယာဉ်ဟောင်းနဲ့ တင်သွင်းခွင့် ပြုထားပါတယ်။ ဒါကတော့ ဘယ်မောင်းကော ညာမောင်းကော တင်သွင်းခွင့် ရတဲ့ အတွက်ကြောင့်မို့လို့ ဒီအစီစဉ်ကတော့ ရှိသေးတဲ့ အနေထားရှိပါတယ်။ ဘယ်လိုပဲပြောပြော ချုံပြီး သုံးသပ်မယ်ဆိုရင်တော့ ၂၀၁၆ ကားဈေးဟာ အတက်ဘက်ကို ကျွန်တော်တို့ မျှော်မှန်းပါတယ်။
မေး - ဟုတ်ကဲ့ပါရှင့် ဒီမော်တော်ယာဉ် တင်သွင်းတဲ့ သူတွေဘက်ကလဲ ဘယ်မောင်း စနစ်ကို တကယ် တင်သွင်းမယ်ဆိုရင် လမ်းစနစ်နဲ့တော့ လိုက်လျော ညီထွေမှု ရှိတယ်။ ဒါပေမယ့်လည်း အခွန်ခတွေ တင်သွင်းတဲ့ ပုံစံတွေ ပြောင်းလဲသင့်တယ်လို့ ပြောနေကြတာတွေလည်း ရှိတယ်ရှင့်။ ဒေါက်တာ စိုးထွန်းရဲ့ တစ်ဦးချင်း အမြင်လေးကို ပြောပြပါလား။
ဖြေ - လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ ကျင့်သုံးတာက ဒီညာကပ်မောင်း စနစ်ကိုသွားတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးကလည်း ကိုယ့်ကြိုက်နှစ်သက်တဲ့ ကားတွေက ဂျပန်နိုင်ငံထုတ်ကားဖြစ်တယ်။ ဂျပန်နိုင်ငံမှာကျတော့ ဘယ်ကပ်မောင်း စနစ်ဆိုတဲ့အခါကျတော့ ယာဉ်ကျောစနစ်အရ ညာကပ်မောင်း စနစ်ဆိုပေမယ့် ဘယ်မောင်း မဖြစ်ဘဲ ညာ မောင်းဖြစ်နေတာပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့မှာရှိတဲ့ ကားတွေရဲ့ ၉၉ ရာခိုင်နှုန်းလောက်က ဂျပန်မှာ အသုံးပြုထားတဲ့ ကားတွေ ဖြစ်နေတယ်ပေါ့နော်။ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အပြောင်းအလဲမှာတော့ ရုတ်တရက် အစွဲတစ်ခု ပြောင်းလဲရမှာတော့ ခက်တာပေါ့။ လက်ရှိကတော့ ဂျပန်ကားဟောင်း တင်သွင်းရင်းကနေမှ ဘယ်မောင်းကို ဖြစ်သွားတဲ့ အနေထား ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဘယ်မောင်းဆိုတာ Band New ဂျပန်ကား သို့မဟုတ် Europe ကား ဒါတွေ သို့မဟုတ်လည်း ကိုရီးယားကား၊ တရုတ်ကား ဒါမျိုးတွေကို တင်သွင်းရမယ့် အနေထား ဖြစ်သွားတယ်။ ပြောင်းလဲအနေထားကျတော့ လူအများစုက နည်းနည်းလေး အသံထွက်တာပေါ့နော်။ ဘယ်လိုပဲပြောပြော အပြောင်းလဲတစ်ခု ဖြစ်လာပြီဆို သိပ်တော့ မကြိုက်ကြဘူး ပေါ့နော်။ သို့သော်လည်းပဲ မဖြစ်မနေပြောင်းလဲရမယ်။ ဥပဒေအရ အခြေခံပြီးတော့ မော်တော်ယာဉ် ဥပဒေကို စက်တင်ဘာလက ပြဋ္ဌာန်းထားတဲ့ အတွက်ကြောင့်မို့လို့ ဥပဒေကို အခြေခံတဲ့အတွက်ကြောင့်မို့ ရုတ်တရက် ပြန်ပြောင်းဖို့ မလွယ်ပါဘူး။ အရင်တုန်းကတော့ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနရဲ့ အမိန့်ကြေငြာစာဆိုပြီး ပြောင်းလို့ လွယ်ပါတယ်။ ခုက ဥပဒေတစ်ခု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြောင်းချင်တယ်ဆိုရင်တောင် လွှတ်တော်ကို တင်ပြပြီး ပြောင်းရမယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ လောလောဆယ်တော့ မူဝါဒအရ ရုတ်ချည်း ပြန်ပြောင်းဖို့တော့ ခက်တယ်။ အဲတော့ ချက်ချင်းကြီး အနေထားမှာတော့ အထူးသဖြင့် တစ်နိုင်တစ်ပိုင် တင်သွင်းရောင်းချတဲ့သူတွေကတော့ သူတို့အတွက် ပြန်လည်တင်သွင်း ရောင်းချဖို့ ခက်တယ်။ သူတို့က လက်ရှိအနေထားမှာတော့ ပြည်တွင်းမှာ ရှိတဲ့ လက်ရှိထားပြီးသား Used ကားတွေကိုပဲ ပြန်လည် ရောင်းချမယ့် အနေထားရှိလာတယ်။ တစ်ဖြေးဖြေးနဲ့ သွားရင်တော့ သူတို့ရဲ့ ရည်ရွယ်ချက်က လာမယ့် ၂၀၁၈ဆိုရင်တော့ လုံးဝ ဘယ်မောင်းကို သွားမယ့် အနေထားတော့ ရှိပါတယ်။ တစ်ဖြေးဖြေးနဲ့ ညာမောင်း စီးရေလည်း ပြည်တွင်းမှာသုံးစွဲမှုကို လျော့ချသွားမယ့် အနေထားလို့ ကျွန်တော် မြင်ပါတယ်။
မေး - ခုနက ဒေါက်တာ စိုးထွန်း ပြောသွားတဲ့အထဲမှာ ကားဈေးတွေ ပြန်မြင့်လာနိုင်တယ်လို့လည်း ပြောသွားတာ ရှိတယ်လေ။ ဒီကားဈေးနှုန်းတွေ ပြန်မြင့်တက်လာတယ်ဆိုတော့ အရင်တုန်းကဆိုရင် ကားဘက်မှာ ရင်းနှီးမြှုပ်နှံမှု များကြီး ရှိခဲ့တယ်ကြီး ရှိခဲ့တယ်လေ။ အဲဒီအခြေနေမျိုးကော ပြန်ရောက်သွားနိုင်လား စီးပွားရေးအရ ဘယ်လို ပြောင်းလဲများ ဖြစ်သွားနိုင်လဲ ရှင့်။
ဖြေ - ဒါတော့လည်း ကားဈေးတက်မယ်ဆိုတော့ အများကြီးတက်မလားဆိုတော့ ကျွန်တော်တို့ ပုဂ္ဂလိက အမြင်နဲ့ ပြောရင် သိပ်ပြီး မတက်တော့ပါဘူး။ အရင်ခေတ် တပ်မတော်အစိုးရ ခေတ်တုန်းကလို ကားတစ်စီး နှစ်ဆ သုံးဆ တက်မယ့် ခေတ်တော့ မဟုတ်တော့ဘူး။ ဘာလို့ မဟုတ်တော့လည်း ဆိုရင် တစ်ဖက်မှာ ကျွန်တော်တို့ ဆီမှာလည်း ခုကန Brand New ကား Show Room ရှိနေတာ တစ်ကြောင်းရယ်။ ဒုတိယ အချက်က ကိုယ့်တိုင်းပြည်မှာ ကားထုတ်တဲ့ စက်ရုံရှိနေတာ တစ်ကြောင်းရယ်။ ဥပမာ Suzuki တို့ဆို ကိုယ့်တိုင်းပြည်မှာ ထုတ်နေပြီ။ နောက်တစ်ချက်က အခြား ကားထုတ်လုပ်ဖို့လည်း လုပ်ကိုင်ဖို့ တာဆူနေတဲ့ ကုမ္ပဏီတွေ ရှိတယ်။ ခုလက်ရှိအနေထားမှာ ပြည်တွင်းမှာ ညာမောင်း Used (အသုံးပြုပြီး) ကားတွေ တင်သွင်းခွင့်ပြုတဲ့ အတွက်ကြောင့်မို့လို့ ပြည်တွင်းမှာ ကားထုတ်လုပ်မယ့် ကုမ္ပဏီတွေက စောင့်ကြည့်နေတဲ့ အနေထားမှာ ရှိတယ်။ အဲတော့ တကယ်လို့ စနစ်ပြောင်းသွားပြီ သေချာသွားပြီဆိုရင် သူတို့က ကားထုတ်လာမယ်။ လက်ရှိလောလောဆယ် အနေထားကလဲ ဒီ Suzuki ဆိုတာ ရှိတဲ့ အတွက်ကြောင့်မို့လို့ သူကလဲ ကားတစ်မျိုး၊ Pickup တစ်မျိုး၊ အိမ်စီးကားတစ်မျိုး ထုတ်နေတဲ့ တွက်ကြောင့်မို့လို့ ကားကြီးက ဈေးတွေတအားကြီး ကျော်လွန်ပြီး တက်သွားမယ်လို့ ကျွန်တော်တို့ မမြင်ပါဘူး။ အရင်ခေတ် အနေထားရောက်ဖို့တော့ ကျွန်တော်တို့ ခက်ပါတယ်။ ကျွန်တော်တို့မှာ လက်ကျန်အနေထား ကားစီးရေ လေးငါးသောင်းရှိပါတယ်။ ဒါအပြင်က ပွဲစားတွေ ဝယ်ရောင်းတွေ သူတို့ကလည်း ကားဈေးတက်မယ်ဆိုတဲ့ အခါကျတော့ Free Permit personal Permit ကုမ္ပဏီ Permit နည်းမျိုးစုံနဲ့ ကတော့ အနည်းဆုံး သုံးလေးသောင်း ရှိတော့ နောက် တစ်နှစ်လောက်တော့ ဒီ Stock က လက်ကျန်ရှိနေမယ်ဆိုတော့ ကျွန်တော်တို့ မြင်တာကတော့ ရုတ်တရက် အများကြီး စွဲတက်ဖို့ မရှိပါဘူး။ သို့သော်လည်းပဲ ရာခိုင်နှုန်း တစ်ခုက တက်လာမှာပေါ့နော်။ အများကြီး တက်လာမယ်လို့ မမြင်ပါဘူး။
တပ်မတော်သင်တန်းသား အချင်းချင်းအနိုင်ကျင့်မှု စိစစ်အရေးယူသင့်ဟု နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးပြော
ရန်ကုန်၊ဖေဖော်ဝါရီ ၄ ။ ။ တပ်မတော်သားသင်တန်းသားအချင်းချင်း အနိုင်ကျင်မှုကို စိစစ်အရေးယူသင့်သည်ဟု နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကပြောသည်။
ယင်းဗီဒီယိုဖိုင်တွင်ပါသည့် ပခုံးတံဆိပ်များကြည့်ခြင်းအားဖြင့် ဗိုလ်လောင်းသင်တန်းမဟုတ်ကြောင်း၊အခြားသင်တန်းမှာလည်း ယင်းကဲ့သို့ အစဉ်လာများရှိမရှိကို တပ်မတော်ပိုင်းကစိစစ်ရမည်ဖြစ်ကြောင်း၊ အမေရိကန် ၀က်စ်ပွိုင့်စစ်တက္ကသိုလ်မှာလည်း brainwash လုပ်ခြင်းမျိုး ကိုယ်ခန္ဓာကြံ့ခိုင်ရေး လေ့ကျင့်ခန်းဖြစ်သည့် ထုပ်တန်းကိုမေ့စေ့ဖြင့် ချီပြီးတွဲလောင်းခိုခိုင်းထားသည်များရှိကြောင်း သို့ရာတွင် ရည်ရွယ်ချက်နှင့် ဦးတည်ချက်က သင်တန်းပြီးဆုံးပါက ထမ်းဆောင်ရမည့် တာဝန်နှင့် လိုက်လျောညီထွေ သည့်လေ့ကျင့်ခန်းကိုပေးရကြောင်း ၎င်းကဆိုသည်။
“ လူတစ်ယောက်ကိုခြေထောက်နဲ့ကန်တဲ့ ဟာက နည်းနည်းတော့ မေးခွန်းထုတ်စရာရှိလာတယ်ပေါ့။ နောက်ကို မျက်နှာကို ထိုးတယ်။ ပါးရိုက်တယ်ဆိုတာတွေက ကျွန်တော်တို့ ဗိုလ်လောင်းတောက်လျှောက် လေ့ကျင့်မှုမှာတော့ မကြုံဖူးဘူး။ ဘယ်လောက်ပဲ စီနီယာကျကျ အောက်က ဂျုနီယာကို ခြေထောက်နဲ့ ကန်တယ်ဆိုတာလဲ ရှားပါးပေါ့။ အဲလိုပြောလို့ရတယ်။ အခုဒီဗွီဒီယို ဖိုင်အရ ပေါ်လာတဲ့ ဇစ်မြစ်ပေါ့။ ဘယ်လောက်အထိ ဘယ်ကနေ ပေါ်လာသလဲဆိုတာ တပ်ကနေ ပြန်စိစစ်သင့်တယ်။ ဒါတပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်တယ်။ ပြန်စိစစ်ပြီး ဖော်ထုတ်သင့်တယ်”ဟု ၎င်းက ပြောသည်။
ထိုးကြိတ်ခြင်းကိုတရားဝင် ခွင့်ပြုထားခြင်းမရှိသော်လည်း ယောက်ျားများစုဝေးနေသည့်နေရာဖြစ်သည့်အတွက် ခပ်ကြမ်းကြမ်း ထိုးကြိတ်အပြစ်ပေးသည့် အလေ့အထရှိကြောင်း၊ ကျန်သည့်စစ်ကျောင်းများ အကြောင်းအများကြီးမသိသော်လည်း အတူတူပင်ဖြစ်ဖို့များကြောင်း စစ်ထောက်လှမ်းရေးဟောင်းဖြစ်သည့် အပြင် Myanmar Review ဂျာနယ်၏ အယ်ဒီတာ ဗိုလ်ကြီးဟောင်းရဲမိုးက သူ၏ဖေ့ဘုတ်စာ မျက်နှာတွင် ရေးသားထားသည်။
ထိုးကြိတ်ခြင်းကိုတရားဝင် ခွင့်ပြုထားခြင်းမရှိသော်လည်း ယောက်ျားများစုဝေးနေသည့်နေရာဖြစ်သည့်အတွက် ခပ်ကြမ်းကြမ်း ထိုးကြိတ်အပြစ်ပေးသည့် အလေ့အထရှိကြောင်း၊ ကျန်သည့်စစ်ကျောင်းများ အကြောင်းအများကြီးမသိသော်လည်း အတူတူပင်ဖြစ်ဖို့များကြောင်း စစ်ထောက်လှမ်းရေးဟောင်းဖြစ်သည့် အပြင် Myanmar Review ဂျာနယ်၏ အယ်ဒီတာ ဗိုလ်ကြီးဟောင်းရဲမိုးက သူ၏ဖေ့ဘုတ်စာ မျက်နှာတွင် ရေးသားထားသည်။
"ကျွန်တော်တို့  စစ်တက္ကသိုလ်မှာတော့ မျက်နှာကို လုံးဝ မထိုးရ ...ခြေထောက် ဒူး နဲ့ လုံးဝ (လုံးဝ) မကန်ရ မဆဲရေးရ စတဲ့ အစဉ်အလာများ တိတိကျကျ ရှိပါတယ်အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ ဟိုပုန်းက တပ်မတော် နည်းပညာ သိပ္ပံ အပတ်စဉ် ၁၂ က အပတ်စဉ် ၁၃ ကို အပြစ်ပေးနေတဲ့ Movie ဖိုင်ဟာ စစ်သားတစ်ယောက် မျက်စိနဲ့ကြည့်ရင်တော့ ...သိပ်ထူးဆန်းတယ်လို့  မမြင်မိပါ သို့ သော် အပြစ်ပေးတဲ့ သဘောထက် ကျော်လွန်နေတာလေးတွေတော့ နှစ်ချက်လောက်တွေ့ရပါတယ်ပထမအချက်က ဒူးနဲ့တိုက်တာပါဒါဟာ စစ်သင်တန်းကျောင်းတစ်ခုက Senior - Junior system အနေနဲ့တော့ အပြစ်ပေးတဲ့ စည်းဘောင်ထက် ကျော်လွန်နေတဲ့ သဘောရှိပါတယ် ဒုတိယအချက်က အပြစ်ပေးနေပုံကို Movie ရိုက်ထားတာပါ ဒါဟာ အပြစ်ပေးတာနဲ့ ဘာမှမပတ်သက် အပြစ်ပေးခံရသူရဲ့ သိက္ခာကိုလဲ ထိခိုက်ကျဆင်းစေပါတယ်" ဟုဗိုလ်ကြီးဟောင်းရဲမိုးက ရေးသားထားသည်။
သင်တန်းအချင်းချင်းနိုင်ထက်စီးနင်းပြုလုပ်သည့် ဗီဒီယိုဖိုင်၃ဖိုင်ကို ဖေဖော်ဝါရီ ၃ရက်နေ့က Friends of Moemaka facebook စာမျက်နှာက နာရီပိုင်ခြားကာ လွှင့်တင်ခဲ့ပြီး like လုပ်သူတစ်သောင်းကျော်နှင့် Share လုပ်သူ ငါးသောင်းကျော်ရှိခဲ့သည်။
သင်တန်းအချင်းချင်းနိုင်ထက်စီးနင်းပြုလုပ်သည့် ဗီဒီယိုဖိုင်၃ဖိုင်ကို ဖေဖော်ဝါရီ ၃ရက်နေ့က Friends of Moemaka facebook စာမျက်နှာက နာရီပိုင်ခြားကာ လွှင့်တင်ခဲ့ပြီး like လုပ်သူတစ်သောင်းကျော်နှင့် Share လုပ်သူ ငါးသောင်းကျော်ရှိခဲ့သည်။
စစ်တပ်ကို ထိခိုက်သည့် အသုံးအနှုန်းများ မသုံးရန် NLDအမတ်ကို သူရဦးရွှေမန်း သတိပေး
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း(ဓာတ်ပုံ-မင်းမင်း/မဇ္ဈိမ)
နေပြည်တော်(ဇန်နဝါရီ ၁၅)။ ။ အစိုးရစစ်တပ်မှ တပ်မတော်အရာရှိကြီးများ၏ လူမှုစီးပွားဘဝ ပြည့်စုံနေသလောက် အောက်ခြေ တပ်မတော်သားတို့၏ဘဝမှာ ဆင်းရဲချို့တဲ့နေရသည်ဟု လွှတ်တော်တွင် ဆွေးနွေးသည့် NLDအမတ်ကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အဖွဲ့အစည်းတစ်ခုကို သိက္ခာကျစေသည့် အသုံးအနှုန်းမပြောရန် သတိပေးလိုက်သည်။
၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပွင့်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာအောင်မိုးညို၏ ဆွေးနွေးမှုကို ဇန်နဝါရီ ၁၅ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် သူရဦးရွှေမန်းက သတိပေးလိုက်ခြင်း ဖြစ်သည်။
“အထည်ချုပ်စက်ရုံလည်း မြန်မာ့စီးပွားရေးဦးပိုင်၊ လက်ပံတောင်းတောင်စီမံကိန်းလည်း မြန်မာ့စီးပွားရေးဦးပိုင်၊ ကြယ်ငါးပွင့်ပင်လယ်ကူးသင်္ဘောလိုင်းလည်း ဦးပိုင်၊ စသည်ဖြင့် ဦးပိုင် ပိုင်တာတွေများသော်လည်း အောက်ခြေတပ်မတော်သားများရဲ့ လူမှုစီးပွားဘဝကို ဘယ်လောက် အထောက်အကူပြုနေသလဲ ကျွန်တော်မသိပါဘူး။ ကျွန်တော့မဲဆန္ဒနယ်က တပ်မှာတော့ မသေရုံတစ်မယ် စားနေရပြီး အရှက်လုံရုံ ဝတ်ဆင်နေကြရပါတယ်။ ထင်းခွေစားတဲ့လူနဲ့၊ တောကြိုအုံကြား ကင်ပွန်းချဉ်ရွက် ခူးရောင်းတဲ့သူနဲ့ ဒီလို မဖြစ်သင့်ပါဘူး” ဟု ဒေါက်တာအောင်မိုးညိုက ဆွေးနွေးခဲ့သည်။
“အရာရှိကြီးများ အလျှံပယ် ပြည့်စုံနေသလောက် အောက်ခြေရဲဘော်တွေ ဆင်းရဲချို့တဲ့နေမယ်ဆိုရင် တပ်မတော်ရဲ့ ရည်မှန်းချက်” ဟု ဒေါက်တာအောင်မိုးညိုက ဆက်လက်၍ ဆွေးနွေးစဉ် သူရဦးရွှေမန်းက ကြားဖြတ်ပြီး “ဒီမှာ…ဘယ်အဖွဲ့အစည်း သို့မဟုတ်ရင် သိက္ခာကျစေတဲ့ အသုံးအနှုန်းတွေ မသုံးပါနဲ့။ နောက်ဆုံးအကြိမ် သတိပေးတာပါ” ဟု သတိပေးလိုက်ခြင်း ဖြစ်သည်။
၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများတွင် တပ်မတော်အနေဖြင့် လယ်ယာမြေသိမ်းဆည်းခံပြည်သူများ နစ်နာမှုမရှိရန် လျော်ကြေးပေး၍ အလေးထားဖြေရှင်းမည်ဟု ဖော်ပြထားသည်။
သို့သော် လယ်ယာမြေလျော်ကြေးများကို ကာလပေါက်ဈေးဖြင့် ပေးလျော်ရမည်ဟု သမ္မတဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့က ညွှန်ကြားထားသော်လည်း မကွေးတိုင်းတွင် သိမ်းဆည်းမြေ တစ်ဧကလျှင် ကျပ် ၆၀၀၀နှုန်းဖြင့်သာ လျော်ကြေးပေးသည်ဟု ဒေါက်တာအောင်မိုးညိုက လွှတ်တော်တွင် ပြောသည်။
“ကာလပေါက်ဈေးနဲ့ ပေးလျော်ရမည်ဟု သမ္မတကြီးနဲ့ ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားသော်လည်းပဲ မကွေးမှာ လက်တွေ့ကျတဲ့ လျော်ကြေးဟာ တစ်ဧက ကျပ် ၆၀၀၀ကျပ်သာ ဖြစ်တဲ့အတွက် နွားစာခေါင်းဖိုးတောင် မရှိပါဘူး” ဟု ဒေါက်တာအောင်မိုးညိုက ဆိုသည်။
၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများအပေါ် ဒေါက်တာအောင်မိုးညိုအပါအဝင် လွှတ်တော်အမတ် ၂၃ဦးက ဆွေးနွေးကြမည်ဖြစ်ပြီး တစ်ဦးလျှင် ၆မိနစ်ကြာ ဆွေးနွေးရန် သူရဦးရွှေမန်းက ခွင့်ပြုထားသည်။
သူရဦးရွှေမန်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)
နေပြည်တော်(ဖေဖော်ဝါရီ ၅)။ ။ ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခံရသလို နိုဝင်ဘာရွေးကောက်ပွဲတွင်လည်း အနိုင်ရခဲ့ခြင်းမရှိသည့် ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း သူရဦးရွှေမန်းအနေဖြင့် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရထားသော NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိနေသည့်အတွက် မည်သည့် အခန်းကဏ္ဍမှ သူရဦးရွှေမန်း ပြန်လည်ပါဝင်လာမည်ကို လူအများစုက စိတ်ဝင်စားလျက်ရှိသည်။
ယနေ့ ၂၀၁၆ခုနှစ်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်မူ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တစ်ရပ်ကို အဖွဲ့ဝင် ၂၃ဦးဖြင့် ဖွဲ့စည်းမည်ဟု လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေငြာလိုက်ပြီး ကော်မရှင်၏ ဥက္ကဌကိုမူ သူရဦးရွှေမန်းအား တာဝန်ပေးအပ်ကြောင်း ကြေငြာခဲ့သည်။
သူရဦးရွှေမန်းဥက္ကဌအဖြစ် တာဝန်ယူရမည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းများကိုလည်း လွှတ်တ်ာဒုတိယဥက္ကဌဖြစ်သူ ဦးတီခွန်မြတ်က လွှတ်တော်သို့ အောက်ပါအတိုင်း တင်ပြခဲ့သည်။
"ပြည်သူ့လွှတ်တော်ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ အခု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်များကို မဖတ်ကြားခင် ကျနော့်အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်များ သိရှိနိုင်ဖို့ ပထမအကြိမ်ရဲ့ ဖွဲ့စည်းမှုအခြေအနေလေးတွေနဲ့ ကော်မရှင်အနေနဲ့ ကော်မတီကို ဘယ်လို အထောက်အကူပြုဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အပိုင်းကို ကျနော့်အနေနဲ့ အနည်းငယ်ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျာ။
ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းမှာ ကျနော်တို့ အမြဲတမ်းကော်မတီ ၄ ခုနဲ့ လိုအပ်ချက်အရ သီးခြားထပ်မံဖွဲ့စည်းထားတဲ့ ကော်မတီ ၁၉ ခု၊ စုစုပေါင်း ကော်မတီအားလုံး ၂၃ ခု ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီ ၂၃ ခုကို လွှတ်တော်ကိုယ်စားလှယ်များနဲ့သာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဒီကော်မတီ ၂၃ ခုရဲ့ ဥပဒေပြုရေးနဲ့ အချင်းချင်းအပြန်အလှန်ထိန်းကျောင်းရေး တာဝန်များကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်များအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ မဟုတ်သော ပြင်ပမှ အတွေ့အကြုံရင့်ကျက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် တတ်သိပညာရှင်များပါဝင်တဲ့ ကော်မရှင် တစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။
ဒီကော်မရှင်ဟာဆိုလို့ရှိရင် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ပဲ ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ ကူညီပံ့ပိုးပေးမှုများကြောင့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ကျနော့်အနေနဲ့ တင်ပြလိုပါတယ်။ ကော်မရှင်တွင်ပါဝင်ခဲ့သော ပညာရှင်များကိုလည်း အထူးပဲကျေးဇူးတင်ရှိကြောင်း ထပ်လောင်းပြီး တင်ပြလိုပါတယ် ခင်ဗျာ။
ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တာဝန်၊လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်နဲ့ သက်တမ်းများကို ကျနော့်အနေနဲ့ ဖတ်ကြားရှင်းလင်းတင်သွင်းသွားမှာဖြစ်ပါတယ်။
ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေးကော်မရှင်ဟာ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဖြစ်ပါတယ်။
ကော်မရှင်၏ သက်တမ်း - ကော်မရှင်၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေမှစ၍ ၁ နှစ် ဖြစ်သည် ။ သို့ရာတွင် ကော်မရှင်၏လုပ်ငန်းတာဝန်ဆောင်ရွက်ချက်များအရ ၁ နှစ် ပြည့်မြောက်သည့်အခါ လိုအပ်ပါက သက်တမ်းတိုးနိုင်သည်။လွှတ်တော်ဥက္ကဌသည် ကော်မရှင်၏ သက်တမ်းကာလအတွင်း အဖွဲ့ဝင်များကို သင့်လျော်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ - ကော်မရှင်သည်
(က) တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ပယ်ဖျက်ရေး၊အသစ်ပြဌာန်းနိုင်ရေးတို့ကို လွှတ်တော်ဥက္ကဌထံမှ တဆင့် လွှတ်တော်သို့ တင်ပြရမည်။
(က) တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ပယ်ဖျက်ရေး၊အသစ်ပြဌာန်းနိုင်ရေးတို့ကို လွှတ်တော်ဥက္ကဌထံမှ တဆင့် လွှတ်တော်သို့ တင်ပြရမည်။
(ခ) အထူးကိစ္စရပ်များပေါ်ပေါက်လာပါက ၄င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့် ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ပြီး လွှတ်တော်ဥက္ကဌထံမှတဆင့် လွှတ်တော်သို့ အစီရင်ခံတင်ပြရပါတယ်။
(ဂ) လွှတ်တော်ဥက္ကဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက် ရမည်။
(ဃ) လွှတ်တော်ဥက္ကဌက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေသတ်မှတ်ဆောင်ရွက်ရမည်။
(င) လွှတ်တော်ဥက္ကဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဥာဏ်တောင်းခံသည့်အခါ အကြံဥာဏ်ပေးရမည်။
ကော်မရှင်သည် လုပ်ငန်းနှင့် ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့် အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။ ကော်မရှင်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်ရှိသည်။ ကော်မရှင်သည် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်အပေါ်မူတည်၍ လုံခြုံမှုအဆင့်အတန်းကို သတ်မှတ်ဆောင်ရွက်နိုင် သည်။
ကော်မရှင်၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ - ကော်မရှင် အဖွဲ့ဝင်များသည် လစဉ်ချီးမြှင့်ငွေ ၆ သိန်း၊ တာဝန်အရ ခရီးသွား လာခြင်းအတွက် အခမဲ့တည်းခိုနေထိုင်ရန် စီစဉ်ပေးနိုင်ခြင်းမရှိပါက တစ်ရက်လျှင် တည်းခိုနေထိုင်စရိတ် ကျပ် ၅ ထောင် နှင့် အခြားအသုံးစရိတ် ကျပ် ၅ ထောင်၊ တာဝန်အရခရီးသွားလာရခြင်းအတွက် စားသောက်စားရိတ်ကို တစ်နေ့လျှင် ကျပ် ၁ သောင်း ခံစားခွင့်ရှိသည်။ ထို့အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။ ကော်မရှင် အဖွဲ့ဝင်များသည် ကော်မရှင်အစည်းအဝေးတွင်တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေမှအပ တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိပါသည်"
ကော်မရှင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁) သူရ ဦးရွှေမန်း (ဥက္ကဌ)
၂) ဦးကိုကိုနိုင် - ရမည်းသင်းမဲဆန္ဒနယ် (ဒုဥက္ကဌ)
၃) ဦးခင်မောင်ထွန်း - တွဲဘက်စစ်ထောက်ချုပ်-ငြိမ်း၊
၎) ဦး ကြင် /ကျင်ဖေ - ညွှန်ကြားရေးမှူး-ငြိမ်း မွန်ပြည်နယ်-အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
၅) ဦးဇော်မြင့်ဖေ - ဒုညွှန်ချုပ်-ငြိမ်း - နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၊
၆) ဦးမောင်တိုး - ဦးဆောင်ညွှန်ကြားရေးမှူး-ငြိမ်း - မြန်မာ့ပုလဲလုပ်ငန်း၊
၇) ဦးကြည်သာ - ဦးဆောင်ညွှန်ကြားရေးမှူး-ငြိမ်း - ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း၊
၈) ဦးအေးမောက် - ဦးဆောင်ညွှန်ကြားရေးမှူး-ငြိမ်း - စက်မှု ၁ ၀န်ကြီးဌာန၊
၉) ဦးသိန်းလွင် - ဦးဆောင်ညွှန်ကြားရေးမှူး-ငြိမ်း - မြန်မာ့ရေနံဓာတုလုပ်ငန်း၊
၁၀) ဦးတင်မောင်ဦး - ဗိုလ်မှူးကြီး-ငြိမ်း-
၁၁) ဦးဝင်းသန်း - ဒုညွှန်ကြားရေးမှူး-ငြိမ်း-ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊
၁၂) ဦးစောလှထွန်း - ကုမ္ပဏီဥက္ကဌ -
၁၃) ဒေါက်တာစိုးမိုးအောင် - ဒုဦးစီးမှူး-ငြိမ်း - တိမွေးကုဦးစီးဌာန၊
၁၄) ဦးစိုးရယ် - လက်ထောက်ညွှန်မှူး-ငြိမ်း - သာသနာရေးဝန်ကြီးဌာန၊
၁၅) ဦးခင်မောင်တင် - သံအမတ်ကြီး-ငြိမ်း -
၁၆) ဦးတင်ဝင်း - ညွှန်ကြားရေးမှူး-ငြိမ်း - ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊
၁၇) ဦးအောင်မြင့်ထွန်း - တွဲဘက်ပြည်နယ်ဥပဒေအရာရှိ-ငြိမ်း-ရှမ်းပြည်နယ်၊
၁၈) ဒေါ်သန်းသန်းရီ - ဒုညွှန်မှူး - ငြိမ်း - ပြည်ထောင်စုရှေ့နေချုပ်ရုံး၊
၁၉) ဦးကျော်ဆန်း - တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး-ငြိမ်း - အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
၂၀) ဦးအေးဟန် - ညွှန်ကြားရေးမှူး-ငြိမ်း - တနင်္သာရီတိုင်းဒေသကြီး - အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
၂၁) ဦးအောင်မြင် - ညွှန်ကြားရေးမှူး-ငြိမ်း -ဧရာဝတီတိုင်း - အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
၂၂) ဦးစံရွှေအောင် - အမြဲတန်းအတွင်းဝန်-ငြိမ်း-နယ်စပ်ရေးရာဝန်ကြီးဌာန၊
၂၃) ဦးခင်မောင်ဦး - ဒုညွှန်မှူးချုပ်-ငြိမ်း - ပြည်ထောင်စုရှေ့နေချုပ်ရုံး
၁) သူရ ဦးရွှေမန်း (ဥက္ကဌ)
၂) ဦးကိုကိုနိုင် - ရမည်းသင်းမဲဆန္ဒနယ် (ဒုဥက္ကဌ)
၃) ဦးခင်မောင်ထွန်း - တွဲဘက်စစ်ထောက်ချုပ်-ငြိမ်း၊
၎) ဦး ကြင် /ကျင်ဖေ - ညွှန်ကြားရေးမှူး-ငြိမ်း မွန်ပြည်နယ်-အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
၅) ဦးဇော်မြင့်ဖေ - ဒုညွှန်ချုပ်-ငြိမ်း - နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၊
၆) ဦးမောင်တိုး - ဦးဆောင်ညွှန်ကြားရေးမှူး-ငြိမ်း - မြန်မာ့ပုလဲလုပ်ငန်း၊
၇) ဦးကြည်သာ - ဦးဆောင်ညွှန်ကြားရေးမှူး-ငြိမ်း - ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း၊
၈) ဦးအေးမောက် - ဦးဆောင်ညွှန်ကြားရေးမှူး-ငြိမ်း - စက်မှု ၁ ၀န်ကြီးဌာန၊
၉) ဦးသိန်းလွင် - ဦးဆောင်ညွှန်ကြားရေးမှူး-ငြိမ်း - မြန်မာ့ရေနံဓာတုလုပ်ငန်း၊
၁၀) ဦးတင်မောင်ဦး - ဗိုလ်မှူးကြီး-ငြိမ်း-
၁၁) ဦးဝင်းသန်း - ဒုညွှန်ကြားရေးမှူး-ငြိမ်း-ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊
၁၂) ဦးစောလှထွန်း - ကုမ္ပဏီဥက္ကဌ -
၁၃) ဒေါက်တာစိုးမိုးအောင် - ဒုဦးစီးမှူး-ငြိမ်း - တိမွေးကုဦးစီးဌာန၊
၁၄) ဦးစိုးရယ် - လက်ထောက်ညွှန်မှူး-ငြိမ်း - သာသနာရေးဝန်ကြီးဌာန၊
၁၅) ဦးခင်မောင်တင် - သံအမတ်ကြီး-ငြိမ်း -
၁၆) ဦးတင်ဝင်း - ညွှန်ကြားရေးမှူး-ငြိမ်း - ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊
၁၇) ဦးအောင်မြင့်ထွန်း - တွဲဘက်ပြည်နယ်ဥပဒေအရာရှိ-ငြိမ်း-ရှမ်းပြည်နယ်၊
၁၈) ဒေါ်သန်းသန်းရီ - ဒုညွှန်မှူး - ငြိမ်း - ပြည်ထောင်စုရှေ့နေချုပ်ရုံး၊
၁၉) ဦးကျော်ဆန်း - တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး-ငြိမ်း - အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
၂၀) ဦးအေးဟန် - ညွှန်ကြားရေးမှူး-ငြိမ်း - တနင်္သာရီတိုင်းဒေသကြီး - အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
၂၁) ဦးအောင်မြင် - ညွှန်ကြားရေးမှူး-ငြိမ်း -ဧရာဝတီတိုင်း - အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
၂၂) ဦးစံရွှေအောင် - အမြဲတန်းအတွင်းဝန်-ငြိမ်း-နယ်စပ်ရေးရာဝန်ကြီးဌာန၊
၂၃) ဦးခင်မောင်ဦး - ဒုညွှန်မှူးချုပ်-ငြိမ်း - ပြည်ထောင်စုရှေ့နေချုပ်ရုံး
Subscribe to:
Posts (Atom)