.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Thursday, July 7, 2016

အနုပညာ‌လမ်းခရီးကို ` ‌ဖြည်းဖြည်းနဲ့ မှန်‌မှန်‌ပဲ‌ ‌လျှောက်‌လှမ်းတယ်‌´ ဆိုတဲ့ ``ဒါဒို့‌ရွှေ ´´ဇာတ်‌သဘင်‌ ရဲ့ မင်းသား‌ချော‌လေး `` ဘုန်း‌ဝေယံ ´´


အနုပညာ‌လမ်းခရီးကို ` ‌ဖြည်းဖြည်းနဲ့ မှန်‌မှန်‌ပဲ‌ ‌လျှောက်‌လှမ်းတယ်‌´  ဆိုတဲ့ ``ဒါဒို့‌ရွှေ ´´ဇာတ်‌သဘင်‌ ရဲ့ မင်းသား‌ချော‌လေး  ``ဘုန်း‌ဝေယံ´´  








honda airwave 2002 ဂီယာ‌ဘောက်‌ ဝယ်‌ ယူလိုပါသည်‌




honda airwave  2002 ရဲ့ ဂီယာ‌ဘောက်‌   ဝယ်‌ ယူလိုပါသည်‌ သို့ပါ‌သော‌ကြောင့်‌  မန်း‌လေး မြို့မှာ ‌အောက်‌‌ဖော်‌ပြပါ ကားအတွက်‌ဂီယာ‌ဘောက်‌ ဝယ်‌ ယူနိုင်‌မည့်‌ ဆိုင်‌အား  သိ‌သော အကို အမများ  ‌ကျေးဇူးပြုပြီးလမ်းညွန်‌‌ပေးကြပါအုံး ခင်‌ဗျ

Wednesday, July 6, 2016

Android user များအရေးကြုံသုံးရန် Factory data reset



Android user များအရေးကြုံသုံးရန် Factory data reset



Android ဖုန်းတွေမှာပါဝင်တဲ့ Factory data reset ကိုတော့ user တွေအနေနဲ့
သိတဲ့သူရှားပါတယ်။ user တွေအနေနဲ့ Reset ချမယ်ဆို Setting ထဲက Backup & Reset ကနေ
ဝင်ပြီးချကြတာပါပဲ။ ဒါပေမဲ့ Pattern / Pin Lock စတာတွေကျနေရင်တော့ အဲဒီအခြေအနေကို
မသုံးနိုင်တော့ပါဘူး။ Pattern / Pin Lock များဖြည်ရန် အမျိုးမျိုးသောနည်းလမ်းများ ရှိပေမဲ့လည်း
Factory data Reset ချပြီးဖြေရှင်းတဲ့နည်းလမ်းကို အရေးကြုံရင်သုံးနိုင်ပါတယ်။ ဒါပေမဲ့ဒီနည်းလမ်းဟာ
ဖုန်းထဲမှာမှတ်ထားတဲ့ data တွေကိုအကုန်ပျက်စေပါတယ်။ ဒီနည်းနဲ့ စက်တွေလေးလံပြီးလုံးဝ
အလုပ်မလုပ်နိုင်တော့ရင်လဲ ဒီနည်းလမ်းလေးကိုသုံးပြီး ဖြေရှင်းနိုင်ပါတယ်။ ပြုလုပ်ရမဲ့နည်းလေးကတော့…….

ဖုန်းကိုပါဝါပိတ်လိုက်ပါ။ ပြီးရင် Battery ကိုဖြုတ်ပြီး 15 sec လောက်ထားလိုက်ပါ။ Battery ပြန်တက်ပါ။
ဖုန်းအမျိုးအစားလိုက် နှိပ်ရမဲ့ Key ကကွဲပါတယ်။ Samsung နဲ့ပြောပေးပါမယ်။ Volume up + Home +
Power ကိုတွဲပြီးနှိပ်ပါ။ Recovery mode ထဲကိုရောက်သွားပါမယ်။ စာကြောင်းလေးတွေပေါ်လာပါမယ်။
wipe cache partition ကိုအရင်နှိပ်ပေးလိုက်ပါ။ ဖုန်းကနေအလုပ်လုပ်တာခဏစောင့်လိုက်ပါ။
ပြီးရင် wipe data/factory reset ကိုရွေးပေးလိုက်ပါ။ Yes — delete all user data ကိုနှိပ်ပေးလိုက်ပါ။
ဖုန်းကနေဆက်အလုပ်လုပ်ပေးသွားပါမယ်။ အားလုံးပြီးရင်တော့ Reboot system now ကိုနှိပ်ပြီးဖုန်းကို
Reboot ချပေးလိုက်ပါ။ power ပြန်တက်လာရင် Pattern / Pin Lock တွေရှိနေပါက ပျက်သွားပြီး
ဖုန်းအသစ်တစ်လုံးအတိုင်း ဖြစ်သွားတာကို မြင်တွေ့ရပါပြီ။

Huawei နဲ့အခြားဖုန်းတွေမှာဆိုရင်တော့ အများဆုံး Volume up + Power ကိုနှိပ်ပြီး
Recovery mode ၀င်ပါ။

Friday, July 1, 2016

ကျိုင်းတုံ၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူမည့် အစီအစဉ် ပယ်ဖျက်ပြီး၊ ရက်ပေါင်း (၉၀)ပညာပေး ကာလအဖြစ် သတ်မှတ်ကာ ဆောင်ရွက်မည်









 ကျိုင်းတုံ၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူမည့် အစီအစဉ် ပယ်ဖျက်ပြီး၊ ရက်ပေါင်း (၉၀)ပညာပေး ကာလအဖြစ် သတ်မှတ်ကာ ဆောင်ရွက်မည်


ကျိုင်းတုံ၊ ဇွန်လ(၃၀)
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်များအား ဇူလိုင်လ (၁) ရက်တွင် ဖမ်းဆီးမည့် မူလအစီအစဉ်ကို ပယ်ဖျက်ကာ ရက်ပေါင်း(၉၀) ပညာပေး ကာလအဖြစ် စီမံချက် ရွှေ့ဆိုင်းလိုက်ကြောင်းကို ဇွန်လ (၂၉)ရက်နေ့၊ နေ့လယ်(၁)နာရီတွင် ပြုလုပ်သည့် ကျိုင်းတုံခရိုင်စီမံခန့်  ခွဲရေး ကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ကျိုင်းတုံမြို့ နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ ရုံးမှ သိရသည်။

"ပြည်နယ်ဝန်ကြီးချုပ်က လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးရာမှာ မူဘောင်အတွင်းကနေ ဥပဒေ အတိုင်း ဆောင်ရွက်ဖို့ မှာကြားထားတဲ့ အတွက် မနေ့က မူဘောင်သတ်မှတ်ဖို့ ဆိုပြီးတော့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ကျွန်တော်တို့  ယာဉ်ထိန်းရဲတပ်ဖွဲ့ က လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို ဇူလိုင်(၁)ရက်နေ့ မှာ စတင်ဖမ်းဆီးမယ်လို့  မူလက စီမံချက်ဆွဲထားတာကို ရက်ရွှေ့ပြီးတော့ ရက်ပေါင်း(၉၀)ကို ပညာပေးကာလအဖြစ် ထပ်ပြီးသတ်မှတ်မယ်လို့  အများဆန္ဒနဲ့  အစည်းအဝေးကဆုံးဖြတ်ခဲ့ပါတယ်။"ဟု အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့ စု (ကျိုင်းတုံ)မှ တပ်ဖွဲ့ စုမှူး ဒုရဲမှူးအောင်လွင်က ပြောသည်။

အဆိုပါ အစည်းအဝေးတွင် ချမှတ်ခဲ့သော မူဘောင်များကို ခရိုင်စီမံခန့် ခွဲမှုကော်မတီမှ ပြည်နယ် ၀န်ကြီးချုပ်ထံ ဆက်လက် တင်ပြမည်ဖြစ်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ မှလည်း အထက်သို့ 
ဆက်လက် တင်ပြကာ ရက်ပေါင်း(၉၀)ကို ပညာပေးကာလအဖြစ် သတ်မှတ်ခြင်းကို လက်ခံ/မခံ အတည်ပြုချက်များ ဆက်လက်၍ ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီလို လိုင်စင်မဲ့ မော်တော်ယာဉ်တွေရှိနေတဲ့အတွက် ကျွန်တော်တို့ ယာဉ်ထိန်းတွေကို အကျိုး သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ဘာလို့ လဲဆိုတော့ ယာဉ်တိုက်မှုဖြစ်ပေါ်တဲ့အခါမှာ လိုင်စင်မဲ့ မော်တော်ယာဉ်တွေဆိုရင် ဖမ်းဆီးဖို့က ခက်တယ်။ တကယ်လို့  လိုင်စင်ရှိတဲ့ မော်တော်ယာဉ်တွေဆိုရင် နံပါတ်သိရင် ရှာရလွယ်တာပေါ့။ ဒီမှာဆိုရင်လည်း တိုက်ပြေးအမှုတွေရှိတယ်။ အဲ့လိုဆိုရင် နံပါတ်သိပြီး ဘာမှလုပ်လို့ မရဘူး။ ပညာပေးကာလပြီးရင်တော့ လိုင်စင်မဲ့နဲ့ ဖမ်းဆီးရမိတဲ့ မော်တော်ယာဉ်တွေကို အခွန်ဥပဒေနဲ့ သိမ်းမှာဖြစ်ပြီး ယာဉ်ပိုင်ရှင်ကို မော်တော်ယာဉ်ဥပဒေနဲ့ အရေးယူသွားပါမယ်။"ဟု ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့  မူလက အတည်ပြုရေးဆွဲထားသော စီမံချက်ကို ရက်ရွှေ့ ကာ ပညာပေးကာလအဖြစ် ထပ်မံသတ်မှတ်ရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ လိုင်စင်မဲ့မော်တော်ယာဉ်များကို ဖမ်းဆီးသည့်အတွက် (၂၁)ရာစုငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလ ပြီးသည်အထိ ပညာပေးကာလသတ်မှတ်မည်ဟု ဆုံးဖြတ်ခဲ့ပြီး ရက်ပေါင်း(၉၀)ကို ပညာပေးကာလအဖြစ် အစည်းအဝေးတွင် အများဆန္ဒဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။