အေတီအမ်ကတ်အတု အသုံးပြုပြီး ငွေများခိုးယူထုတ်ခဲ့မှု ဖြင့် အရေးယူခံထားရသည့် ဘူလ် ဂေးရီးယားနိုင်ငံသားကို အခြားနှစ်နေရာ၌လည်း ယင်းသို့ ခိုးယူမှုများတွေ့ရှိခဲ့သဖြင့် ဇန်န၀ါရီ ၅ ရက်တွင် မင်္ဂလာတောင်ညွန့်ရဲစခန်းက ထပ်မံအမှုဖွင့်ထားကြောင်း မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှ သိရသည်။
အရေးယူ ခံထားရသည့် ဘူလ်ဂေးရီးယားနိုင်ငံသား Mr. Milen Antanasove သည် ယုဇန ပလာဇာနှင့် အောင်ဆန်းကွင်းရှိ အေတီအမ်စက်များတွင် ငွေခိုး ထုတ်ယူခဲ့သည်ကို စက်များ လိုက်လံစစ်ဆေးရာမှ တွေ့ရှိခဲ့သဖြင့် ထပ်မံအမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်စခန်းမှူးက ပြောသည်။
‘‘ကျွန်တော်တို့ စခန်းကိုတော့ သူ့ကို မခေါ်ရသေးဘူး။ အခုက အေတီအမ် စက်တွေကို လိုက် စစ်တဲ့အခါ သူငွေလိမ်ထုတ်ထား တာတွေ့လို့လာတိုင်တာ’’ဟု ၎င်းက ဆိုသည်။ ဘူလ်ဂေးရီးယားနိုင်ငံသား Mr. Milen Antanasove သည် လှည်းတန်း စိန်ဂေဟာ စူပါမားကက်ရှိ စက်၌ ကတ်အတုဖြင့် ငွေ ကျပ် ၁၈ သိန်းခိုးထုတ်ခဲ့သဖြင့် ကမာရွတ်မြို့မရဲစခန်းက ၂၀၁၅ ဒီဇင်ဘာ ၁၀ ရက်၌ အမှုဖွင့်ခဲ့ ခြင်းဖြစ်ပြီး စုံစမ်းရှာဖွေဖမ်းဆီးခဲ့ ပြီး ဖြစ်သည်။
‘‘အမှုဖွင့်ထားတဲ့ပုဒ်မတူပေ မယ့်လည်း ကျွန်တော်တို့အပိုင် မှာဖြစ်ရင် ကျွန်တော်တို့ လုပ် တယ်။ ဟိုဘက်စခန်းအပိုင်မှာဆို သူတို့ သက်သက်စစ်မယ်။ နှစ်ခု ပေါင်းပြီးတော့ မစစ်ပါဘူး။ မင်္ဂ လာတောင်ညွန့်မှာထပ်ဖွင့်ထား ရင် မင်္ဂလာတောင်ညွန့်မှာ ဆက် စစ်ပါလိမ့်မယ်’’ ဟု ကမာရွတ်မြို့ မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ ၀င်တစ်ဦးက ရှင်းပြသည်။
ထို့နောက် အေတီအမ်စက် မှတ်တမ်းများ လိုက်လံစစ်ဆေး ရာ နိုဝင်ဘာ ၅ ရက်က မင်္ဂလာ တောင်ညွန့်မြို့နယ် ယုဇနပလာ ဇာရှိ အေတီအမ်စက်မှ ကျပ်လေးသိန်း၊ အောင်ဆန်းကွင်းအေတီအမ်စက်မှ ကျပ် ငါးသိန်းတို့ကို ကတ်အတုဖြင့် ထုတ်ယူထားသည်ကို တွေ့ရှိခဲ့သဖြင့် မင်္ဂလာ တောင်ညွန့်မြို့နယ်ရဲစခန်းက ပြစ်မှုပုဒ်မ ၃၈၀/၄၆၈ ဖြင့် ထပ်မံအမှု ဖွင့်စုံစမ်းခဲ့ခြင်း ဖြစ်သည်။
မင်္ဂလာတောင်ညွန့်ရဲစခန်း က အမှုဖွင့်စုံစမ်းနေသည့် ဘူလ် ဂေးရီးယားနိုင်ငံသားကို ကမာရွတ်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသဖြင့် ဆက်လက်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment
လွပ်လပ်စွာ ပြောဆိုနိုင်ရန်