.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Thursday, January 21, 2016

ရမည်းသင်းမြို့၊ ရွှေဂူရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

ရမည်းသင်း ဇန်န၀ါရီ ၂၁

ရမည်းသင်းမြို့၊ ရွှေဂူရပ်ကွက်တွင် ဇန်န၀ါရီ (၂၁)ရက် ညနေ (၄း၃၀)ခန့်က လျှပ်စစ် ၀ါယာမှ တစ်ဆင့် မီးစတင် လောင်ကျွမ်းခဲ့ကြောင်းသိရှိရသည်။

မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကား(၄)စီး ရေသယ်ယာဉ် (၃)စီးနှင့် မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မြို့နယ် မီးသတ်ဦးစီးမှူး ၊ မီးသတ်သန္ဓေ (၂၂)ဦး ၊ အရန် မီးသတ် တပ်ဖွဲ့ဝင် (၁၀)ဦးနှင့်ပြည်သူအင်အား (၂၀၀)ဦးခန့် စုပေါင်းငြိမ်းသတ်ခဲ့ ကြရာ ညနေ (၅း၂၀)တွင် မီးငြိမ်း သတ်နိုင်ခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းခဲ့မှုကြောင့် (၃)ပင် ပတ်လည် ထရံကာ သွပ်မိုးအိမ် (၄) လုံး၊ မြေစိုက်အိမ် (၆)လုံး စုစုပေါင်း (၁၁)အိမ် လောင်ကျွမ်းခဲ့ပြီး မီး စတင်လောင် ကျွမ်းသည့် ကိုငယ်လေး (ခ) ကိုမျိုးနိုင်ထွန်းအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ မီးလောင် ကျွမ်းသွားသော အိမ်ထောင်စု များကို မြို့ဦး ရှင်မာလဲ ဘုရား အတွင်း နေရာချထားခဲ့ကြောင်း သတင်းရရှိသည်။

No comments: