Friday, January 8, 2016

အင်းတော်မြို့နယ် နဘားကျေးရွာအနီး ပါကျဲရိုးကားနှင့် ဆယ်ဘီးကားတိုက်မိ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ


အင်းတော် ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာအနီး၌ ဇန်နဝါရီ ၇ ရက် နံနက်၂နာရီခန့်ကပါကျဲရိုးကားနှင့်ဆယ်ဘီးကားတို့မျက်နှာချင်းဆိုင်တိုက်မိ၍အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦး
ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆယ်ဘီးကားမှာပါကျဲရိုးကားငယ်အားဝင်တိုက်ခဲ့ပြီးသည်နှင့်အလျင်အမြန် မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် အမှုကို အင်းတော်မြို့မရဲစခန်းက အမှုဖွင့်အရေးယူ လိုက်လံစုံစမ်းလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

လွပ်လပ်စွာ ပြောဆိုနိုင်ရန်