Thursday, January 21, 2016

First Response က Bluetooth နဲ့ စမ်းသပ်သိရှိနိုင်တဲ့ ကိုယ်ဝန်စမ်းသပ်ကိရိယာထုတ်လုပ်


အမျိုးသမီး ကျန်းမာရေး Brand ဖြစ်တဲ့ First Response ကတော့ သုံးစွဲသူရဲ့ အာရုံကြောတွေနဲ့ ချိတ်ဆက်ပြီး စမတ်ဖုန်းကနေတစ်ဆင့် အလွယ်တကူ သိရှိသုံးစွဲနိုင်တဲ့ ကိုယ်ဝန်စမ်းသပ်ကိရိယာသစ်ကို စတင်မိတ်ဆက်ပေးလိုက်ပါပြီ။

First Respones ကိုယ်ဝန်စမ်းသပ် ကိရိယာနဲ့ Application ကို မကြာသေးခင်က Las Vegas မှာ ကျင်းပတဲ့ CES ပွဲမှာ ပွဲထုတ်ကြေညာခဲ့တာဖြစ်ပြီး သုံးစွဲသူတွေရဲ့ ဖုန်းထဲမှာ Bluetooth နည်းပညာနဲ့ စမ်းသပ်သုံးစွဲခွင့် ပြုခဲ့တာဖြစ်ပါတယ်။

အသုံးပြုချင်တယ်ဆိုရင်တော့ ဖုန်းထဲက Application ကို Bluetooth နဲ့ ချိတ်ဆက်သုံးစွဲရမှာဖြစ်ပါတယ်။ ပြီးရင်တော့ အာရုံကြောတွေကို ၃ မိနစ်ခန့် အနားပေးပြီး ရလဒ်ကို သိရှိနိုင်အောင် တီထွင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ဒီနှစ် နွေဦးမှာ အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ သို့ ဒေါ်လာ ၂၀ နဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

လွပ်လပ်စွာ ပြောဆိုနိုင်ရန်