ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာလင်းထွဋ်ကို ခန့်အပ်လိုက်ပြီဖြစ်သည်။ ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ပထမ ပုံမှန်အစည်း အဝေး ဆဌမမြောက်နေ့ဖြစ်သည့် ယနေ့(မတ်၂၈ ရက် ) နံနက်ပိုင်းတွင် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ
အဖြစ် ရွေးချယ်ခြင်းခံရသူက အမည်စာရင်းပေးပို့ ခန့်အပ်သည့် ပြည်နယ် ဝန်ကြီးချုပ် အမည်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာလင်းထွဋ်သည် ဒီချုပ်ပါတီ ကိုယ်စားပြု အမတ်တစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေး တရားမျတရေး ခွင့်တူညီမျှရေး နှင့် တိုင်းရင်းသား အရေးကို ဦးစားပေး
ဆောင်ရွက်သွားမည်ဟု ဖြစ်ကြောင်း သို့ပြောကြားခဲ့သည်။
No comments:
Post a Comment
လွပ်လပ်စွာ ပြောဆိုနိုင်ရန်