Sunday, March 13, 2016

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ် ပဲခူးဆေးရုံတွင် ကွယ်လွန်



DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ်သည် ယနေ့ (မတ်လ ၁၃ ရက်) မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင်  ပဲခူးဆေးရုံ၌ ကွယ်လွန်သွားကြောင်း သိရှိရပါသည်။

ဗိုလ်ချုပ်ကြီး စောလားဘွယ်၏ ရုပ်အလောင်းကို ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောမိုရှေး ဦးဆောင်ပြီး ပဲခူးမှ ဆုံဆည်းမြိုင်သို့ သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။ ထို့အတူ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့နှင့် DKBA  တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များက ကော့ကရိတ်မြို့မှ သယ်ယူကြမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီးစောလားဘွယ်သည် လည်ချောင်းဝေဒနာကြောင့် စင်္ကာပူနိုင်ငံ၌ ဆေးကုသမှု ခံရယူခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လာကာ  ချောင်းသာကမ်းခြေသို့ အပန်းဖြေ ခရီးထွက်ခဲ့ပြီး အဆိုပါ ခရီးစဉ်မှအပြန် ကျန်းမာရေး အခြေအနေကြောင့် ပဲခူးဆေးရုံသို့် တက်ရောက်ကုသနေစဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်လာသည့် ဗိုလ်ချုပ်ကြီး စောလားဘွယ်သည် DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်) အား ဖွဲ့စည်း တည်ထောင်ခဲ့သူ ဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၅၄ နှစ်ရှိပြီ ဖြစ်သည်။

No comments:

Post a Comment

လွပ်လပ်စွာ ပြောဆိုနိုင်ရန်