.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Tuesday, April 12, 2016

သင်္ကြန်အကြိုနေတွ့င် နောင်ယားကန်၌ လူငယ်တစ်ဦးရေနစ် သေဆုံး

သင်္ကြန်အကြိုနေတွ့င် နောင်ယားကန်၌ လူငယ်တစ်ဦးရေနစ် သေဆုံး


ကယားပြည်နယ် လွိုင်ကော်မြို့ရှိ နောင်ယားကန်တွင် ယနေ့ ညနေ ၅ နာရီခန့်တွင် လူငယ်တစ်ဦးရေနစ်သေဆုံးကြောင်း သိရသည်၊၊

သေဆုံးသူမှာ ကယားပြည်နယ် ဖရူဆိုမြို့မှ ဖြစ်ပြီး ဆယ်တန်းဖြေထားသည့် အသက် ၁၅၊ ၁၆ နှစ် ဝန်းကျင်သာရှိသေးသည့် လူငယ်တစ်ဦးဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည့် မီးသတ်အရာရှိတစ်ဦးက ပြောသည်၊၊

ဖြစ်စဉ်မှာ နောင်ယားကန်အတွင်း လူ နှစ်ဦးစီးနင်းနေခဲ့သော အပျော်တမ်းစီးလှေတစ်စီး မှောင်သွားရာ သေဆုံးသူနှင့် သူငယ်ချင်းတစ်ဦး လှေဖြစ် ကယ်တင်ရန် ကြိုးစားရာ တိမ်းမှောက်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးဆောင်ရွတ်နေသော ရဲတစ်ဦးထံမှ သိရသည်၊၊


သေဆုံးသွားသော လူငယ်သည် အသက်ကယ် အင်္ကျီ ဝတ်ဆင်ထားခြင်းမရှိကြောင်း တွေ့ရသည်၊၊

နောင်ယားကန်တွင် ယခင်ကလည်း ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ယင်းကဲ့သို့ ရေနစ် သေဆုံးခဲ့ဖူးပြီး အပျော်စီးလှေစီးလုပ်ကိုင်နေသူများ အနေဖြင့် လုံခြုံရေးတိုးမြှင့်သင့်ကြောင်း ဒေသခံ လူထုက ပြောဆိုမှုများ ရှိခဲ့ဖူးသည်၊၊

အလောင်းကို ည ၇ နာရီ ၂ မိနစ်ခန့်တွင် ဆယ်ယူနိုင်ခဲ့သည်၊၊

No comments: