Tuesday, April 5, 2016

ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့ မိုးမခတောင်အကြောင်း( မူရင်း ဆောင်းပါးရှင် ကိုမိုးမြေ ထံမှ ပြန်လည်ဖော်ပြခြင်းဖြစ်သည် )







ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့
မိုးမခတောင်အကြောင်း...
အပိုင်း...၅
ကျနော်တို့ရပ်စောက်မြို့၏မိုးမခတောင်
အကြောင်းအတော်များများရေးသား
ဖေါ်ပြပေးခဲ့ပါတယ်။

၁၉၉၁ခုနှစ်ဘရသေ့ကြီဦးနန္ဒ
{ဦးအောင်ဓမ္မစက္ကရာဇာ}
မှစ၍ရသေ့ခေတ်နှင့်မိုးမခ
သာသနာအခြေအနေများကို
လည်းရှေ့မှီနောက်မှီဖြစ်သော
ဗကဦးသန်းထွန်း-
{ဗထူးတပ်မြို့အထကကျောင်းအုပ်ကြီး ငြိမ်း}
ထံမှကိုယ်တိုင်တွေ့ကြုံခဲ့ရသောအဖြစ်အပျက်များ/
စာရေးဆရာလင်းရောင်းတင်
၏တခါကမိုးမခ၊ ရပ်စောက်မြို့နယ်မဂ္ဂဇင်းစသည့်တို့ကိုခြုံးငုံလေ့လာဖတ်ရှု့၍ရေးသားတင်ပြပေးခဲ့ပါသည်။

#မိုးမခသာသနာပြုပုဂ္ဂိုလ်များ
*******************
#ကုံလုံဆရာတော်ဘုရားကြီး
လေသာဆရာတော်
စန္ဒာကူးဆရာတော်
တောင်ဖီလာဆရာတော်
ဈေးတန်းကျောင်းဆရာတော်
ရန်အောင်ကျောင်းဆရာတော်
တို့မှ#တိသရဏမဟာဧမြစေတီတော်
(ခေါ်)မိုးမခတောင်ဦးစေတီတော်ကို
စတင်ထီးတော်တင်လှူ၍မိုးမခသာသနာစ
တင်ခဲ့ကြပါသည်။

အလယ်တောင်ဆရာတော်ဥူးသီလာစာရ
အရှင်မြတ်နှင့်ဂျူးဆရာတော်ကြီးတို့မှအစပြု
၍ရဟန်းသံဃာတော်များမိုးမခ
တောင်မှာစတင်သီးတင်သုံးတော်မူခြဲ့ကတယ်။

#၂။အဘိုးပေါက်....
ပညာရေးမိသားစုများမှပညာ
ပုညရှင်စေတီတော်ကို#ဆရာကြီးဦးသောင်းညွှန့်၊#ဆရာမျိုးအောင်
{ဥူးပဏ္ဌိ-ပိန္နဲပင်ရွာဆရာတော်}
တို့နှင့်အတူအဘိုးသည် ဘုရား၊ဇရပ်၊ကျောင်းလမ်းစသည်တို့ကိုသာသနာပြု
လုပ်ငန်းတရပ်အနေဖြင့်
ဆောင်ရွှက်သည်။

ယခုလာမည့်#နှစ်ဆန်း{၁}ရက်နေ့မှာမဟာဓမ္မစေတီတော်ကြီးထီးတော်တင်မင်္ဂလာကျင်းပပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ထီးတော်တင်မင်္ဂလာအချိန်အခါကိုလောလောဆယ်အတိအကျမသတ်မှတ်ရသေးကြောင်း.လူကြီးများနှင့်
တိုင်ပင်ဆွေနွေးပြီမှ အချိန်အတိအကျကြေငြာပေး
ပါမည်ဟုအဘိုးထံမှသိရှိ
ရပါသည်။

#မိုးမခမဟာစည်ဆရာတော်
ဥူးခေမာစာရ
**********
ဆရာတော်သည်မိုးမခမဟာစည်
ရိပ်သာဘုန်းတော်ကြီးကျောင်း
တွင်လက်ရှိသီတင်း
သုံးနေထိုင်သည်။မိုးမခတောင်
ပတ်လမ်းကိုအများအလှူရှင်တို့
ပေါင်းစု၍လမ်းခင်းခြင်း
မြောင်းတူးခြင်း၊ လမ်းပြုပြင်ခြင်းတို့ကိုဆောင်ရွှက်လျှက်ရှိသည်။

#အရှင်မဟာထာဝရ
****-**********
မိုးမခမဟာစည်ကျောင်းတိုက်မှာ
သီတင်းသုံးလျှက်ရှိသော
အရှင်မြတ်သည် မဟာစည်ကျောင်းအရှေ့ဘက်တွင်
{၅၄}တောင်အမြင့်ဆောင်သည့် ပြည်လုံးချမ်းသာစေတီ
တော်ကြီးတဆူ
တည်နေလျှက်ရှိသည်။

အများပေါင်းစုကောင်း
မူ့ပြု၍တည်ထားကိုးကွယ်ပါမည်ဟု
ဆရာတော်အရှင်မြတ်မှထုတ်ဖေါ်မိန့်ြ့ကားပါသည်။
မိုးမခတောင်ကိုအမှီပြု၍သီလရှင်
ဆရာလေးများ၏သီလရှင်
ကျောင်းငယ်လေးများရှိ
နေပါသည်။

ကျောင်းငယ်လေး{၆}
ကျောင်းရှိပြီးဆရာလေး
{၇}ပါးတို့သည် မြတ်စွာဘုရား၏တရားရိပ်၌
ခိုလှုံလျှက်တောရဆောက်တည်
သီတင်းသုံးနေထိုင်လျှက်ရှိနေပါသည်။

တကယ်တော့ကျနော်တို့ရဲ့
မိုးမခတောင်သာသနနယ်မြေကြီး
ကိုခေတ်အဆက်သာသန
အာဇာနည်များ
 ပင်ပန်းကြီစွာပြုစုပျိုးထောင်
ပေးခဲ့ကြပါတယ်။

ရပ်စောက်မြို့ရဲ့မြို့ဦးအဝင်မှာ
ဘုရားစေတီတွေနဲ့တင့်တယ်စည်ကားစွာရှိနေခဲ့ပါတယ်။
ရပ်စောက်မြို့ရဲ့အထင်ကရနေရာ
တခုဆိုလဲမမှာပါဘူးဗျာ..
သို့သော်လည်း ဒီသာသနာထွန်းကား
ရာနယ်မြေမှာမဖြစ်သင့်သောကိစ္စတွေ လူကြားမကောင်းအောင်ဖြစ်နေကြတယ်ဗျာ။

သာသနာသဒ္ဓာတရားနဲ့လုပ်ကိုင်ထားကြတဲ့ဘုရားတွေ၊စေတီတော်တွေ၊ဇရပ်တွေ၊တန်ဆောင်တွေကြားထဲမှာ
မဖွယ်မရာပြုမူလုပ်
ကိုင်နေကြတာဝမ်းနည်းဖို့
ကောင်းတယ်ဗျာ။

ဇရပ်တွေမှာအရက်ဝိုင်းဖွဲ့
သောက်နေကြတယ်။ဆိုင်ကယ်တွေ
ကိုယ်စီ
နဲ့လာကြပြီးဘီယာဗူးတွေလာ
သောက်ကြတယ်။

ဘုရားရိပ်ကိုအကာအကွယ်ယူပြီးဆေးချ/Sexyတွေရှုပ်နေကြတယ်။
သာမန်ချစ်သူစုံတွဲတို့လာရောက်လည်ပတ်ကြခြင်းကိုမဆိုလိုပါ။
ဒါပေမယ့် ကြေးစား
တွေနဲ့ဘုရားအကာအကွယ်
ယူပြီးမဟုတ်တာတွေလုပ်နေကြတာ
တော့မိုးမခသာသနနယ်မြေကြီးဟာ
မာဆပ်ကြီးတခုလိုဖြစ်
နေတယ်ဗျာ...

ဒီလိုအခြေအနေတွေကို မဟာစည်ကျောင်းဆရာတော်ဘုရားကရပ်စောက်မြို့နယ်အာဏာပိုင်များသိ
ရှိကြစေဖို့မဟာစည်ရိပ်သာကို
ဖိတ်ခေါ်ပြီးလူသိနတ်ကြားအစည်း
အဝေးဖြင့်တင်ပြအသိပေးခဲ့ပါတယ်။
သို့သော်လည်းထိုအစည်းအဝေး၏
တင်ပြချက်များမအောင်မြင်ခဲ့ပါ။

ပျက်စီးယိုယွင်းနေသောဇရပ်တွေ၊
တန်းဆောင်တွေ၊ကိုယ်စားရုပ်ပွား
တော်တွေကိုရပ်စောက်မြို့
သူမြို့သားများ
အားလုံးဝိုင်းဝန်း
ထိန်းသိမ်းပေးကြဖို့အလွန်
လိုအပ်နေပါပြီ...

ကျနော်တို့မြို့ရဲ့အထင်ကရနေရာ ...
ဒီနေရာလေးဟာအများပေါင်းစု
ကောင်းမူ့တွေနဲ့ပြုလုပ်ထားကြတာပါဗျာ..

မကောင်းသောအမြင်နဲ့ရေးသားရခြင်
မျိုးမဟုတ်ပဲ #ဤနေရာမှာဤသို့ဖြစ်ပေါ်နေ
ပါကြောင်းအသိပေးရခြင်းမျိုးပါ။

အမှားအယွင်းတစုံးတရာပါရှိခဲ့ပါက မေတ္တာစေတနာထားပြီးတင်ပြရခြင်းကို နားလည်ခွင့်လွှတ်ပေးစေခြင်ပါတယ်။

ဒီနေရာလေးကိုရပ်စောက်မြို့သူသားများလက်တွဲညီညီနဲ့
သန့်ရှင်းသပ်ရပ်သော
အပုပ်နံ့ကင်းစင်သောနေရာလေးတခုဖြစ်အောင်ကြိုးပမ်းအားထုတ်နိုင်ကြဖို့တိုက်တွန်းနိုးဆော်လိုက်ရပါပေသည်။

ကိုးကား...
*******
ဥူးသာသန
နဂါးရေထွက်ဆရာတော်..

အဘိုး{ဘိုးပေါက်}.....
မိုးမခသာသနာပြု..

ရွှေကညွှတ်စီရဿဝတီ
ဆောင်းပါးရှင်..မြခြိမ့်ခိုင်၏မြဝတီမဂ္ဂဇင်း

စာရေးဆရာလင်းရောင်တင်၏
တခါကမိုးမခ ဆောင်းပါး...

ရပ်စောက်မြို့နယ်မဂ္ဂဇင်း
ဆောင်းပါရှင်...မောင်မိုးမခ၏
ကုံလုံတောင်ဆရာတော်
နှင့်မိုးမခသာသနာပြုခရီး...

လိုအပ်သောကိစ္စအဝဝတို့ကိုလိုက်ပါ
ဆောင်ရွှက်ပေးကြသောကျေးဇူး
တင်ထိုက်သူတို့ကိုမှီငြမ်းကိုးကား၍
ဤဆောင်းပါးကိုရေးသားတင်ပြ
ပေးလိုက်ပါသည်။
                           ကိုမိုးမြေ.....

     မိုးမခဆုတောင်း...
*******************
  မိုးမခသာသနာရွှေရောင်ဖြာ၍
      ရပ်စောက်မြို့အားလှပါစေ...

   မိုးမခအဘိုး အားကိုးပြု၍
     တန်းခိုးထိန်ဝါ တောက်ပါစေ...

မိုးမခမြေမှ ဓမ္မသံများ
  လူရှိလူကုန် သိပါစေ...

သာသနာလွမ်းခြုံ မြတ်ရဂုံမှာ
လူစိတ်ကိုယ်စီ ရှိပါစေ..

ဒို့သာသနာ ထွန်းလင်းဖြာ
ကျက်သရေ မင်္ဂလာတိုးပါစေ...

ကောင်းမူမြတ်နိုး ဘုရားတန်းခိုး
နတ်ပြည်နတ်ရွာ ရောက်ပါစေ..

ထိုမှတပါး မဂ်ရထားနှင့် နိဗ္ဗာန်ထုတ်
ချောက်ရောက်ပါစေ..

အလှူရင်များ သဒ္ဓာအားနှင့်
ယိုးယွင်း ပျက်စီးပြင်ပါစေ..

မိုးမခမြေအမှိုက်တွေ ပြောင်းလဲမုချ
လွှင့်ပါစေ...

သူတော်ကောင်းမြတ် တရားဓာတ်
မိုးမခမြေမှာတည်ပါစေ။        ။

                     ကိုမိုးမြေ      ထို....https://m.facebook.com/groups/473132762890294?view=permalink&id=485352465001657

No comments:

Post a Comment

လွပ်လပ်စွာ ပြောဆိုနိုင်ရန်