Friday, August 19, 2016

အကျဉ်းထောင်သို့ ပို့ဆောင်သော တရားခံများ ထွက်ပြေးမှုဖြစ်ပွား



သဂုတ်လ (၁၉)ရက်နေ့ ယနေ့နံနက်(၈.၃၀)အချိန်ခန့်တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့ ရဲစခန်းမှ တရားခံများအား မြစ်ကြီးနား အကျဉ်းထောင်သို့ ပို့ဆောင်စဉ် နံနက်(၁၀.၃၀)အချိန်ခန့်က မြစ်ကြီးနား - တနိုင်းလမ်းမပေါ်ရှိ မရန်ကထောင်ကျေးရွာ အရောက်တွင် ပုံတွင်ပါရှိသော တရားခံ(၅)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိပါသည်။

၎င်းတရားခံပြေးများအား တွေ့ရှိပါက နီးစပ်ရာရဲစခန်းသို့ အကြောင်းကြားပေးပါရန်နှင့် လိုအပ်သည်များကိုလည်း ဆက်လက်လုပ်ဆောင်နေကြောင်း မိုးကောင်းသတင်းမီဒီယာ (facebook) ဖော်ပြထားပါသည်။

No comments:

Post a Comment

လွပ်လပ်စွာ ပြောဆိုနိုင်ရန်