.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Sunday, March 27, 2016

သာစည်တွင် ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးထိုးနှံပေးမည်

ဦးနှောက်အမြှေးရောင်ရောဂါဟောပြောပွဲ (ဓာတ်ပုံ - ယမင်း)
ကူးစက်မြန် ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါဖြစ် ပွားမှုများသော သာစည်မြို့နယ် တွင် ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။

မန္တလေးတိုင်း သာစည်မြို့ နယ်ရှိ ကျေးရွာအချို့တွင် မတ်လ ၅ ရက်က စတင်ဖြစ်ပွားခဲ့သည့် ဦးနှောက်အမြှေးရောင်ရောဂါ သည် ကူးစက်နှုန်းမြန်ဆန်ပြီး သေဆုံးမှုရှိလာသဖြင့် ကပ်ရောဂါ အသွင် ဖြစ်ပွားနိုင်သော အဆိုပါ ဒေသများကို ကာကွယ်ဆေးထိုး ပေးမည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကူးစက် ရောဂါကာကွယ်နှိမ်နင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။
‘‘အခုဖြစ်တဲ့ ဦးနှောက်အ မြှေးရောင်ရောဂါက မန်နီကိုး ကဲလ် (Meningococcal)ဗက်တီး ရီးယားကြောင့် ဖြစ်တယ်။ ပိုးမျိုး စိတ် B ကြောင့် ဖြစ်တာမို့ အဲဒီအ တွက် ကာကွယ်ဆေးမှာထား တယ်။ နောက်ပိုးမျိုးစိတ်တွေဖြစ် တဲ့ A, C, W, Y အတွက်လည်း ကာကွယ်ဆေးမှာထားတယ်။ မကြာခင်ရောက်တော့မှာ။ ရောက်လာရင် Outbreak ဖြစ်တဲ့ သာ စည်ကို ရောဂါတုံ့ပြန်ဖို့အတွက် ဦးစားပေးမယ်’’ဟု ၎င်းက ပြော သည်။
ထိုသို့ ထိုးနှံပေးရာတွင် ကပ် အသွင်ဖြစ်ပွားနိုင်သော သာစည် မြို့နယ်ရှိ ကျေးရွာအချို့နှင့် ယင်း နေရာတွင် စောင့်ရှောက်မှုပေးနေ သည့် ကျန်းမာရေးဝန်ထမ်းများအ ပြင် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားသော တောင်ဒဂုံမြို့နယ် တို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မတ်လ ၅ ရက်မှ ၂၀ ရက် အထိ မန္တလေးတိုင်းနှင့် ရန်ကုန် တိုင်းတို့တွင် ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ သံသယရှိ လူနာ ၁၅ ဦးတွေ့ရှိကာ ၎င်းတို့ထဲ ငါးဦးမှာ အဆိုပါရောဂါ ပိုးကြောင့် သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ စုံစမ်း သိရသည်။
‘‘အခုဖြစ်ပွားနေတဲ့ သာစည် နဲ့ ရန်ကုန်အခြေအနေတူတယ်၊ မတူဘူးဆိုတာ ကြည့်ဖို့လိုတယ်။ ကပ်ရောဂါအသွင်ဖြစ်ပွားနှုန်းကို ဘယ်လိုတွက်မလဲဆိုတာ ကျန်း မာရေးဝန်ကြီးဌာနအနေနဲ့ စောင့် ကြည့်ဖို့လိုတယ်။ ဥပမာ လူသုံး သောင်းအောက်ရှိတဲ့ ပတ်ဝန်း ကျင်မှာ ငါးယောက်အောက်တွေ့ ပြီဆိုရင် ကူးစက်မြန် ကပ်ရောဂါ လို့ သတ်မှတ်မလား (ဒါမှမဟုတ်)သုံးပတ်အတွင်းမှာ နဂိုဖြစ်နေကျ နှုန်းထက် နှစ်ဆကျော်သွားရင် ကူးစက်မြန်ကပ်ရောဂါသတ်မှတ် မလားပေါ့။ ဒါဆိုရင် ပြည်သူကို သတိပေးဖို့လိုတယ်’’ဟု ကျန်းမာ ရေးဝန်ကြီးဟောင်း ဒေါက်တာ ဖေသက်ခင်က ပြောသည်။
လက်ရှိတွင် ဆေးဈေးကွက် အတွင်း မန်ထရာ (Menactra) (A, C, W, Y) လေးမျိုးစပ်ကာ ကွယ်ဆေးမှာ ပစ္စည်းပြတ်နေပြီး မေလဆန်းမှသာ ရောက်ရှိမည် ဖြစ်သည်။ ပိုးမျိုးစိတ် B ကာကွယ် ဆေးမှာ ၂၀၁၆ မှ ဗြိတိန်နိုင်ငံတွင် စတင်အသုံးပြုရန် လမ်းညွှန် ထားကြောင်း သိရသည်။
ရန်ကုန်မြို့ တာမွေမြို့နယ် တွင် မတ်လ ၂၅ ရက်က အသက် (၅၁)နှစ်အရွယ် ဦးနှောက်အမြှေး ရောင်ရောဂါ သံသယရှိအမျိုး သားလူနာတစ်ဦး ထပ်မံတွေ့ရှိ ပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၌ စစ်ဆေးရာ ယင်း ရောဂါပိုးမတွေ့ရကြောင်း မတ်လ၂၆ ရက်က ရန်ကုန်တိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာဝင်းလွင်က 7Day Daily အား ပြောကြားသည်။

No comments: