Tuesday, March 22, 2016
ရဲအရာရှိနှင့် အကြပ်သင်တန်းကျောင်းများတွင် မီဒီယာဘာသာ မသင်မနေရ ပြဋ္ဌာန်း
မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ရဲအရာရှိနှင့် အကြပ် သင်တန်းကျောင်းများတွင် မီဒီယာ နှင့်ပတ်သက်ပြီး မသင်မနေရ ဘာ သာ ရပ်တစ် ခုအဖြစ် စတင်သင်ကြား နေပြီဖြစ်ကြောင်း ပြင်ဦးလွင် ဇီးပင် ကြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ သိရသည်။ မီဒီယာနှင့် ရဲတပ်ဖွဲ့တို့ကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေ ရန်အတွက် မီဒီယာကျင့်ဝတ်၊ မီဒီ ယာဥပဒေ စသည့်အကြောင်း အရာ များကို မသင်မနေရအဖြစ်သင်ကြား ပေးနေပြီဖြစ်ကြောင်း ပြင်ဦးလွင် ဇီးပင် ကြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်း မှ တပ်ခွဲမှူးဒုရဲမှူးခင်မောင်လွင် က ဖေဖော်ဝါရီ ၂၈ ရက်က ပြောသည်။
ဒုရဲမှူးခင်မောင်လွင်က ''ဒီအ ချိန်မှာ မီဒီယာနဲ့ ရဲတပ်ဖွဲ့တို့အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့နဲ့ ပြည်သူတွေအကျိုးစီးပွား ကိုကာကွယ် စောင့်ရှောက်ပေးနိုင်ဖို့အတွက် ရဲ သင်တန်းကျောင်းတွေမှာ မီဒီယာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ရဲတပ်ဖွဲ့နဲ့ မီဒီယာအကြား ဆက်ဆံ မှုတွေ ကောင်းမွန်ဖြစ်ထွန်းစေဖို့အ တွက် မသင်မနေရဘာ သာရပ်တစ်ခု အနေနဲ့ လွန်ခဲ့တဲ့ ရက်သတ္တပတ် လောက် ကမှစတင်ပြီး အီးယူကသင် ကြားပို့ချထားတဲ့နည်းစနစ်တွေနဲ့ ရဲ အရာရှိကြီးတွေကနေတစ်ဆင့် ရဲ အရာရှိသင်တန်းကျောင်းတွေ၊ ရဲ အကြပ်သင်တန်းကျောင်းတွေမှာ ခေတ်စနစ်နဲ့အညီ မီဒီယာကျင့်ဝတ် တွေနဲ့ မီဒီယာအကြောင်းတွေကိုသင် ကြားပေးနေတာပါ''ဟုပြောသည်။
အီးယူအနေဖြင့်လည်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာအဆင့် မီအဖွဲ့အစည်းကြီးတစ်ခုဖြစ်လာစေ ရန်အတွက် ၂၀၁၃ ခုနှစ် စက်တင် ဘာမှစတင်ကာ ၂၀၁၅ ခုနှစ် စက် တင်ဘာအထိ ယူရို ၉ ဒသမ ၅ သန်း ကူညီထောက်ပံ့ခဲ့ပြီး ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်နှင့် လူစုလူဝေးများအား စနစ်တကျကိုင်တွယ်ထိန်းသိမ်းခြင်း၊ မီဒီယာနှင့် ရဲတပ်ဖွဲ့တို့အကြားပူးပေါင်း မှုအားကောင်းစေ ရန်အတွက် သင်တန်း ပေးခြင်းများကိုဆောင်ရွက်ခဲ့ကာ အ စိုးရသစ်လက်ထက်တွင်လည်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ကို ပိုမိုအားကောင်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာစေရေးအ တွက် အီးယူအနေဖြင့် ကူညီထောက် ပံ့မှုများ ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment