.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Tuesday, October 18, 2016

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်က မူးယစ်ဆေးရှာဖွေစစ်ဆေးစဉ် ရွာသား ၁ ဦးသေဆုံး

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်က မူးယစ်ဆေးရှာဖွေစစ်ဆေးစဉ် ရွာသား ၁ ဦးသေဆုံး


     ရှမ်းပြည်နယ် ရပ်စောက်မြို့ ယမ်းတွင်းကျေးရွာအုပ်စု နန်းအွန်ရွာမှာ  ပအိုဝ်းအမျိုးသားတပ်မတော် (ပီအန်အေ) ပြည်သူ့စစ်အဖွဲ့က မူးယစ်ဆေးဝါးစစ်ဆေးရှာဖွေစဉ် ရွာသား ၁ ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။

အောက်တိုဘာလ ၁၀ ရက် ညက   ပီအန်အေ စစ်တပ် တပ်ခွဲ ၉ အဖွဲ့ဦးဆောင်ပြီး နန်းအွန်ရွာရှိ ခွန်တထူးနေအိမ်ကို မူးယစ်ဆေးဝါးစစ်ဆေးရာမှာ သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားပြီး  သေဆုံးသွားခဲ့ တာလို့ နန်းအွန်ရွာခံတဦးကပြောပါတယ်။

“မူးယစ်ဆေးဝါးရောင်းဝယ်တယ်လို့ စွပ်စွဲပြီး စစ်ဆေးတဲ့အချိန်မှာပစ်သတ်လိုက်တာ၊ မူးယစ်ဆေးဝါးလည်း မတွေ့ပါဘူး။ ကျွန်တော်တို့ရွာမှာ ပြန်ပေးဆွဲတာ မကြာခဏ တွေ့ကြုံရ တယ်။  သူတို့လာနှိပ်စက်တာ အကြိမ်ပေါင်းများနေပြီ။ ဆက်ကြေး ကောက်တယ် အမျိုးမျိုး နှိပ်စက်တယ်။  အခုခွန်တထူးဟာ ခြေထောက်တဘက်မကောင်းဘူး။ ဆိုင်ကယ် ပြင်နေချိန်မှာ ပီအန်အေက သေနတ်နဲ့ချိန်တယ် ကျွန်တော်ဘာ အပြစ်ရှိလဲလို့ပြန်မေးတာကို အသံမထွက်နဲ့ ဆိုပြီး ပစ်လိုက်တယ် အပြစ်မဲ့သေဆုံးရခြင်းဖြစ်တယ်။”

ဒီအမှုနဲ့ပတ်သက်ပြီးစစ်ဆေးဖို့ အခင်းဖြစ်ပွားတဲ့ရွာကို ရဲတပ်ဖွဲ့ကသွားနေဆဲဖြစ်ပြီး သေဆုံးသူရဲ့ ဇနီးဖြစ်သူကလည်း  အမှုဖွင့်ဖို့ရှိနေတယ်လို့  ရပ်စောက် ရဲစခန်းစခန်းမှူးကပြောပါတယ်။

“ဒီနေ့အခင်းဖြစ်တဲ့နေရာမှာ ဆရာမ၊ ရှေ့နေနဲ့ ကျွန်တော်တို့ရဲတပ်ဖွဲ့ တွေစစ်ဆေးဖို့သွားပါတယ်။ လက်နက်ကိုင်လှုပ်ရှားတဲ့နယ်မြေဖြစ်တဲ့အတွက် လုံခြုံရေးတာဝန်မယူ ပေးနိုင်ကြဘူး ဒီနေ့ ဆတ်သေရွာထိ ဘဲရောက်ခဲ့တယ် နန်းအွန်ရွာနဲ့ ဆတ်သေရွာက ၇ မိုင်ဝေးသေးတယ်၊ ဆက်သွားဖို့လုံခြုံရေးမယူနိုင်လို့ အမှုဖြစ်ပွားတဲ့နေရာ မရောက်ခဲ့တဲ့အတွက် အတိကျမပြောနိုင် သေးဘူး၊ လုံခြုံရေးအတွက် စစ်တပ်ကိုအကြောင်းကြားထားတယ် မနက်ဖြန်သေဆုံးသူဇနီးက စခန်းမှာ အမှုလာဖွင့်မယ်လို့ပြောတယ်၊ အမှုပေါ် မူတည်ပြီး ဆက်လက်အရေးယူသွားမှာပါ။”

သေဆုံးသူရွာသား ခွန်တထွန်းဟာ ရဲစစ်ချက်နဲ့ အမိန့်မရသေးတဲ့အတွက် ယခုထိ အလောင်းကို မသဂြိုလ်ရသေးဘဲ ဒီအတိုင်း လက်ထိပ်ခတ်နဲ့ သေဆုံးနေတာကို သုံးရက်ရှိနေပြီဖြစ်ပါတယ်။

ယမ်းတွင်းကျေးရွာအုပ်စုဒေသမှာ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ ပီအန်အေ  ပြည်သူ့စစ်အဖွဲ့တွေ လှုပ်ရှားတဲ့နယ်မြေလည်းဖြစ်ပါတယ်။ အဆိုပါ ရွာသား သေဆုံးမှုနဲ့ ပတ်သက်ပြီး ပီအန်အေဘက်ကိုတော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်း နိုင်ခြင်း မရှိသေးပါဘူး။

Sunday, October 16, 2016

TNLA တပ်ဖွဲ့ဝင်တွေကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တွေ့ရစဉ်
TNLA တပ်ဖွဲ့ဝင်တွေကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တွေ့ရစဉ်


အစိုးရတပ်မတော်နဲ့ TNLA ကျောက်မဲမှာ တိုက်ပွဲဖြစ်ပွား

2016-10-16

အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်လုံမြို့နယ်ခွဲက ပါလိုင်ကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့  တအာင်း(ပလောင်)တိုင်းရင်းသား လက်ကိုင်ကိုင် အဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်လောက်ကစပြီး တိုက်ပွဲဖြစ်ပွားနေရာမှာ ဒီကနေ့ တိုက်ပွဲတွေပိုပြင်းထန်နေတယ်လို့ ပါလိုင်ကျေး ရွာဒေသခံတစ်ဦး က ပြောပါတယ်။
အဲဒီကျေးရွာတွေဟာ TNLA တပ်တွေ သွားလာလှုပ်ရှားနေတဲ့ ကျေးရွာတွေဖြစ်ပြီး အခုချိန်မှာ နှစ်ဖက်တပ်တွေ နီးနီးကပ်ကပ်ရှိနေတဲ့အနေအထားဖြစ်ပါတယ်။
TNLA တပ်မဟာ ၂ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက် လာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေကြောင်း နဲ့ မိုးမိတ်မြို့နယ်မှာလည်း TNLA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA ဖက်က သတင်းထုတ်ပြန်ထားပါတယ်။

Thursday, September 29, 2016

အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ် ပေါ်ပေါက်ရေးအတွက် ပါဝင်လိုသည့်အဖွဲ့အစည်းများအား ဖိတ်ခေါ်ခြင်း

အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ် ပေါ်ပေါက်ရေးအတွက် ပါဝင်လိုသည့်အဖွဲ့အစည်းများအား ဖိတ်ခေါ်ခြင်း

၁။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့သည် မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်တစ်ရပ်ပေါ်ထွက်လာရေးအတွက် လုပ်ငန်းစဉ် (၇) ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ မူဝါဒသစ်တစ်ရပ်ရေးဆွဲရာ၌ လုပ်ငန်းကဏ္ဍပေါင်းစုံပါဝင်လာစေရန် အောက်ပါ လုပ်ငန်းအဖွဲ့ (၅) ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ခေါင်းစဉ်အလိုက် ဆွေးနွေးသွားကြမည်ဖြစ်ပါသည်-
 (က) သုံးစွဲမှုကြိုတင်ကာကွယ်ရေး လုပ်ငန်းအဖွဲ့
 ( ခ) ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့
 ( ဂ) ထုတ်လုပ်မှုလျှော့ချရေး လုပ်ငန်းအဖွဲ့
 (ဃ) လူ့အခွင့်အရေးနှင့် စိန်ခေါ်မှုသစ်များဆိုင်ရာလုပ်ငန်းအဖွဲ့
  ( င) အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းအဖွဲ့
၃။ သို့ပါ၍ လုပ်ငန်းအဖွဲ့များအလိုက် ပါဝင်ဆွေးနွေးလိုသည့် လူမှုအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအနေဖြင့် စီမံကိန်းဌာန၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ Fax ဖုန်း အမှတ် ၀၆၇ ၄၁၂၅၄၄၊ Gmail လိပ်စာ ccdac.pm@gmail. com သို့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ထိ နောက်ဆုံးထား၍ ဆက်သွယ်စာရင်းပေးသွင်းနိုင် ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

နိုင်ငံတော်သမ္မတထံ ပြည်သူများ အွန်လိုင်းမှ ဆက်သွယ်တင်ပြတိုင်ကြားနိုင်ပြီ



နိုင်ငံတော်သမ္မတထံ ပြည်သူများ အွန်လိုင်းမှ ဆက်သွယ်တင်ပြတိုင်ကြားနိုင်ပြီ

president
ပြည်သူလူထုတွေရဲ့  တင်ပြချက်တွေကို  အလေးထား ဖြေရှင်းဆောင်ရွက်ပေးဖို့ နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက်ကိုဆက်သွယ်ပြီး တင်ပြစာတွေပေးပို့နိုင်ပြီလို့ သမ္မတရုံးက ကြေညာပါတယ်။
ဆက်သွယ်လိုသူတွေအနေနဲ့ နိုင်ငံတော်သမ္မတရုံးအွန်လိုင်း www.president-office.gov.mm  ကို ကွန်ပြူတာသို့မဟုတ် မိုဘိုင်းဖုန်းကနေ၀င်ရောက်ပြီး နိုင်ငံတော်သမ္မတထံပေးစာ (စာအိတ်ပုံ အမှတ်အသား)ကို နှိပ်ကာ အချက်အလက်တွေ ဖြည့်သွင်းပေးပို့ရမှာပါ။
အချက်အလက်တွေ အပြည့်အစုံထည့်သွင်းမှ နောက်တစ်ဆင့် ဆက်သွားနိုင်မှာဖြစ်ပြီး အထူး သဖြင့် မိုဘိုင်းဖုန်းနံပတ်ကို မှန်မှန်ကန်ကန်  ဖြည့်သွင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။
မိုဘိုင်းဖုန်းနံပတ် မှားယွင်းဖြည့်သွင်းထားပါက ပေးပို့တဲ့ SMS Codeနံပါတ် ရရှိမှာ မဟုတ်ဘဲ မိမိမိုဘိုင်းဖုန်းကို ဝင်ရောက်လာတဲ့  ကုဒ်နံပါတ်ကို ဖြည့်စွက်ပြီး  ပြန်လည်ပေးပို့ ရမှာပါ။
အချက်လက်ဖြည့်စွက်တဲ့ လုပ်ဆောင်ချက်တွေအားလုံး မှန်ကန်ပါက တင်ပြစာ ပေးပို့မှု အဆင့်တွေ ပြီးစီးသွားပြီဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးက ဆက်လက် ဆောင်ရွက်ပေးသွားမယ်လို့ လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
သမ္မတ ဦးထင်ကျော် နိုင်ငံတာဝန် စတင်ထမ်းဆောင်ပြီး  ၆လလောက် အကြာမှာ ခုလို ပြည်သူလူထုတွေ အွန်လိုင်း ကနေဆက်သွယ်တိုင်ကြားနိုင်ဖို့ လုပ်ဆောင်လိုက်တာဖြစ်ပြီး ယခင် သမ္မတ ဟောင်း ဦးသိန်းစိန်လက်ထက်ကလည်း အလားတူ လုပ်ဆောင်ခဲ့ဖူးပါတယ်။
အွန်လိုင်းကနေတင်ပြစာပေးပို့ပုံအဆင့်ဆင့်ကို အောက်ပါလင့်ခ်မှာ အသေးစိတ် ကြည့်ရှုနိုင်ပါ တယ်။

Wednesday, September 14, 2016

viber hack နည်း လေပါ












အဆင်ပြေနိုင်ပါစေဗျ

ရပ်စောက်မြို့နယ်တွင် WY စိတ်ကြွရူးသွပ်ဆေးပြားသယ်ဆောင်လာသော အဖွဲ့များအား ဆက်တိုက် ဖမ်းဆီးရမိ

ရပ်စောက်မြို့နယ်တွင် WY စိတ်ကြွရူးသွပ်ဆေးပြားသယ်ဆောင်လာသော အဖွဲ့များအား ဆက်တိုက် ဖမ်းဆီးရမိ

.
ဗထူး(News)(ရပ်စောက်၊ စက်တင်ဘာ ၁၃)
.
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့၌ WYစိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်လာသော (၄)ဖွဲ့ကို ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း မြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
.
ပထမအဖွဲ့ကို ရပ်စောက်မြို့နှင့် ၂၂မိုင်ခန့်ဝေးကွာသည့် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ မြေမဲကျေးရွာ နှင့်ကျောက်ငှက်ကျေးရွာသွား မြေသားလမ်းပေါ်၌ စက်တင်ဘာလ ၁၂ရက်နေ့ နေ့လည် ၂နာရီအချိန်က နယ်ထိန်းခေါင်းဆောင်ရဲအုပ် မင်းမင်းစိုးမှဦးဆောင်၍ ရဲတပ်ကြပ်ကြီးယဉ်ထွေး၊ ရဲတပ်ကြပ်ကြီးရဲထွန်း၊ ရဲတပ်ကြပ်စောကျော်ကျော်၊ ရဲတပ်ကြပ်ထွန်းထွန်းဦး၊ သက်သေများအဖြစ် ယမ်းတွင်းငါးကြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခွန်သန်းထူး၊ ပင်ဖြစ်ကျေးရွာ ရပ်မိရပ်ဖဦးညီထွေးတို့နှင့်အတူ ကျောက်ငှက်ကျေးရွာ ဖက်မှ မြေမဲကျေးရွာဘက်သို့ မောင်းနှင်လာသည့်ဆိုင်ကယ်နှင့်ကားများအား ရပ်တန့်စစ်ဆေးနေစဉ် Wan bo 125 အနက်ရောင်(နံပါတ်မပါ)ကို မောင်းနှင်လာသော မောင်ငယ်ဆိုသူထံမှ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၉၀)ပြား၊ အစိမ်းရောင်(၂)ပြား၊ စုစုပေါင်း(၁၉၂)ပြား၊ (၁၉ဒဿမ ၂)ဂရမ်၊ ကာလ တန်ဖိုး(၁)ပြားလျှင်(၁၀၀၀ိ/)နှုန်းဖြင့် (၁၉၂၀၀၀ိ/)ကျပ်အားတွေ့ရှိသဖြင့် မမစ(ရစ) မယ(ပ) ၂၇/ ၂၀၁၆၊ မူး /စိတ်-၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
ဒုတိယအဖွဲ့အား အဆိုပါနေ့ မွန်းလွဲ ၂နာရီ ၄၀မိနစ်အချိန်၌ အထက်ပါမူးယစ်ဆေးဝါးဖမ်းဆီးနှိမ်နှင်းရေးအဖွဲ့မှ မြေမဲကျေးရွာ နှင့် ကျောက်ငှက်သွား မြေသားလမ်းပေါ်မှ Genubo 125 အနီရောင်(နံပါတ်မပါ)အား မောင်းနှင်စီးနင်း လိုက်ပါလာသူ ဆန်းဌေးဦးနှင့်ကျော်ဦးတို့နှစ်ဦးထံမှ WYစာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၅၉၄) ပြား၊ အစိမ်းရောင်(၆)ပြား၊ စုစုပေါင်း(၆၀၀)ပြား၊ (၆၀)ဂရမ်၊ ကာလတန်ဖိုး(၁)ပြားလျှင်(၁၀၀၀ိ/) နှုန်းဖြင့် (၆၀၀၀၀၀ိ/)ကိုတွေ့ရှိရသဖြင့် မမစ(ရစ)မယ(ပ)၂၈/၂၀၁၆၊ မူး/စိတ်-၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
ထို့အတူ တတိယအဖွဲ့အား ယင်းနေ့ ညနေ ၃နာရီနှင့် မိနစ် ၃၀အချိန်၌ အဆိုပါမူးယစ်ဆေးဝါးဖမ်းဆီးနှိမ်နှင်း ရေးအဖွဲ့မှ မြေမဲကျေးရွာနှင့် ကျောက်ငှက်ကျေးရွာသား မြေသားလမ်းပေါ်မှာပင် အောင်ကျော်စိုးနှင့်ရဲမင်း သန်းတို့နှစ်ဦးမောင်းနှင်လိုက်ပါလာသည့် Super Anbo 125 အပြာရောင်(နံပါတ်မပါ)မှ WY စာတန်းပါ ပန်း ရောင်စိတ်ကြွရူးသွပ်ဆေးပြား(၃၉၈)ပြား၊ အစိမ်းရောင်(၄)ပြား၊ စုစုပေါင်း(၄၀၂)ပြား၊ (၄၀ဒဿမ ၂)ဂရမ်၊ ကာလတန်ဖိုး(၁)ပြားလျှင် (၁၀၀၀ိ/)နှုန်းဖြင့် (၄၀၂၀၀၀ိ/)ကို တွေ့ရှိရသဖြင့် မမစ(ရစ) မယ(ပ)၂၉/ ၂၀ ၁၆၊ မူး/စိတ်-၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
စတုတ္ထအဖွဲ့အား စက်တင်ဘာလ ၁၂ရက်နေ့ ညနေ ၄နာရီနှင့် မိနစ် ၂၀အချိန်၌ အဆိုပါမူးယစ်ဆေးဝါးဖမ်းဆီးနှိမ်နှင်း ရေးအဖွဲ့မှ မြေမဲကျေးရွာနှင့် ကျောက်ငှက်ကျေးရွာသား မြေသားလမ်းပေါ်မှာပင် အောင်လင်းနှင့် ဝေဖြိုးတို့ နှစ်ဦး မောင်းနှင်လိုက်ပါလာသည့် Wangbo 125 အဖြူရောင်(နံပါတ်မပါ)ပေါ်မှ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၃၂၇)ပြား၊ အစိမ်းရောင်(၃)ပြား၊ စုစုပေါင်း(၃၃၀)ပြား၊ (၃၃)ဂရမ်၊ ကာလတန်ဖိုး(၁) ပြားလျှင် (၁၀၀၀ိ/)နှုန်းဖြင့် (၃၃၀၀၀၀ိ/)ကို တွေ့ရှိရသဖြင့် မမစ(ရစ) မယ(ပ) ၃၀/ ၂၀၁၆၊ မူး/စိတ်-၁၅/၁၉ (က)/၂၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
.

Tuesday, September 13, 2016

ဘိုကလေးမြို့နယ်တွင် ရေငုပ်၍ ခရုကောက်သူ လူလတ်ပိုင်းတစ်ဦး မိကျောင်းဆွဲခံရ

ဘိုကလေးမြို့နယ်တွင် ရေငုပ်၍ ခရုကောက်သူ လူလတ်ပိုင်းတစ်ဦး မိကျောင်းဆွဲခံရ


ဗထူး(News)စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စု မြင်းကအုပ်ကျေးရွာ ငါးပိချောင်း ရေကျော်ချောင်းတွင် နေထိုင်သူတစ်ဦး ချောင်းအတွင်းရေငုပ်စဉ် မိကျောင်းကိုက်ချီ ဆွဲယူသွားခဲ့ရာ သေဆုံးသွားခဲ့ကြောင်း သိရသည်။


ကိုက်ချီဆွဲယူ

ဖြစ်စဉ်မှာ မြင်းကအုပ်ကျေးရွာ ငါးပိချောင်း ရေကျော်ချောင်းအနီးတွင် နေထိုင်သော လယ်ယာလုပ်ငန်းလုပ်ကိုင်ပြီး တစ်နိုင်တစ်ပိုင်ဘဲမွေးမြူသူ ကိုမျိုးထွန်း (၄ဝ)နှစ်သည် စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲက ဘဲစာကျွေးရန်အတွက် ရေကျော်ချောင်းအတွင်း ရေငုပ်ကာ ခရုကောက်နေစဉ် မိကျောင်းတစ်ကောင်က ကိုက်ချီဆွဲယူသွားခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကို ကိုမျိုးထွန်း၏ အဒေါ်ဖြစ်သူ ဒေါ်ခင်မာရီက မြင်တွေ့ခဲ့ခြင်းဖြစ်သည်။ ဒေါ်ခင်မာရီသည် ထိုအချိန်က ပျိုးနုတ်ကောက်စိုက်ပြီး သောင်ဖုန်းဘက်ကမ်းမှ မြင်းကအုပ် ကျေးရွာသို့ပြန်လာစဉ် ရေကျချိန်ဖြစ်၍ ရေအနက် သုံးပေသာရှိသော ရေကျော်ချောင်းထဲသို့ဆင်းပြီး လမ်းလျှောက်ပြန်လာခဲ့ရာ ၁ဝ ပေအကျယ်ရှိသော ချောင်းအတွင်းတစ်နေရာ၌ အမြှုပ်တစီစီ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထိုနေရာတွင် လူတစ်ယောက်၏ လက်ပေါ်နေသည်ကို တွေ့လိုက်၍ စူးစိုက် ကြည့်နေစဉ် မိကျောင်းအဝါကျားကြီးတစ်ကောင်ပေါ်လာပြီး ဒေါ်ခင်မာရီထံ လာပြီး ကိုက်ဟပ်ရန် ကြိုးစားခဲ့သည်။

ထိုအခါ ဒေါ်ခင်မာရီက ကြောက်အားလန့်အားနှင့် ''လာကြပါဦး လူတစ်ယောက်ကို မိကျောင်းဆွဲနေလို့..မိကျောင်းဆွဲနေလို့''ဟု အော်ဟစ်ခဲ့ရာ အနီးအနားတွင် နေထိုင်ကြသော ကိုမျိုးဝင်း၊ ကိုလင်းလင်းတို့ ပြေးထွက်လာပြီး ကူညီကြသဖြင့် ဒေါ်ခင်မာရီ မိကျောင်းရန်မှ လွတ်မြောက်ခဲ့သည်။ မြင်းကအုပ် ရွာသား ကိုမျိုးဝင်းက'' ကျွန်တော်တို့ အော်သံကြားလို့ ပြေးထွက်ကြည့်လိုက်တော့ ကြောက်လန့်နေတဲ့ ဒေါ်ခင်မာရီကိုတွေ့ပြီး ချောင်းထဲဆင်းကူကြတယ်။ ချောင်းထဲမှာ ဘဲကျောင်းလှေတစ်စင်းကို သာတွေ့ရပြီး ကိုမျိုးထွန်း ပျောက်နေလို့ ရေထဲမှာ လိုက်ရှာကြည့်တာ ရေထဲမှာ ဒဏ်ရာတွေနဲ့ ကိုမျိုးထွန်း အလောင်းကို တွေ့ခဲ့ပါတယ်''ဟု ရှင်းပြသည်။ ကိုမျိုးထွန်းမှာ ညာလက်မောင်း၊ ညာရင်စို့၊ ရင်ဘတ်၊ ညာလည်ပင်းအောက်ညှပ်ရိုးနှင့် ကျောညာဘက်တို့တွင် မိကျောင်း ကိုက်ဒဏ်ရာ ကုတ်ရာများနှင့်သေဆုံးခဲ့ခြင်းဖြစ်သည်။ ကိုမျိုးထွန်းသည် မွေးချင်းမောင်နှမ ငါးဦးအနက် အကြီးဆုံးသားဖြစ်ပြီး ဇနီးမနှင်းနှင့် သမီးနှင့်သား နှစ်ဦးကျန်ရစ်သည်။


ဘိုကလေးမြို့နယ်အတွင်း ချောင်းစပ်ကျေးရွာများတွင် မိကျောင်းကိုက်ချီ မှု နှစ်အလိုက်ဖြစ်ပွားလျက်ရှိပြီး ချောင်းမြောင်းများအတွင်း သတိထားနေထိုင် ရန် အသိပေးထားသည်။ ယခုရာသီတွင် မိကျောင်းအမများ ဥဥကြပြီး အသိုက် ဆောက် သားပေါက်ချိန်ဖြစ်၍ ရန်လိုနေသည့်အချိန်လည်းဖြစ်သည်။
ယင်းဖြစ်စဉ်မျိုးကို မကြာသေးသော ဇွန်လ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲက ဆင်အိုင်စလောင်းကျ ကျေးရွာတွင်နေထိုင်သော ကိုဇော်မျိုးနိုင်၏ဇနီး မခိုင်ခိုင်ဦး အသက်(၂၄)နှစ်မှာလည်း ဘဲစာကျွေးပြီး ဘဲစာပုံးကို ရေစပ်တွင် ဆင်းဆေးရာ ချောင်းအတွင်းမှ မိကျောင်းနက်ကြီးတစ်ကောင် ကိုက်ချီ ဆွဲယူသွားခြင်းခံရဖူးသည်။

ထိုဖြစ်စဉ်မျိုး မကြာခဏဖြစ်ပွားနေသဖြင့် ရေလုပ်ငန်းလုပ်ကိုင်သူများ၊ ဘဲမွေးသူများ၊ ကဏန်းထောင်စားသူများသည် ယင်းလုပ်ငန်းများကို မလုပ်ကိုင်ရဲ ဖြစ်နေကြသည်။ ယခင်ကာလများက ချောင်းအကျယ်များတွင်သာ မိကျောင်းများ ကို တွေ့ရှိတတ်ပြီး ရေတိမ်ပြီး အလွန်ကျဉ်းသော ရေကျော်ချောင်းကဲ့သို့ ချောင်းများ တွင် မိကျောင်းများကို မတွေ့တတ်ချေ။

''လက်ရှိအခြေအနေအရဆိုရင် ချောင်းလေး ဟိုဘက်ဒီဘက် လယ်ကွက်ခြားနေတဲ့ လယ်သမားတွေအတွက် နေ့စဉ် လယ်ထဲဆင်းဖို့ကိုပဲ အတော်ကြောက်နေကြပြီး လုပ်ငန်းအတွက်အခက်အခဲဖြစ် နေပါတယ်''ဟု မြင်းကအုပ်ကျေးရွာ ရာအိမ်မှူး ဦးသန်းလွင်က ပြောသည်။

Monday, September 12, 2016

လိုင်စင်မဲ့ယာဉ် လက်ဝယ်ထားရှိအသုံးပြုသူများအား အရေးယူထား


လိုင်စင်မဲ့ယာဉ် လက်ဝယ်ထားရှိအသုံးပြုသူများအား အရေးယူထား
ဗထူး(News)၊ စက်တင်ဘာ ၁၂
 ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ အမှတ်(၁၁၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မုံရွာ)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မုံရွာမြို့၊ ရုံးကြီးရပ်ကွက် ရုံးကြီးလမ်းနှင့် ပွဲစားတန်းလမ်းဆုံ ကမ်းနားလမ်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးရေးများ ဆောင်ရွက်နေစဉ် အဆိုပါလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နေ မျိုးမင်းလတ်(၃၅)နှစ်မောင်းနှင်လာသော YGN 7F/×××× TOYOTA Bb အနက်ရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် မျိုးမင်းလတ်အား မုံရွာမြို့မရဲစခန်း(ပ)၁၂၆၂/၂၀၁၆၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
 အလားတူ ယင်းနေ့ နံနက် ၁၁ နာရီအချိန် ထီးချိုင့်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့အဝင် မောင်းတံဂိတ်၌ ထီးချိုင့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ လိုင်စင်မဲ့ယာဉ်များ စစ်ဆေးနေစဉ် မြစ်ကြီးနားဘက်မှ ထီးချိုင့်မြို့ဘက်သို့ မိုးညှင်းမြို့၊ သရက်ကုန်းရပ်ကွက်နေ မြသိန်း(၄၇)နှစ်မောင်းနှင်လာသော HONDA Fit ခဲဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် မြသိန်းအား ထီးချိုင့်မြို့မရဲစခန်း(ပ)၃၃၀/၂၀၁၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။