ရပ်စောက်မြို့နယ်တွင် WY စိတ်ကြွရူးသွပ်ဆေးပြားသယ်ဆောင်လာသော အဖွဲ့များအား ဆက်တိုက် ဖမ်းဆီးရမိ
.
ဗထူး(News)(ရပ်စောက်၊ စက်တင်ဘာ ၁၃)
.
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့၌ WYစိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်လာသော (၄)ဖွဲ့ကို ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း မြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
.
ပထမအဖွဲ့ကို ရပ်စောက်မြို့နှင့် ၂၂မိုင်ခန့်ဝေးကွာသည့် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ မြေမဲကျေးရွာ နှင့်ကျောက်ငှက်ကျေးရွာသွား မြေသားလမ်းပေါ်၌ စက်တင်ဘာလ ၁၂ရက်နေ့ နေ့လည် ၂နာရီအချိန်က နယ်ထိန်းခေါင်းဆောင်ရဲအုပ် မင်းမင်းစိုးမှဦးဆောင်၍ ရဲတပ်ကြပ်ကြီးယဉ်ထွေး၊ ရဲတပ်ကြပ်ကြီးရဲထွန်း၊ ရဲတပ်ကြပ်စောကျော်ကျော်၊ ရဲတပ်ကြပ်ထွန်းထွန်းဦး၊ သက်သေများအဖြစ် ယမ်းတွင်းငါးကြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခွန်သန်းထူး၊ ပင်ဖြစ်ကျေးရွာ ရပ်မိရပ်ဖဦးညီထွေးတို့နှင့်အတူ ကျောက်ငှက်ကျေးရွာ ဖက်မှ မြေမဲကျေးရွာဘက်သို့ မောင်းနှင်လာသည့်ဆိုင်ကယ်နှင့်ကားများအား ရပ်တန့်စစ်ဆေးနေစဉ် Wan bo 125 အနက်ရောင်(နံပါတ်မပါ)ကို မောင်းနှင်လာသော မောင်ငယ်ဆိုသူထံမှ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၉၀)ပြား၊ အစိမ်းရောင်(၂)ပြား၊ စုစုပေါင်း(၁၉၂)ပြား၊ (၁၉ဒဿမ ၂)ဂရမ်၊ ကာလ တန်ဖိုး(၁)ပြားလျှင်(၁၀၀၀ိ/)နှုန်းဖြင့် (၁၉၂၀၀၀ိ/)ကျပ်အားတွေ့ရှိသဖြင့် မမစ(ရစ) မယ(ပ) ၂၇/ ၂၀၁၆၊ မူး /စိတ်-၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
ဒုတိယအဖွဲ့အား အဆိုပါနေ့ မွန်းလွဲ ၂နာရီ ၄၀မိနစ်အချိန်၌ အထက်ပါမူးယစ်ဆေးဝါးဖမ်းဆီးနှိမ်နှင်းရေးအဖွဲ့မှ မြေမဲကျေးရွာ နှင့် ကျောက်ငှက်သွား မြေသားလမ်းပေါ်မှ Genubo 125 အနီရောင်(နံပါတ်မပါ)အား မောင်းနှင်စီးနင်း လိုက်ပါလာသူ ဆန်းဌေးဦးနှင့်ကျော်ဦးတို့နှစ်ဦးထံမှ WYစာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၅၉၄) ပြား၊ အစိမ်းရောင်(၆)ပြား၊ စုစုပေါင်း(၆၀၀)ပြား၊ (၆၀)ဂရမ်၊ ကာလတန်ဖိုး(၁)ပြားလျှင်(၁၀၀၀ိ/) နှုန်းဖြင့် (၆၀၀၀၀၀ိ/)ကိုတွေ့ရှိရသဖြင့် မမစ(ရစ)မယ(ပ)၂၈/၂၀၁၆၊ မူး/စိတ်-၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
ထို့အတူ တတိယအဖွဲ့အား ယင်းနေ့ ညနေ ၃နာရီနှင့် မိနစ် ၃၀အချိန်၌ အဆိုပါမူးယစ်ဆေးဝါးဖမ်းဆီးနှိမ်နှင်း ရေးအဖွဲ့မှ မြေမဲကျေးရွာနှင့် ကျောက်ငှက်ကျေးရွာသား မြေသားလမ်းပေါ်မှာပင် အောင်ကျော်စိုးနှင့်ရဲမင်း သန်းတို့နှစ်ဦးမောင်းနှင်လိုက်ပါလာသည့် Super Anbo 125 အပြာရောင်(နံပါတ်မပါ)မှ WY စာတန်းပါ ပန်း ရောင်စိတ်ကြွရူးသွပ်ဆေးပြား(၃၉၈)ပြား၊ အစိမ်းရောင်(၄)ပြား၊ စုစုပေါင်း(၄၀၂)ပြား၊ (၄၀ဒဿမ ၂)ဂရမ်၊ ကာလတန်ဖိုး(၁)ပြားလျှင် (၁၀၀၀ိ/)နှုန်းဖြင့် (၄၀၂၀၀၀ိ/)ကို တွေ့ရှိရသဖြင့် မမစ(ရစ) မယ(ပ)၂၉/ ၂၀ ၁၆၊ မူး/စိတ်-၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
စတုတ္ထအဖွဲ့အား စက်တင်ဘာလ ၁၂ရက်နေ့ ညနေ ၄နာရီနှင့် မိနစ် ၂၀အချိန်၌ အဆိုပါမူးယစ်ဆေးဝါးဖမ်းဆီးနှိမ်နှင်း ရေးအဖွဲ့မှ မြေမဲကျေးရွာနှင့် ကျောက်ငှက်ကျေးရွာသား မြေသားလမ်းပေါ်မှာပင် အောင်လင်းနှင့် ဝေဖြိုးတို့ နှစ်ဦး မောင်းနှင်လိုက်ပါလာသည့် Wangbo 125 အဖြူရောင်(နံပါတ်မပါ)ပေါ်မှ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၃၂၇)ပြား၊ အစိမ်းရောင်(၃)ပြား၊ စုစုပေါင်း(၃၃၀)ပြား၊ (၃၃)ဂရမ်၊ ကာလတန်ဖိုး(၁) ပြားလျှင် (၁၀၀၀ိ/)နှုန်းဖြင့် (၃၃၀၀၀၀ိ/)ကို တွေ့ရှိရသဖြင့် မမစ(ရစ) မယ(ပ) ၃၀/ ၂၀၁၆၊ မူး/စိတ်-၁၅/၁၉ (က)/၂၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
.
No comments:
Post a Comment