.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Monday, September 12, 2016

လိုင်စင်မဲ့ယာဉ် လက်ဝယ်ထားရှိအသုံးပြုသူများအား အရေးယူထား


လိုင်စင်မဲ့ယာဉ် လက်ဝယ်ထားရှိအသုံးပြုသူများအား အရေးယူထား
ဗထူး(News)၊ စက်တင်ဘာ ၁၂
 ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ အမှတ်(၁၁၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မုံရွာ)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မုံရွာမြို့၊ ရုံးကြီးရပ်ကွက် ရုံးကြီးလမ်းနှင့် ပွဲစားတန်းလမ်းဆုံ ကမ်းနားလမ်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးရေးများ ဆောင်ရွက်နေစဉ် အဆိုပါလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နေ မျိုးမင်းလတ်(၃၅)နှစ်မောင်းနှင်လာသော YGN 7F/×××× TOYOTA Bb အနက်ရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် မျိုးမင်းလတ်အား မုံရွာမြို့မရဲစခန်း(ပ)၁၂၆၂/၂၀၁၆၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
 အလားတူ ယင်းနေ့ နံနက် ၁၁ နာရီအချိန် ထီးချိုင့်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့အဝင် မောင်းတံဂိတ်၌ ထီးချိုင့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ လိုင်စင်မဲ့ယာဉ်များ စစ်ဆေးနေစဉ် မြစ်ကြီးနားဘက်မှ ထီးချိုင့်မြို့ဘက်သို့ မိုးညှင်းမြို့၊ သရက်ကုန်းရပ်ကွက်နေ မြသိန်း(၄၇)နှစ်မောင်းနှင်လာသော HONDA Fit ခဲဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် မြသိန်းအား ထီးချိုင့်မြို့မရဲစခန်း(ပ)၃၃၀/၂၀၁၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

No comments: