.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Monday, August 15, 2016

ဟွေးတိုက်နယ်အတွင်းရှိ ၊ ဟွေးကျေးရွာအုပ်စု ၌ကိုယ့်အားကိုယ်ကိုးကာ ကျေးရွာ အတွင်း အဓိကနေရာများ သောက်ရေသုံးရေ ရရှိရေး စုပေါင်းလုပ်အားပေး ခြင်း ပြီးမြောက်အောင်မြင်







ရှမ်းပြည်နယ်တောင်ပိုင်း ၊တောင်ကြီးခရိုင် ၊ရပ်စောက်မြို့နယ် ၊ ဟွေး တိုက်နယ်အတွင်းရှိ ၊ ဟွေးကျေးရွာတွင် ၁၅.၈.၂၀၁၆ ရက်နေ့တွင် ၊ ဟွေးဘုန်းတော်ကြီးကျောင်းဆရာတော် ဦးဥာဏိက နှင့်တကွ ရွာလူကြီများ ဖြစ်ကြသော ဦးဆံရှည် ၊ ရပ်မိရပ်ဖများဖြစ်ကြသော  ဦးစဲ ၊ ဦးပန် ၊ ဦးဆယ် တို့က ဦးဆောင်ဦးရွက်ပြုကာ ရွာသူရွာသားများသည် နံနက် ၇ နာရီချိန်မှစတင်ကာ ကျေးရွာ ဘုန်းတော်ကြီးကျောင်းပေါ်ရှိ ရေလှောင်ကန် မှ တဆင့် ကျေးရွာစာသင်ကျောင်း ၊ ကျေးရွာဆေးပေးခန်း နှင့် ဆရာမများ နေအိမ်အစရှိသည်တို့တွင် သောက်ရေ သုံးရေ များ အဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် ရေပိုက်များ သွယ်တန်းပေး ရာတွင် ရွာသူရွာသားများအားလုံး အင်တိုက်အားတိုက် လုပ်အားပေးဆောင်ရွက်ခဲ့ ကြသောကြောင့် ညနေ ၄ နာရီ ချိန်တွင်ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်
၎င်း ရေလှောင်ကန် နှင့် ရေပိုက်များ  သွယ်တန်းခြင်းအတွက်   စုစုပေါင်းတန်ဘိုးငွေမှာ ငွေကျပ် ( ၃၅ ) သိန်း ကျော်  ကုန်ကျ ကြောင်းသိရှိရသည်။

No comments: