Monday, August 15, 2016
ပြည်တွင်းမှ ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ ရောင်းချပါက အခွန် ကင်းလွတ်ခွင့် ပေးမည်
မြန်မာနိုင်ငံ အတွင်း စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ပြည်ပသို့ တင်ပို့ရောင်းချ ပါက နှစ်အကန့်အသတ် မရှိ အခွန် ကင်းလွတ်ခွင့် ပေးမည်ဖြစ်ကြောင်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။
ထို့ပြင် ပြည်ပသို့ ပို့ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို တင်သွင်းမည် ဆိုပါကလည်း နှစ်အကန့် အသတ်မရှိ အခွန်ကင်းလွတ်ခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ဥပဒေသစ်တွင် ပြည်ပသို့ တင်ပို့မည် မဟုတ်သည့် တခြား ကုန်ကြမ်းများအား ပြည်ပမှ တင်သွင်းလာပါက အခွန်ကင်းလွတ်ခွင့် ပေးမည် မဟုတ်ကြောင်း သိရသည်။
ထို့ပြင် ပို့ကုန် ထုတ်လုပ်ရေး လုပ်ငန်းများအား အခွန် ကင်းလွတ်ခွင့် ပေးရာတွင်လည်း မတင်ပို့နိုင်သေးသည့် လုပ်ငန်းများက မူလအခွန် ဆက်လက် ပေးဆောင်နေရမည် ဖြစ်ပြီး ဈေးကွက်သို့ တင်ပို့မည့် အချိန်တွင် တင်သွင်းခဲ့သည့် ကုန်ကြမ်းများအတွက် ပေးဆောင်ထားရသည့် အခွန်ငွေ များကို ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment