အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ် ပေါ်ပေါက်ရေးအတွက် ပါဝင်လိုသည့်အဖွဲ့အစည်းများအား ဖိတ်ခေါ်ခြင်း
၁။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့သည် မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်တစ်ရပ်ပေါ်ထွက်လာရေးအတွက် လုပ်ငန်းစဉ် (၇) ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ မူဝါဒသစ်တစ်ရပ်ရေးဆွဲရာ၌ လုပ်ငန်းကဏ္ဍပေါင်းစုံပါဝင်လာစေရန် အောက်ပါ လုပ်ငန်းအဖွဲ့ (၅) ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ခေါင်းစဉ်အလိုက် ဆွေးနွေးသွားကြမည်ဖြစ်ပါသည်-
(က) သုံးစွဲမှုကြိုတင်ကာကွယ်ရေး လုပ်ငန်းအဖွဲ့
( ခ) ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့
( ဂ) ထုတ်လုပ်မှုလျှော့ချရေး လုပ်ငန်းအဖွဲ့
(ဃ) လူ့အခွင့်အရေးနှင့် စိန်ခေါ်မှုသစ်များဆိုင်ရာလုပ်ငန်းအဖွဲ့
( င) အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းအဖွဲ့
၃။ သို့ပါ၍ လုပ်ငန်းအဖွဲ့များအလိုက် ပါဝင်ဆွေးနွေးလိုသည့် လူမှုအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအနေဖြင့် စီမံကိန်းဌာန၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ Fax ဖုန်း အမှတ် ၀၆၇ ၄၁၂၅၄၄၊ Gmail လိပ်စာ ccdac.pm@gmail. com သို့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ထိ နောက်ဆုံးထား၍ ဆက်သွယ်စာရင်းပေးသွင်းနိုင် ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
ပြည်သူလူထုတွေရဲ့ တင်ပြချက်တွေကို အလေးထား ဖြေရှင်းဆောင်ရွက်ပေးဖို့ နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက်ကိုဆက်သွယ်ပြီး တင်ပြစာတွေပေးပို့နိုင်ပြီလို့ သမ္မတရုံးက ကြေညာပါတယ်။
ဆက်သွယ်လိုသူတွေအနေနဲ့ နိုင်ငံတော်သမ္မတရုံးအွန်လိုင်း www.president-office.gov.mm ကို ကွန်ပြူတာသို့မဟုတ် မိုဘိုင်းဖုန်းကနေ၀င်ရောက်ပြီး နိုင်ငံတော်သမ္မတထံပေးစာ (စာအိတ်ပုံ အမှတ်အသား)ကို နှိပ်ကာ အချက်အလက်တွေ ဖြည့်သွင်းပေးပို့ရမှာပါ။
အချက်အလက်တွေ အပြည့်အစုံထည့်သွင်းမှ နောက်တစ်ဆင့် ဆက်သွားနိုင်မှာဖြစ်ပြီး အထူး သဖြင့် မိုဘိုင်းဖုန်းနံပတ်ကို မှန်မှန်ကန်ကန် ဖြည့်သွင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။
မိုဘိုင်းဖုန်းနံပတ် မှားယွင်းဖြည့်သွင်းထားပါက ပေးပို့တဲ့ SMS Codeနံပါတ် ရရှိမှာ မဟုတ်ဘဲ မိမိမိုဘိုင်းဖုန်းကို ဝင်ရောက်လာတဲ့ ကုဒ်နံပါတ်ကို ဖြည့်စွက်ပြီး ပြန်လည်ပေးပို့ ရမှာပါ။
အချက်လက်ဖြည့်စွက်တဲ့ လုပ်ဆောင်ချက်တွေအားလုံး မှန်ကန်ပါက တင်ပြစာ ပေးပို့မှု အဆင့်တွေ ပြီးစီးသွားပြီဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးက ဆက်လက် ဆောင်ရွက်ပေးသွားမယ်လို့ လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
သမ္မတ ဦးထင်ကျော် နိုင်ငံတာဝန် စတင်ထမ်းဆောင်ပြီး ၆လလောက် အကြာမှာ ခုလို ပြည်သူလူထုတွေ အွန်လိုင်း ကနေဆက်သွယ်တိုင်ကြားနိုင်ဖို့ လုပ်ဆောင်လိုက်တာဖြစ်ပြီး ယခင် သမ္မတ ဟောင်း ဦးသိန်းစိန်လက်ထက်ကလည်း အလားတူ လုပ်ဆောင်ခဲ့ဖူးပါတယ်။
အွန်လိုင်းကနေတင်ပြစာပေးပို့ပုံအဆင့်ဆင့်ကို အောက်ပါလင့်ခ်မှာ အသေးစိတ် ကြည့်ရှုနိုင်ပါ တယ်။