ျချောင်းဆိုးသွေးပါ ပန်းနာရင်ကြပ် TBပျောက်ဆေးနည်း
လက်တွေ့ပျောက်ကင်းလို့စေတနာရှေ့ထားဆေးနည်းလေးပေးလိုက်ပါတယ်။ ကျွန်တော့်အမေလက်တွေ့ပါ ချောင်းကတဟွတ်ဟွတ်သွေးစတွေကပါသေးတယ်မောလိုက်တာကလည်းဖိုထိုးနေတဲ့အတိုင်းပဲအသားရည်ကလည်းညိုညစ်ညစ်မခံစားနိုင်ဘူးပေါ့ကံကောင်းချင်တော့ မိတ်ဆွေတယောက်ရဲ့ဆေးမီးတိုနဲ့ရောဂါအမြစ်ပြတ်ပျောက်ကင်းခဲ့ပါတယ်။ ဆေးနည်း အိမ်မွေးကြက်ဥတလုံးထက်ခြမ်းခွဲ ပန်းကန်တလုံးထဲထည့်ကြက်ဥအခွံတခြမ်းဖြင့်နှမ်းဆီစစ်စစ်ထည့် ကြက်သွန်ဖြူ တလုံးအခွံနွာပါးပါးလှီးဖြူးထည့် ဒန်အိုးထဲရေအနည်းငယ်ထည့်အောက်မီးနှင့်ပေါင်းခဏနေကျက်ပြီ တနေ့သုံးကြိမ်စား အမြစ်ပြတ်ပျောက်ကင်းကြောင်းသတင်းကောင်းပါးလိုက်ပါသည်
No comments:
Post a Comment