ပင်းတယမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ဗထူးနယ် သတင်းစုံ
စက်တင်ဘာ ၁ ရက်က ပင်းတယမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပင်းတယမြို့နယ်၊ အင်းငယ် ကျေးရွာအုပ်စု၊ မြောက်ရွှေပုထိုးကျေးရွာနေ အောင်ထွန်းတင် ၏နေအိမ်ကိုရှာဖွေရာ ၎င်း၏ နေအိမ် ခြံဝန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၂ ပြားသိမ်းဆည်းရမိသဖြင့် အောင်ထွန်းတင်(ခ)ဘဒင် (၂၉)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment