.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Saturday, September 3, 2016

တရားမဝင်သစ်များနှင့် လိုင်စင်မဲ့ကား ဖမ်းဆီးရမိ

တရားမဝင်သစ်များနှင့် လိုင်စင်မဲ့ကား ဖမ်းဆီးရမိ

ဗထူးနယ် သတင်းစုံ
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အလုံကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အလုံသစ်တောဘိနယ်မှဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်များ သယ်ဆောင် လာကြောင်းသတင်းအရ  သက်သေများနှင့်အတူ ရှာဘိုကျေးရွာအနီး၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင် အမှတ်(၁၃၃/၃-၄)ကြား၌ စောင့်ဆိုင်းနေစဉ် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ဘက်မှ ကြံခင်း မြို့နယ်ဘက်သို့ ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ရပ်ကွက်နေ ကျော်ဇေယျ(၂၇)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက်အဖြစ် တစ်ရပ်ကွက်တည်းနေ ကျော်ဇင်ထွေး(ခ)ငထွေး(၁၉)နှစ် လိုက်ပါလာသော ၉ဌ/×××× Faw အပြာရောင်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ယာဉ်ပေါ်မှ တရားမဝင် ကျွန်းသစ်(၁၉)လုံး၊ ကျွန်းတိုင်(၃၂)တိုင်၊(၃.၆၆)တန်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ယာဉ်ပိုင်ရှင်မှာ ကြံခင်းမြို့နယ်၊ ကြို့ပင်စုကျေးရွာနေ ဦးလူနီ(၄၄)နှစ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ၎င်းတို့(၃)ဦးအား ဘက်ရဲနယ်မြေရဲစခန်း(ပ)၁၀၂/၂၀၁၆၊ သစ်တောဥပဒေပုဒ်မ ၄၃(က) အမှုဖွင့် အရေးယူထားကြောင်းနှင့် ၎င်းတို့မောင်းနှင်လာသည့် ယာဉ်မှာ လိုင်စင်မဲ့ဖြစ်ကြောင်း ထပ်မံသိရှိရ သဖြင့် ကျော်ဇေယျနှင့် ဦးလူနီတို့(၂)ဦးအား ဘက်ရဲနယ်မြေရဲစခန်း(ပ)၁၀၃/၂၀၁၆၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် ထပ်မံအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments: