ဗထူးနယ် သတင်းစုံ
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ရမည်းသင်းပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်လူနာတစ်ဦး အတွက် သွေးလိုအပ်နေကြောင်း အကြောင်းကြားချက်အရ ရမည်းသင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဇော်မွန်စိုးမှ သွားရောက်ခဲ့ပြီး ခြေထောက်(၂)ချောင်းကျိုး ခွဲစိတ်လူနာ ရမည်းသင်းမြို့နယ်၊ သာစည်ကျေးရွာနေ မဇာနည်(၂၀)နှစ်အား (A) သွေး(၁)လုံး လှူဒါန်းပေးခဲ့သည်။ ရမည်းသင်းခရိုင် ရဲတပ်ဖွဲ့အနေဖြင့် ယနေ့အထိ သွေးလှူဒါန်းမှု(၂၃)ကြိမ်၊ ရဲတပ်ဖွဲ့ဝင်အမျိုးသား/အမျိုးသမီး(၂၃)ဦး သွေးလှူဒါန်းခဲ့ပြီး အရေးပေါ်လူနာ(၅)ဦး၊ အရေးကြီးလူနာ(၁၁)ဦး၊ သာမန်လူနာ(၇)ဦးတို့အား ကျန်းမာရေးအလျင်အမြန်ကောင်းမွန်စေရေး အထောက်အကူပြုပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment