Wednesday, March 30, 2016
သမ္မတသစ် ကာလုံဖွဲ့ပြီ၊ ဒေါ်စုကို သမ္မတ အတိုင်ပင်ခံ ခန့်အပ်လို
သမ္မတသစ် ဦးထင်ကျော် ခေါင်းဆောင်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက ကြေညာခဲ့သလို သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန် ခန့်အပ်ဖို့လည်း စီစဉ်နေပါတယ်။
သမ္မတ ရုံးက ကြေညာတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာ အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၁၁ ဦးကတော့ သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု ဝန်ကြီးဌာန လေးခုရဲ့ ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ နဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင် တို့ ဖြစ်ပါတယ်။
မနေ့တုန်းကပဲ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို ဖွဲ့စည်းခဲ့သလို သမ္မတသစ်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်နိုင်ဖို့ အတိုင်ပင်ခံဆိုင်ရာ ဥပဒေကို လွှတ်တော်မှာ တင်ပြဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
မနေ့တုန်းကပဲ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ သမ္မတတွေနဲ့ ဝန်ကြီးအဖွဲ့ကို အမေရိကန်နဲ့ တခြား နိုင်ငံတွေက ကြိုဆိုခဲ့ကြသလို၊ ထိုင်းဘုရင် မင်းမြတ်ကလည်း ဝမ်းသာကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ် ABSDF ကလည်း သမ္မတ ဦးထင်ကျော်ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းကို ကြိုဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
သမ္မတက အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ် ဖြစ်ပေါ်လာရေးနဲ့ ပြည်သူလူထုရဲ့ လူနေမှု ဘဝ အဆင့်အတန်း မြင့်မားလာဖို့အဓိက ပြောဆိုသွားခဲ့ပြီး အဲဒီ ပြောဆိုမှုတွေကို အကောင်အထည် ဖော်ဖို့လည်း ABSDF က တိုက်တွန်းလိုက်ပါတယ်။
Tuesday, March 29, 2016
ယနေ့ အစိုးရအာဏာလွှဲပြောင်းမည်
နိုင်ငံတော်သမ္မတ သစ် ဦးထင်ကျော်၏ပထမအကြိမ် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ယနေ့(မတ်လ ၃၀ ရက်)တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ် တော်၌ ပြောကြားမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရထံမှ အစိုးရအဖွဲ့သစ်က နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူမည်ဖြစ်သည်။
မတ်လ ၃၀ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အ စိုးရအဖွဲ့သစ်ခေါင်းဆောင် သမ္မ တသစ် ဦးထင်ကျော်အပါအဝင် ဒုတိယသမ္မတများနှင့် အစိုးရအ ဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ က ကတိသစ္စာ ပြုကြမည်ဖြစ် သည်။
အစိုးရ အဖွဲ့သစ် ခေါင်း ဆောင် သမ္မတသစ် ဦးထင်ကျော် က နိုင်ငံတော်သမ္မတအဖြစ် တာ ဝန်ထမ်းဆောင်ရန် ကတိသစ္စာ ပြုပြီးနောက် ၎င်း၏ အစိုးရ လက်ထက်၌ ဆောင်ရွက်မည့် မူဝါဒများပါဝင်သော နိုင်ငံတော် အခြေပြမိန့်ခွန်းကို ပထမဆုံးအ ကြိမ် ပြောကြားမည်ဖြစ်သည်။သမ္မတသစ်၏မိန့်ခွန်းတွင် လာမည့် အစိုးရသစ်ငါးနှစ်သက် တမ်းအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မည့် ကဏ္ဍများအ ကြောင်း၊ အစိုးရသစ်၏နိုင်ငံခြား ရေးမူဝါဒများ၊ ပြည်တွင်းငြိမ်းချမ်း ရေးတို့ကို ထည့်သွင်းပြောကြား လိမ့်မည်ဟု နိုင်ငံရေးလေ့လာသူ များက သုံးသပ်ကြသည်။
နိုင်ငံတော် သမ္မတသစ်အ ဖြစ် ရွေးချယ်တင်မြှောက်ခံထားရသည့် ဦးထင်ကျော်နှင့် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင် မြှောက်ခံထားရသူများက ပြည် ထောင်စုလွှတ်တော်နာယကနှင့် ပြည်ထောင်စုလွှတ်တော် ရှေ့ မှောက်တွင် ကတိသစ္စာပြုခြင်း၊ နိုင်ငံတော်သမ္မတက ပြည်ထောင် စုလွှတ်တော်၌ မိန့်ခွန်းပြောကြား ခြင်းတို့ကို မြန်မာ့ရုပ်မြင်သံကြား (News Channel)၊ လွှတ်တော် (Channel)နှင့် မြန်မာ့အသံရေဒီ ယိုအစီအစဉ်တို့မှ ယင်းနေ့နံနက် ၁၀ နာရီမှစ၍ တိုက်ရိုက် ထုတ် လွှင့်ပေးမည်ဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
သမ္မတသစ် ဦးထင်ကျော် သည် ပြည်ထောင်စုလွှတ်တော် တွင် ကတိသစ္စာပြုခြင်းနှင့် မိန့်ခွန်းပြောကြားခြင်းတို့ ပြုလုပ်ပြီးပါက သမ္မတအိမ်တော်သို့ သွားရောက် ကာ အာဏာ လွှဲပြောင်းပေးရန် စောင့်ဆိုင်းနေသည့် လက်ရှိအစိုး ရအဖွဲ့ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် ဖြစ် သည်။ ယင်းနောက် သီဟာသန ပလ္လင်ရှေ့တွင် သမ္မတတစ်ဦး၏ အဆောင်အယောင်ဖြစ်သော ရွှေ စလွယ်ကို လက်ရှိ အစိုးရအဖွဲ့ ခေါင်းဆောင် ဦးသိန်းစိန်က အစိုး ရအဖွဲ့သစ်ခေါင်းဆောင် သမ္မတ သစ် ဦးထင်ကျော်အား လွှဲပြောင်း ပေးအပ်မည်ဖြစ်သည်။
မတ်လ ၃၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော် သမ္မတအိမ်တော်၌ ကျင်းပမည့် အာဏာလွှဲပြောင်းပွဲအခမ်းအနား ကို MRTV News Channel နှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်တို့ မှ တိုက်ရိုက်ထုတ်လွှင့်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြည်ထောင်စု လွှတ်တော် တွင် ကတိသစ္စာပြုခြင်း၊ နိုင်ငံ တော်အခြေပြမိန့်ခွန်း ပြောကြား ခြင်းနှင့် သမ္မတ အိမ်တော်၌ အာဏာလွှဲပြောင်းခြင်းတို့ ပြုလုပ်ပြီးနောက် ညနေပိုင်းတွင် သမ္မတအိမ်တော် မြက်ခင်းပြင်၌ ညစာစားပွဲပြုလုပ်မည်ဖြစ်သည်။
လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရသည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ၂၀၁၁ မှစ၍ နိုင်ငံကိုအုပ်ချုပ်ခဲ့ခြင်းဖြစ်ကာ ယခုလ ၃၀ရက်၌ ၎င်းအစိုးရ၏ ငါးနှစ်တာ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။
ဦးသိန်းစိန် အစိုးရ သက် တမ်းကုန်ချိန်တွင် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲ၌ ပြည်သူလူထုတစ်ခဲနက်ထောက်ခံမှုကြောင့် အ ပြတ်အသတ်အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရသစ်သည် မတ်လ ၃၀ ရက်မှစကာ နိုင်ငံကို ငါးနှစ် စီမံ အုပ်ချုပ်တော့မည်ဖြစ်သည်။
သမ္မတ ဦးထင်ကျော် ဦး ဆောင်သည့် အစိုးရအဖွဲ့သစ် တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဝန်ကြီးဌာနလေးခုကို တာဝန်ယူမည့် ပြည်ထောင်စုဝန်ကြီးအဖြစ် တာ ဝန်ထမ်းဆောင်မည် ဖြစ်သည်။
Sunday, March 27, 2016
ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ လင်းထွဋ်ကိုခန့်အပ်
ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာလင်းထွဋ်ကို ခန့်အပ်လိုက်ပြီဖြစ်သည်။ ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ပထမ ပုံမှန်အစည်း အဝေး ဆဌမမြောက်နေ့ဖြစ်သည့် ယနေ့(မတ်၂၈ ရက် ) နံနက်ပိုင်းတွင် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ
အဖြစ် ရွေးချယ်ခြင်းခံရသူက အမည်စာရင်းပေးပို့ ခန့်အပ်သည့် ပြည်နယ် ဝန်ကြီးချုပ် အမည်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာလင်းထွဋ်သည် ဒီချုပ်ပါတီ ကိုယ်စားပြု အမတ်တစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေး တရားမျတရေး ခွင့်တူညီမျှရေး နှင့် တိုင်းရင်းသား အရေးကို ဦးစားပေး
ဆောင်ရွက်သွားမည်ဟု ဖြစ်ကြောင်း သို့ပြောကြားခဲ့သည်။
အဖြစ် ရွေးချယ်ခြင်းခံရသူက အမည်စာရင်းပေးပို့ ခန့်အပ်သည့် ပြည်နယ် ဝန်ကြီးချုပ် အမည်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာလင်းထွဋ်သည် ဒီချုပ်ပါတီ ကိုယ်စားပြု အမတ်တစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေး တရားမျတရေး ခွင့်တူညီမျှရေး နှင့် တိုင်းရင်းသား အရေးကို ဦးစားပေး
ဆောင်ရွက်သွားမည်ဟု ဖြစ်ကြောင်း သို့ပြောကြားခဲ့သည်။
သာစည်တွင် ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးထိုးနှံပေးမည်

ဦးနှောက်အမြှေးရောင်ရောဂါဟောပြောပွဲ (ဓာတ်ပုံ - ယမင်း)
ကူးစက်မြန် ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါဖြစ် ပွားမှုများသော သာစည်မြို့နယ် တွင် ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။
မန္တလေးတိုင်း သာစည်မြို့ နယ်ရှိ ကျေးရွာအချို့တွင် မတ်လ ၅ ရက်က စတင်ဖြစ်ပွားခဲ့သည့် ဦးနှောက်အမြှေးရောင်ရောဂါ သည် ကူးစက်နှုန်းမြန်ဆန်ပြီး သေဆုံးမှုရှိလာသဖြင့် ကပ်ရောဂါ အသွင် ဖြစ်ပွားနိုင်သော အဆိုပါ ဒေသများကို ကာကွယ်ဆေးထိုး ပေးမည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကူးစက် ရောဂါကာကွယ်နှိမ်နင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။
‘‘အခုဖြစ်တဲ့ ဦးနှောက်အ မြှေးရောင်ရောဂါက မန်နီကိုး ကဲလ် (Meningococcal)ဗက်တီး ရီးယားကြောင့် ဖြစ်တယ်။ ပိုးမျိုး စိတ် B ကြောင့် ဖြစ်တာမို့ အဲဒီအ တွက် ကာကွယ်ဆေးမှာထား တယ်။ နောက်ပိုးမျိုးစိတ်တွေဖြစ် တဲ့ A, C, W, Y အတွက်လည်း ကာကွယ်ဆေးမှာထားတယ်။ မကြာခင်ရောက်တော့မှာ။ ရောက်လာရင် Outbreak ဖြစ်တဲ့ သာ စည်ကို ရောဂါတုံ့ပြန်ဖို့အတွက် ဦးစားပေးမယ်’’ဟု ၎င်းက ပြော သည်။
ထိုသို့ ထိုးနှံပေးရာတွင် ကပ် အသွင်ဖြစ်ပွားနိုင်သော သာစည် မြို့နယ်ရှိ ကျေးရွာအချို့နှင့် ယင်း နေရာတွင် စောင့်ရှောက်မှုပေးနေ သည့် ကျန်းမာရေးဝန်ထမ်းများအ ပြင် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားသော တောင်ဒဂုံမြို့နယ် တို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မတ်လ ၅ ရက်မှ ၂၀ ရက် အထိ မန္တလေးတိုင်းနှင့် ရန်ကုန် တိုင်းတို့တွင် ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ သံသယရှိ လူနာ ၁၅ ဦးတွေ့ရှိကာ ၎င်းတို့ထဲ ငါးဦးမှာ အဆိုပါရောဂါ ပိုးကြောင့် သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ စုံစမ်း သိရသည်။
‘‘အခုဖြစ်ပွားနေတဲ့ သာစည် နဲ့ ရန်ကုန်အခြေအနေတူတယ်၊ မတူဘူးဆိုတာ ကြည့်ဖို့လိုတယ်။ ကပ်ရောဂါအသွင်ဖြစ်ပွားနှုန်းကို ဘယ်လိုတွက်မလဲဆိုတာ ကျန်း မာရေးဝန်ကြီးဌာနအနေနဲ့ စောင့် ကြည့်ဖို့လိုတယ်။ ဥပမာ လူသုံး သောင်းအောက်ရှိတဲ့ ပတ်ဝန်း ကျင်မှာ ငါးယောက်အောက်တွေ့ ပြီဆိုရင် ကူးစက်မြန် ကပ်ရောဂါ လို့ သတ်မှတ်မလား (ဒါမှမဟုတ်)သုံးပတ်အတွင်းမှာ နဂိုဖြစ်နေကျ နှုန်းထက် နှစ်ဆကျော်သွားရင် ကူးစက်မြန်ကပ်ရောဂါသတ်မှတ် မလားပေါ့။ ဒါဆိုရင် ပြည်သူကို သတိပေးဖို့လိုတယ်’’ဟု ကျန်းမာ ရေးဝန်ကြီးဟောင်း ဒေါက်တာ ဖေသက်ခင်က ပြောသည်။
လက်ရှိတွင် ဆေးဈေးကွက် အတွင်း မန်ထရာ (Menactra) (A, C, W, Y) လေးမျိုးစပ်ကာ ကွယ်ဆေးမှာ ပစ္စည်းပြတ်နေပြီး မေလဆန်းမှသာ ရောက်ရှိမည် ဖြစ်သည်။ ပိုးမျိုးစိတ် B ကာကွယ် ဆေးမှာ ၂၀၁၆ မှ ဗြိတိန်နိုင်ငံတွင် စတင်အသုံးပြုရန် လမ်းညွှန် ထားကြောင်း သိရသည်။
ရန်ကုန်မြို့ တာမွေမြို့နယ် တွင် မတ်လ ၂၅ ရက်က အသက် (၅၁)နှစ်အရွယ် ဦးနှောက်အမြှေး ရောင်ရောဂါ သံသယရှိအမျိုး သားလူနာတစ်ဦး ထပ်မံတွေ့ရှိ ပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၌ စစ်ဆေးရာ ယင်း ရောဂါပိုးမတွေ့ရကြောင်း မတ်လ၂၆ ရက်က ရန်ကုန်တိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာဝင်းလွင်က 7Day Daily အား ပြောကြားသည်။
Friday, March 25, 2016
သမီးရှိသော ဖခင်များသိထားရန်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော်ကိုယ်တိုင်လည်းအားလုံးကိုမသိပင်မဲ့သမီးတွေကိုကြည့်ရှု စောင့်ရှောက်လာတဲ့၁၁ နှစ်အတွင်းမှာ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေက ၁၃ ချက်ရှိပါတယ်။
၀၁. သမီးတွေက ဖခင်ရဲ့ ချစ်ခြင်းကို အမြဲတမ်းလိုလားကြတယ်။
ပစ္စည်းကို ဝယ်ပေးတာ၊ သင်ကြားပေးတာထက် ဖခင်ဖြစ်သူထံမှ အချစ်ကို လိုလားကြပါတယ်။သင့်အပြင် ဖခင်အဖြစ်နဲ့ပြုစုစောင့်ရှောက်နိုင်သူ မရှိပါ။
ဖခင်တစ်ယောက်အနေနဲ့ သမီးတွေကို ချစ်တယ်ဆိုသောအကြောင်း ပြောဖို့ ဝန်မလေးပါနဲ့။
၀၂. သမီးတွေရဲ့ အနာဂတ် ခင်ပွန်းလောင်းဆိုတာ အဖေနဲ့တူနေတတ်တယ်။
သမီးတွေရဲ့ အနာဂတ် ခင်ပွန်းလောင်းဆိုတာ အဖေဖြစ်သူနဲ့ တူနေတတ် ပါတယ်။ သမီးတွေက အဖေနဲ့တူသောသူကသာ ကိုယ်နဲ့ကိုက်မည့်သူလို့ ခံယူထားသူတွေများပါတယ်။
၀၃. သမီးတွေနားထောင်သောသီချင်းကို နားထောင်သင့်တယ်။
သမီးတွေနဲ့ ကားအတူတူစီးသောအခါ သူတို့နားထောင်နေသောသီချင်းကို အဖေဖြစ်သူကလည်း လေးလေးစားစားနားထောင်သင့်ပါတယ်။
ဒါမှသာလျှင် အခုဘာသီချင်းက ခေတ်စားနေလဲဆိုတာကို သိရမှာဖြစ်သလို သူတို့နဲ့လည်း အတူတူပျော်နိုင်မှာပါ။
၀၄. အမေဖြစ်သူကို ဆက်ဆံပုံကို အမြဲကြည့်နေကြပါတယ်။
သမီးတွေကိုပဲဂရုစိုက်နေယုံနဲ့တော့မပြီးပါ။အမေဖြစ်သူကိုကော သေသေချာချာ အလေးပေး ဆက်ဆံနေရဲ့လားဆိုတာကို ဂရုပြုပါ။ သူတို့က မိခင်ကို ဂရုတစိုက်မရှိတဲ့ ဖခင်ကိုမုန်းတတ်ပါတယ်။
၀၅. သမီးတွေ ကြီးပြင်းလာသည်နှင့်အမျှ အမြဲအတူရှိနေပါစေ။
တစ်နေ့ပြီးတစ်နေ့ ကြီးပြင်းလာတာနဲ့အမျှ ဖခင်ဖြစ်သူနဲ့လည်း စကားတွေ နည်းလာတတ်ပါတယ်။ မိန်းကလေးသဘာဝ အလှအပ၊ သူငယ်ချင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာပြောင်းလဲမူတွေကို အကြောင်းပြပြီး ဖခင်ဖြစ်သူက မရှောင်သွားရန်လိုအပ်ပါတယ်။
၀၆. အားကစားကိုလည်း မမေ့စေပါ။
မိန်းကလေးဖြစ်တာကြောင့် အားကစားထက် လှတဲ့အကျီလေးတွေ အလှပြင်ပစ္စည်းလေးတွေ စာဖတ်ဖို့ဘက်ကို အားထားကြပင်မဲ့လည်း အားကစားဆိုတာလည်း မမေ့ဖို့ အရေးကြီးပါတယ်။
၀၇. အမှတ်တရလေးတွေကို လုပ်ဖို့မမေ့ပါနဲ့။
အမှတ်တရကိစ္စလေးတွေဟာ အရေးကြီးပါတယ်။ မိသားစု အမှတ်တရ ဖြစ်စေဖို့သမီးတွေနဲ့အချိန်ကိုပေးပါ။မွေးနေ့မှာခရီးထွက်တာတို့၊ သောကြာနေ့ညမှာ ရုပ်ရှင်သွားကြည့်တာတို့လုပ်ဖို့သင့်ပါတယ်။ ပိုက်ဆံအများကြီးသုံးပြီး အမှတ်တရဖြစ်ရန် လုပ်ဖို့မဆိုလိုပါ။
၀၈. သမီးတွေကို အပြင်လောကအကြောင်းကိုလည်း သင်ပြဖို့ မမေ့ပါနဲ့။
အရာရာဟာ ဖြစ်ပျက်နေပြီးတော့ဒီကိစ္စတွေဟာမိသားစုအတွင်းမှာပဲ ဖြစ်ပျက်နေတာမဟုတ်ပဲ အပြင်လောကကြီးနဲ့လည်း သက်ဆိုင်နေတယ် ဆိုတာကို ရှင်းပြဖို့ လိုအပ်ပါတယ်။
၀၉. သမီးရဲ့ ပွဲလေးတွေကိုလည်း သွားရန် ဝန်မလေးပါနဲ့။
သမီးကကျောင်းရဲ့ပွဲလေးတွေမှာ ကတာပဲဖြစ်ဖြစ်၊ တနေရာက ပါဝင်တယ် ဆိုရင် ဖခင်ဖြစ်သူအနေနဲ့ ဝမ်းမြောက်ဝမ်းသာ သွားကြည့်ပေးလိုက်ပါ။
၁၀. သမီးအတွက် အချိန်ပေးပါ။
အလုပ်တွေ ဘယ်လောက်ပဲများများ အိမ်ပြန်ရောက်ရင်တော့ ဖုန်းကြည့်ပြီး၊ TVကြည့်ပြီး တစ်ယောက်တည်းနေတာထက် သမီးနဲ့လည်း စကားပြောဖို့ မမေ့ပါနဲ့။
၁၁. ဆံပင်ပဲဖြစ်ဖြစ် လက်သည်းညှပ်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။
၁၀၀ မှာ ၉၉ ကြိမ်က မိခင်ဖြစ်သူက အားလုံးကို လုပ်ပေးပင်မဲ့ ဖခင်ဖြစ်သူ ကလည်း ကူညီပေးသင့်ပါတယ်။
၁၂. စိတ်ကောင်းထားရန် သင်ပေးပါ။
ဘာသာရေးအရပဲဖြစ်ဖြစ် မိသားစုရယ်လို့ဖြစ်လာပြီဆိုရင် သူတပါးအပေါ်မှာ မဟုတ်တာကို မလုပ်ရအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သင်ပေးပါ။
၁၃. မသိချင်ယောင်မဆောင်ပါနဲ့။
သမီးတွေရဲ့ လုပ်ဆောင်ချက်တွေကို မှားတဲ့အခါ ပြင်ပေးဖို့တာဝန်ရှိပါတယ်။ မသိချင်ယောင် မဆောင်ပါနဲ့။
Credit : huffingtonpost,Chelmo Team
ရှမ်းပုတ်(မိုမိုလေး)
Thursday, March 24, 2016
သတို့သမီးလောင်းတစ်ဦး အသားဖြူဆေးစား သေဆုံး
မနေ့မတ်လ ၂၃ရက်နေ့ ၂၀၁၆ခုနှစ်တွင် ထိုင်းနိုင်ငံ ဥဒွန်ဌာနီမြို့မှာနေထိုင်တဲ့ နောက်ထပ် ၂လတွင် လက်ထပ်မင်္ဂလာဆောင်တော့မည့် ထိုင်းသတို့သမီးလောင်းတစ်ဦးသည် အသားဖြူဆေးနှင့် ၀ိတ်ချဆေးစားသုံးလို့ သေဆုံးသွားခဲ့ပါတယ်။
သူမဟာ နှဂိုလည်း ပန်းနာရင်ကြပ်ရောဂါရှိတာနဲ့ မင်္ဂလာပွဲတွင်လှချင်ပချင်တဲ့အတွက် အသားဖြူဆေး အလွန်အကျွံသုံးဆွဲလို့အခုလို သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
တာဝန်ရှိသူတွေ သွားရောက် စစ်ဆေးရာမှာ အသက် ၂၇နှစ်အမျိုးသမီးတစ်ဦး အိပ်ရာထဲမှာ ပက်လက်လှန်သေဆုံးနေပြီး ခေါင်းရင်းမှာအသားဖြူဆေးနှင့် ၀ိတ်ချဆေးတွေတွေ့ရပါတယ်။
သေဆုံးသွားခဲ့တာ ၃-၅ နာရီဝန်းကျင်ရှိပြီလို့ခန့်မှန်းထားပါတယ်။ အလောင်းမှ အသားအရည် ခြေဖျားလက်ဖျားညိုပြီး ဘာဒဏ်ရာဒဏ်ချက်မှမရှိဘူးလို့သိရပါတယ်။
ဆရာဝန်၏ပြောကြားချက်အရ လူတွေမှာ စွဲကပ်ရောဂါတခုခုရှိလျှင် အသားအရည်လှပဆေး၊ အသားဖြူဆေးနှင့် ၀ိတ်ချဆေးတို့ မစားသုံးသင့်ပါဘူး ကိုယ်ခန္ဓာ ခုခံစွမ်းအားနည်းပါးနေတဲ့အချိန်မှာ ထူးဆန်းသောဆေးဝါးဝင်ရောက်လာတော့ အန္တရာယ်ဖြစ်စေနိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်တယ်လို့ပြောကြားသွားတယ်။
"အမြန်လမ်းပေါ်တွင် အိမ်စီးကားတစ်စီးတိမ်းမှောက်၍ နှစ်ဦးသေဆုံး"
"အမြန်လမ်းပေါ်တွင် အိမ်စီးကားတစ်စီးတိမ်းမှောက်၍ နှစ်ဦးသေဆုံး"
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယနေ့ (မတ်လ၂၅ရက်)နံနက် ၆ နာရီခန့်က အိမ်စီးကားတစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး နှစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်မှ ရန်ကုန်ဖက်သို့အပြန် မိုင်တိုင် ၁၄၄ အနီးတွင် လူ ခြောက်ဦးလိုက်ပါလာသည့် အိမ်စီးကားတစ်စီး ရှေ့ ညာဖက်ဘီးပေါက်ကာ လမ်းဘေးသို့ ထိုးကျသွားခြင်းဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး နှစ်ဦးသေဆုံးကာ အမျိုးသားနှစ်ဦး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူ လေးဦးလုံးကို တောင်ငူဆေးရုံတွင် ကုသပေးနေကြောင်း ကယ်ဆယ်ရေးလုပ်ပေးခဲ့သည့် ၁၁၅ မိုင် အမြန်လမ်းကြက်ခြေနီစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလောင်းတော်ကဿပ ဘုရားဖူးလမ်းတွင် တစ်ရက်တည်း ယာဉ်တိမ်းမှောက်မှု သုံးကြိမ်ဖြစ်ပွား
ကနီမြို့နယ် ကပိုင်ကျေး ရွာ - အလောင်းတော်ကဿပ ဘုရားဖူးရာသီလမ်းတွင် မတ်လ ၂၂ ရက်က ယာဉ်မတော်တဆမှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း ကနီမြို့ နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။
အလောင်းတော် ကဿပဘုရားဖူးလမ်းတွင် အဆိုပါရက် နံနက် ၆ နာရီခွဲက အမျိုးသား နှစ်ဦး၊ အမျိုးသမီး ရှစ်ဦးလိုက်ပါ လာသော ဘုရားဖူး မှန်လုံယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ လမ်း ယာဘက်ချောက်အတွင်း ထိုးကျ တိမ်းမှောက်ခဲ့ရာ ခရီးသည်အား လုံး ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ သည်။
ထို့ပြင် နံနက် ၉ နာရီ ၄၅ မိနစ်က အလောင်းတော်ကဿပဘုရား ဖူးလာရောက်သည့် လိုက်ထရပ် ယာဉ်သည် တောင်ကုန်းအတက် တွင် အရှိန်မထိန်းနိုင်ဘဲ နောက် ပြန်လိမ့်ကျ၍ ယာဉ်တိမ်းမှောက် ခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး၊ အမျိုးသမီး ၂၄ ဦးအနက် ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။
အလောင်းတော်ကဿပမှ ဘုရားဖူးပြန်လာသည့် ကင်တာ ခြောက်ဘီး အဖြူရောင် ယာဉ်သည်လည်း အဆိုပါနေ့ ညနေ ၅ နာရီက ကပိုင်-အလောင်းတော်ကဿပလမ်း ပြာပုံတောင်ကွေ့တောင်တက်လမ်းတွင် နောက်ပြန်လျှောကျပြီး ယာဉ်တိမ်းမှောက်ခဲ့၍ ယာဉ်ပေါ်လိုက်ပါလာသူအမျိုး သား ခုနစ်ဦး၊ အမျိုးသမီး ၁၃ ဦး အနက် ဒဏ်ရာရရှိသူ ခြောက်ဦးရှိ ခဲ့သည်။
‘‘အလောင်းတော်ကဿပ ဘုရားဖူးရာသီမှာ ကျောင်းပိတ် ရက်လည်းဖြစ် တပေါင်းပွဲတော် ကာလလည်းဖြစ်တော့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာကြတယ်။ အလောင်းတော် ကဿပလမ်းမှာ ယာဉ်မတော်တ ဆမှုလျော့နည်းစေဖို့ ယာဉ်အ လိုက် သတ်မှတ်ခရီးသည်တင် ဆောင်ပြေးဆွဲခွင့်ပြုတယ်ဆိုပေ မယ့် တချို့ယာဉ်တွေမှာ သတ်မှတ်ခရီးသည်တွေထက် ပိုတင်တဲ့အ တွက် ထိခိုက်ဒဏ်ရာရတာတွေ တွေ့ရတယ်။ နယ်ဝေးက ယာဉ် မောင်းအများစုက တောင်တက်၊ တောင်ဆင်းလမ်းမှာ မကျွမ်းကျင် တာလည်းရှိတယ်’’ဟု ကပိုင်ကျေး ရွာဒေသခံ ရပ်မိရပ်ဖတစ်ဦးက ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ သုံးသပ်သည်။
ဗထူးနယ်ကသတင်းစုံ: ခုတစ်လော အသစ်တပ်ဆင်ဖို့ ညွှန်ကြားထားတဲ့ (ဆားဗစ်တန်း...
ဗထူးနယ်ကသတင်းစုံ: ခုတစ်လော အသစ်တပ်ဆင်ဖို့ ညွှန်ကြားထားတဲ့ (ဆားဗစ်တန်း...: Servic bar ပုံထဲမှာ နမူနာပြထားတာကတော့ ခြေလျင်တပ်ခွဲမှူးသင်တန်း တက်ရောက်ပြီးဖြစ်တဲ့ ဗိုလ်ကြီးအဆင့် တပ်ဆင်ရမဲ့ Service bar ပါ .. (...
ဆီးချို သွေးချို ကာကွယ်ဖို့ - သင်္ဘောသီးစိမ်းရေနွေးနေ့စဉ်သောက်ကြစို့
ဆီးချို သွေးချို ကာကွယ်ဖို့ - သင်္ဘောသီးစိမ်းရေနွေးနေ့စဉ်သောက်ကြစို့ ။။
====================================
====================================
အမေသိန်း(နန်းရှေ့ကန်ကောက်သစ်ရွာ) မှ ဤနည်းကိုပြောပါသည်။
အမေသိန်းသည်ဆီးချိုသွေးချိုရောဂါနှင့်အထူးကုဆရာဝန်ကြီးများပြပြီး ဆေးစားနေသည်မှာ၂နှစ်ကျော်ရှိပြီဖြစ်ပါသည်။ ခါတိုင်းလည်းဆီးချိုတက်လျှင် မူးလဲနေကျဖြစ်ပါသည် ။
ပုပ္ပားတောင်စောင်းတန်းမှ အမေကြီးတစ်ဦးမှ သူ့ကိုပွေ့ချီထားခိုင်းပြီး သင်္ဘောသီးစိမ်းအဆင်သင့်ကို ခေါင်းပိုင်းမှဖြတ် ၊ အတွင်းမှအစေ့နုများကို ဇွန်းဖြင့်ခြစ်ထုတ်ပြီးနောက် ဆူနေသောရေနွေးအဖြူလောင်းထည့်ပြီးပိတ်ထားပါသည်။ ၁၅မိနစ်ခန့်ထားပြီးနောက်သွန်ငှဲ့ပြီး အနည်းငယ်အအေးခံ၍တိုက်ပါသည်။
သင်္ဘောသီးကိုလွှင့်မပစ်ရပါ။ ရေနွေးပြန်ပြန်ဖြည့်ပြီး တစ်နေကုန်၎ကြိမ်၅ကြိမ်အထိသောက်နိုင်ပါသည်။ ဤနည်းဖြင့်အမူးရောဂါအမျိုးမျိုးသက်သာသည့်အပြင် သွေးယားရောဂါ ၊ အိပ်မပျော်သောရောဂါနှင့် အစာအိမ်ရောဂါအချို့တို့ပါ ပျောက်ကင်းသူများရှိသည်ဟုဆိုပါသည်။အမေသိန်းသည် ဤနည်းကိုယုံယုံကြည်ကြည်ဖြင့် တစ်လစွဲစွဲမြဲမြဲသောက်ပြီးနောက် နေ့စဉ်စစ်ဆေးနေသောဆီချို မှာ လုံးဝမတက်တော့ဟုဆိုပါသည်။ ဘေးထွက်ဆိုးကျိုးမရှိသောနည်းဟုယူဆ၍ တင်ပြပါသည်။
ပုပ္ပားတောင်စောင်းတန်းမှ အမေကြီးတစ်ဦးမှ သူ့ကိုပွေ့ချီထားခိုင်းပြီး သင်္ဘောသီးစိမ်းအဆင်သင့်ကို ခေါင်းပိုင်းမှဖြတ် ၊ အတွင်းမှအစေ့နုများကို ဇွန်းဖြင့်ခြစ်ထုတ်ပြီးနောက် ဆူနေသောရေနွေးအဖြူလောင်းထည့်ပြီးပိတ်ထားပါသည်။ ၁၅မိနစ်ခန့်ထားပြီးနောက်သွန်ငှဲ့ပြီး အနည်းငယ်အအေးခံ၍တိုက်ပါသည်။
သင်္ဘောသီးကိုလွှင့်မပစ်ရပါ။ ရေနွေးပြန်ပြန်ဖြည့်ပြီး တစ်နေကုန်၎ကြိမ်၅ကြိမ်အထိသောက်နိုင်ပါသည်။ ဤနည်းဖြင့်အမူးရောဂါအမျိုးမျိုးသက်သာသည့်အပြင် သွေးယားရောဂါ ၊ အိပ်မပျော်သောရောဂါနှင့် အစာအိမ်ရောဂါအချို့တို့ပါ ပျောက်ကင်းသူများရှိသည်ဟုဆိုပါသည်။အမေသိန်းသည် ဤနည်းကိုယုံယုံကြည်ကြည်ဖြင့် တစ်လစွဲစွဲမြဲမြဲသောက်ပြီးနောက် နေ့စဉ်စစ်ဆေးနေသောဆီချို မှာ လုံးဝမတက်တော့ဟုဆိုပါသည်။ ဘေးထွက်ဆိုးကျိုးမရှိသောနည်းဟုယူဆ၍ တင်ပြပါသည်။
ဆီးချို သွေးချို သမားများ စိတ်ပူရန် မလိုတော့ပါ
တကယ်ကို ကောင်းပြီး ဆေးစွမ်းထက်လို့ ပြန်လည်ကာ မျှဝေပေးလိုက် ရပါတယ်။ အဲဒါကတော့ ရုံးပတီးဖြင့် အရည်ဖြင့် ဆီးချို သွေးချိုရောဂါကို ပျောက်အောင် ကုသနိုင်ခြင်းပင် ဖြစ်ပါတယ်။
အသုံးပြုပုံလေးကို ရှင်းပြပါ့မယ်။ ရုံးပတီသီး ၄ ထောင့် (သို့) ၅ ထောင့်ကို ထိပ်ပိုင်းနှင့် အရင်ပိုင်းကို ဖြတ်လိုက်ပါ။ ပြီးနောက် ဖန်ခွက်တစ်ခုထဲသို့ ထည့်လိုက်ပါ။ ညအိပ်ခါနီး အချိန်ရောက် တာနဲ့ ထိုရုံးပတီးကို ရေစိမ်လိုက်ပါ။ နံနက်မိုးလင်း မျက်နှာသစ်ပြီး တာနဲ့သောက်ပေးပါ။
တစ်ကြိမ် နှစ်ကြိမ် သောက်လိုက်တာနဲ့ ဆီးချို သွေးချိုများ သက်သာပျောက်ကင်းစေမှာဖြစ်ပါ တယ်။
ဗထူးနယ်ကသတင်းစုံ: ခုတစ်လော အသစ်တပ်ဆင်ဖို့ ညွှန်ကြားထားတဲ့ (ဆားဗစ်တန်း...
ဗထူးနယ်ကသတင်းစုံ: ခုတစ်လော အသစ်တပ်ဆင်ဖို့ ညွှန်ကြားထားတဲ့ (ဆားဗစ်တန်း...: Servic bar ပုံထဲမှာ နမူနာပြထားတာကတော့ ခြေလျင်တပ်ခွဲမှူးသင်တန်း တက်ရောက်ပြီးဖြစ်တဲ့ ဗိုလ်ကြီးအဆင့် တပ်ဆင်ရမဲ့ Service bar ပါ .. (...
Wednesday, March 23, 2016
ပြည်ထောင်စုဝန်ကြီး ၁၈ဦး၏ ကိုယ်ရေးရာဇဝင်အကျဉ်း
ပြည်ထောင်စုဝန်ကြီး ၁၈ဦး၏ ကိုယ်ရေးရာဇဝင်အကျဉ်း
===========================
ပြည်ထောင်စု လွှတ်တော်က မတ်လ ၂၂ ရက်ညတွင် facebook စာမျက်နှာမှ တစ်ဆင့် ပြည်ထောင်စုဝန်ကြီး ၁၈ဦး၏ ကိုယ်ရေး ရာဇဝင် အကျဉ်းများကို ထုတ်ပြန်လိုက်သည်။
SSA/RCSS ၇ဲ့  NLD အပေါ်သဘောထားi
=============================
ယခုတလော ကြားရတဲ့သတင်းအရ NLD ခေါင်းဆောင်ဟာ ဒီသျှမ်းပြည်ဝန်ကြီးချုပ် ကိစ္စနဲ့ ပက်သက်ပြီး သျှမ်းပြည်ဝန်ကြီးချုပ်ကို အများစုတောင်းဆိုထားတာက သျှမ်းတိုင်းရင်းသားပဲ ဖြစ်စေချင်တာပါ။ ဒါပေမဲ့ NLD က ဘယ်သူပဲ တောင်းဆိုဆို အရေးမထားပဲ သျှမ်းဝန်ကြီးချုပ်ကိစ္စကို ငါတို့ NLD ပဲ စီစဉ်မယ်လို့ ကြားသိရပါတယ်။
NLD ဆန္ဒအရ သျှမ်းပြည်ဝန်ကြီးချုပ်ကိစ္စဟာ သျှမ်းကို ဖြစ်စေမှာ မဟုတ်ပဲ NLD လူပဲ ရွေးမှာ ဖြစ်ပါတယ်။
အဲ့ဒီရွေးချယ်တာဟာ အများဆန္ဒနဲ့ မကိုက်ညီတဲ့အပြင် ဒီမိုကရေစီနည်းလမ်း
လည်း မကျတဲ့အတွက် SSA/RCSS အနေနဲ့ သဘောမကျဘူးလို့ 
ခေါင်းဆောင် ဦးရွက်ဆစ်မှ ပြောကြားခဲ့ပါတယ်။
တက်လာမယ့် အစိုးရသစ်ဟာ ဒီမိုကရေ စီ ဖက်ဒရယ် ပြည်ထောင်စု တည်
ဆောက်ရေးဘက်သို့ ဦးတည်ခြင်းမရှိပါက ရှမ်းပြည်တပ်မတော် တောင်ပိုင်း
အဖွဲ့ အနေနဲ့  တော်လှန်ရေး ပြန်လည်ပြုလုပ်သွားမယ် လို့ ဆိုပါတယ်...။
NLD အနေနဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ရွေးချယ်ရာမှာလည်း ဆန္ဒပြခြင်း
ခံခဲ့ရသလို သျှမ်းပြည်ဝန်ကြီးချုပ် ရွေးချယ်ရာမှာလည်း အသံတွေ ထွက်ပေါ်
လာနေဆဲပါ။
တိုင်းရင်းသားတပ်ဖွဲ့ များအနေနဲ့ အစိုးရကို မနှစ်သက်လို့  စစ်ပွဲကို
ပြန်လည်ပုံဖော်မယ်ဆိုရင် တော့ နိုင်ငံပိုင် တပ်မတော်နဲ့ သာ ထိပ်တိုက်တွေ့ 
ရမှာပဲ ဖြစ်ပါတယ် ။ တပ်မတော် အကြီးအကဲ များအနေနဲ့ လည်း လက်ရှိ
တည်ဆောက်ထားတဲ့ ငြိမ်းချမ်းလမ်းစဉ် တိမ်းစောင်းသွားမှာ စိုးရိမ်သလို
နောက်တက်လာမယ့် NLD အစိုးရကိုလည်း အခြေနေမှန်ကို နားလည်အောင်
ထောက်ကူပြုပေးနိုင်ဖို့ လည်း လိုပါတယ်။
ယခုမှ ထိုင်ခုံစထိုင်မယ့် NLD အစိုးရအနေနဲ့ လည်း ယခင် ကတည်းက
ရှိနေခဲ့တဲ့ တပ်မတော် ရဲ့ အတွေးခေါ်အယူအဆ တွေကို နားလည်လက်
ခံဖို့ နဲ့  နှစ်ဦးနှစ်ဖက် အဆင်ပြေစွာ ညှို နိုင်းဆောင်ရွက်နိုင်မှာသာ
တိုင်းပြည်တိုးတက်ရေးကို ရှေးရှု နိုင်မှာပဲဖြစ်ပါတယ်။
.
ဟစ်တလာ
Tuesday, March 22, 2016
မူစယ်က မူးယစ်ဆေးတိုက်ဖျက်ရေးဂေဟာတခုအား တပ်မ ၈၈ ဝင်ရောက် စီးနင်းဖမ်းဆီး
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ရွှေလီမြစ်တဖက်ကမ်းရှိ ကိုယ်ထူကိုယ် ထ လူငယ့် အကျင့်စာရိတ္တ ပြုပြင်ရေး မူယစ်ဆေးဝါးတိုက်ဖျက်ရေးဂေဟာ တခုအား တပ်မ ၈၈်မှ အင်အားကာ တာဝန်ရှိသူများအပြင် စာရိတ္တပြုပြင်သူ လူ ၆၅ ဦးအားဖမ်းဆီးကာ မူစယ်မြို့ သို့ ပို့ဆောင် လိုက်ပြီဖြစ် ကြောင်းသိရ သည်။
မတ်လ ၂၀ ရက်နံနက် ၅ နာရီက အစိုးရတပ်မ ၈၈ အင်အား ၆၀ ခန့်သည် မူးယစ် ဆေးဖြတ် ပေးသည့် အကျင့်စာရိတ္တပြုပြင်ရေးဂေဟာမှ အုပ်ချုပ်ရေး မှူး စိုင်းချစ်ငွေနှင့် အတူ ဆေးဖြတ်လူငယ် ၆၅ ဦး၊ ဂေဟာရှိ တာဝန်ရှိပုဂ္ဂိုလ် ၇ ဦး စုစုပေါင်း ၇၂ ဦးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ဂေဟာတည်ရှိရာ ဆင်တိုက်ရပ်ကွက်သား စိုင်းကောန်က “ တပ်မတော်က ရွာသားတွေကို မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်တယ် ဆိုပြီး အင်အား သုံးပြီးတော့ဝင်စီးတယ်။ ကျနော်တို့ ဒီနေရာ ဘိန်းမချက်ပါ ဘူး။ ဆေးစွဲလူ ငယ်တွေကို ဆေးဖြတ်ပေးတာပါ။ လူငယ်တွေဝင်ငွေရအောင်လို့ တရုတ်ရိုးရာ အလှူတွေ ၊ အသုဘတွေမှာ မီးရှို့ဖို့သုံးတဲ့ ငွေစက္ကူတွေကို လုပ်ရောင်း ပါတယ်။ ” ဟုပြော သည်။
၂၁ ရက်နေ့တွင် အဖမ်းခံရသူများအား မူစယ်အချုပ်ခန်းတွင်ချုပ်နှောင် ထားပြီး၊ ၂၂ ရက်တွင် တရားရုံးတင်ကာ စစ်ဆေးမှုတခုပြုလုပ်ခဲ့သည်ဟု ရွာသားများကပြောသည်။
ဂေဟာတာဝန်ရှိပုဂ္ဂိုလ် ၇ ဦးတွင် အမှတ် ၃ အုပ်စုအုပ်ချုပ်ရေးမှူး စိုင်းဆမ်ပီး၊ ဆင်တိုက် ကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းအိုက်အောင်နှင့်ဂေဟာအုပ်ချုပ်ရေးမှူး စိုင်းချစ်ငွေတို့အပြင် ၁၉ ရွာအုပ်စုမှ ရပ်မိရပ်ဖများပါဝင်သည်ဟုသိရသည်။
၁၉ ရွာအုပ်စုသည် မူစယ်မြို့၏ အနောက်မြောက်အရပ် ၁၀ မိုင်အကွာတွင် တည် ရှိပါသည်။၎င်းနှင့်ပတ်သက်၍ စိုင်းချစ်ငွေက “ ဂေဟာကလူတွေကိုအကုန် လုံးပြန် လွှတ်ပေး ပါလို့ တောင်းဆိုချင်တယ်။ ဒီလူတွေဟာ အကျင့်စာရိတ္တကောင်း မွန်လာအောင် ဂေဟာကို ရောက်လာ တဲ့သူတွေဖြစ်တဲ့အတွက် အပြစ်မရှိ ဘူး။ ကျနော့်ကိုတော့ သူတို့မဖမ်းဘူး။ ဒါပေမယ့် ဂေဟာက လူတွေကို သူတို့ ပြန်မလွှတ်ပေးရင်လည်း ကျနော်လည်း ပြန်မှာ မဟုတ်ဘူး” ဟုပြောသည်။
အဆိုပါ လူငယ့်စာရိတ္တပြုပြင်ရေးဂေဟာကို လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် ကတည်းက စိုင်းချစ်ငွေ၊ စိုင်းဆန်ငေါ့၊ စိုင်းဆွယ့်ခမ်းဆမ်ကျော် နှင့် စိုင်းဆန်ဆမ်တို့က ၎င်းပိုင်ဆိုင်သည့်ငွေကြေးဖြင့် တည်ထောင်လာခဲ့သည်။
ယခုကဲ့သို့ ၁၆ နှစ်ကြာ လူငယ်များအား စာရိတ္တပြုပြင်ရေးလုပ်ဆောင် လာနိုင် ခဲ့သည်မှာ ရပ်မိရပ်ဖများ ဒေသခံများ၏ ကူညီထောက်ပံ့မှု သက်သက် သာဖြစ်ပြီး အစိုးရအာဏာပိုင် များဘက်မှ ကူညီထောက်ပံ့မှုတစုံတရာမရရှိ သည့်အပြင် ယခုကဲ့သို့ လုပ်ဆောင်မှုမှာ မသင့်လျော်ကြောင်း ဒေသတွင်း အကြီးအကဲများ ပြောဆိုဝေဖန်ချက်ပြုကြသည်။
ရဲအရာရှိနှင့် အကြပ်သင်တန်းကျောင်းများတွင် မီဒီယာဘာသာ မသင်မနေရ ပြဋ္ဌာန်း
မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ရဲအရာရှိနှင့် အကြပ် သင်တန်းကျောင်းများတွင် မီဒီယာ နှင့်ပတ်သက်ပြီး မသင်မနေရ ဘာ သာ ရပ်တစ် ခုအဖြစ် စတင်သင်ကြား နေပြီဖြစ်ကြောင်း ပြင်ဦးလွင် ဇီးပင် ကြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ သိရသည်။ မီဒီယာနှင့် ရဲတပ်ဖွဲ့တို့ကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေ ရန်အတွက် မီဒီယာကျင့်ဝတ်၊ မီဒီ ယာဥပဒေ စသည့်အကြောင်း အရာ များကို မသင်မနေရအဖြစ်သင်ကြား ပေးနေပြီဖြစ်ကြောင်း ပြင်ဦးလွင် ဇီးပင် ကြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်း မှ တပ်ခွဲမှူးဒုရဲမှူးခင်မောင်လွင် က ဖေဖော်ဝါရီ ၂၈ ရက်က ပြောသည်။
ဒုရဲမှူးခင်မောင်လွင်က ''ဒီအ ချိန်မှာ မီဒီယာနဲ့ ရဲတပ်ဖွဲ့တို့အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့နဲ့ ပြည်သူတွေအကျိုးစီးပွား ကိုကာကွယ် စောင့်ရှောက်ပေးနိုင်ဖို့အတွက် ရဲ သင်တန်းကျောင်းတွေမှာ မီဒီယာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ရဲတပ်ဖွဲ့နဲ့ မီဒီယာအကြား ဆက်ဆံ မှုတွေ ကောင်းမွန်ဖြစ်ထွန်းစေဖို့အ တွက် မသင်မနေရဘာ သာရပ်တစ်ခု အနေနဲ့ လွန်ခဲ့တဲ့ ရက်သတ္တပတ် လောက် ကမှစတင်ပြီး အီးယူကသင် ကြားပို့ချထားတဲ့နည်းစနစ်တွေနဲ့ ရဲ အရာရှိကြီးတွေကနေတစ်ဆင့် ရဲ အရာရှိသင်တန်းကျောင်းတွေ၊ ရဲ အကြပ်သင်တန်းကျောင်းတွေမှာ ခေတ်စနစ်နဲ့အညီ မီဒီယာကျင့်ဝတ် တွေနဲ့ မီဒီယာအကြောင်းတွေကိုသင် ကြားပေးနေတာပါ''ဟုပြောသည်။
အီးယူအနေဖြင့်လည်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာအဆင့် မီအဖွဲ့အစည်းကြီးတစ်ခုဖြစ်လာစေ ရန်အတွက် ၂၀၁၃ ခုနှစ် စက်တင် ဘာမှစတင်ကာ ၂၀၁၅ ခုနှစ် စက် တင်ဘာအထိ ယူရို ၉ ဒသမ ၅ သန်း ကူညီထောက်ပံ့ခဲ့ပြီး ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်နှင့် လူစုလူဝေးများအား စနစ်တကျကိုင်တွယ်ထိန်းသိမ်းခြင်း၊ မီဒီယာနှင့် ရဲတပ်ဖွဲ့တို့အကြားပူးပေါင်း မှုအားကောင်းစေ ရန်အတွက် သင်တန်း ပေးခြင်းများကိုဆောင်ရွက်ခဲ့ကာ အ စိုးရသစ်လက်ထက်တွင်လည်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ကို ပိုမိုအားကောင်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာစေရေးအ တွက် အီးယူအနေဖြင့် ကူညီထောက် ပံ့မှုများ ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်းသိရသည်။
မန္တလေး မင်္ဂလာဈေး မီးလောင်နေ
မန္တလေး မင်္ဂလာဈေး မီးလောင်နေ
မတ် ၂၂၊ ၂၀၁၆
မန္တလေးတိုင်းဒေသကြီး မင်္ဂလာဈေး မီးလောင်၍ Level 4 အဆင့်သတ်မှတ်ထားပြီး ငြှိမ်းသတ်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မတ် ၂၂၊ ၂၀၁၆
မန္တလေးတိုင်းဒေသကြီး မင်္ဂလာဈေး မီးလောင်၍ Level 4 အဆင့်သတ်မှတ်ထားပြီး ငြှိမ်းသတ်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
Monday, March 21, 2016
“သမ္မတကိုယ်ရေးအရာရှိ ဗိုလ်မှူးချုပ် ၀င်းမြင့် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်”
သမ္မတ ဦးသိန်းစိန်၏ကိုယ်ရေးအရာရှိ ဗိုလ်မှူးချုပ်ဝင်းမြင့် ၂၀ ရက် ည ၁၀း၁၅ နာရီအချိန် နေပြည်တော်ဗဟိုဘဏ်ရှေ့၌ ယာဉ်မတော်တဆဖြစ်၍ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။
ဗိုလ်မှူးချုပ်ဝင်းမြင့်သည် ဗိုလ်သင်တန်းအပတ်စဉ် ၆၃ မှဖြစ်ပြီးနိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှာ နည်းပြအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
ဗိုလ်မှူးချုပ် ၀င်းမြင့်အား အခင်းဖြစ်ပွားရာနေရာမှ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် တပ်မတော် ကုတင် ၁၀၀၀ ဆေးရုံသို့ ည ၁၂ နာရီ အချိန်ခန့်က ယူဆောင်သွားခဲ့ကြောင်း သိရသည်။
" ဧည့်စာရင်းတိုင်ကြားရန် မလိုအောင် ရပ်/ကျေးဥပဒေကို ပြင်ဆင်မည် "
" ဧည့်စာရင်းတိုင်ကြားရန် မလိုအောင် ရပ်/ကျေးဥပဒေကို ပြင်ဆင်မည် "
ရပ်ကျေးဥပဒေတွင်ပါဝင်သည့် ညဥ့်အိပ်ညဥ့်နေဧည့်သည်များ ဧည့်စာရင်းတိုင်ကြားရမည့်အချက်ပါ ပုဒ်မကို ဖြုတ်မည့် ဥပဒေကြမ်းကို လွှတ်တော်အသစ်၌ ဆွေးနွေးအတည်ပြုသွားရန် ရှိကြောင်း သတင်းရရှိသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေတွင် ဧည့်စာရင်းနှင့်ပတ်သက်သော ပုဒ်မ၁၃(ဆ)ကို ပယ်ဖျက် ရန် ယခင်လွှတ်တော်ကတည်း ကဥပဒေကြမ်းအဖြစ် တင်သွင်းမှုရှိခဲ့ပြီး လွှတ်တော်အသစ်၌ ယင်းဥပဒေကြမ်း အတည်ပြုရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စူစန်နာလှလှစိုးက ပြောသည်။
ယနေ့(မတ်လ ၂၁ ရက်)တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွှတ်တော်အမတ်များအား ယင်းဥပဒေနှင့်ပတ်သက်သော စာရွက်များ ဖြန့်ဝေခဲ့သည်ဟု သိရသည်။
ရပ်ကျေးဥပဒေတွင်ပါဝင်သည့် ညဥ့်အိပ်ညဥ့်နေဧည့်သည်များ ဧည့်စာရင်းတိုင်ကြားရမည့်အချက်ပါ ပုဒ်မကို ဖြုတ်မည့် ဥပဒေကြမ်းကို လွှတ်တော်အသစ်၌ ဆွေးနွေးအတည်ပြုသွားရန် ရှိကြောင်း သတင်းရရှိသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေတွင် ဧည့်စာရင်းနှင့်ပတ်သက်သော ပုဒ်မ၁၃(ဆ)ကို ပယ်ဖျက် ရန် ယခင်လွှတ်တော်ကတည်း ကဥပဒေကြမ်းအဖြစ် တင်သွင်းမှုရှိခဲ့ပြီး လွှတ်တော်အသစ်၌ ယင်းဥပဒေကြမ်း အတည်ပြုရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စူစန်နာလှလှစိုးက ပြောသည်။
ယနေ့(မတ်လ ၂၁ ရက်)တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွှတ်တော်အမတ်များအား ယင်းဥပဒေနှင့်ပတ်သက်သော စာရွက်များ ဖြန့်ဝေခဲ့သည်ဟု သိရသည်။
Friday, March 18, 2016
ဟွန်ဒါ Civic Hybrid အကြောင်း
ပြည်တွင်းမှာရှိတဲ့ ဟိုက်ဘရစ်ကားအမျိုးအစားတွေထဲမှာ လူကြိုက်များနေတဲ့ကားတစ်စီးဖြစ်တဲ့ ဟွန်ဒါ Civic Hybrid အကြောင်းကိုရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။၂၀၀၁ ခုနှစ်နှစ်ကုန်ပိုင်းမှာစတင်ထုတ်လုပ်လာတဲ့ ဟွန် ဒါ Civic Hybrid ကို ပြည်တွင်းဈေးကွက်ထဲမှာ ပုံစံဒီဇိုင်းပိုင်းမှာရော အင်ဂျင်တည်ဆောက်မှုအပိုင်းမှာပါလူ ကြိုက်များကားတစ်စီးအဖြစ်ရပ်တည်နေပါတယ်။တချို့ကတော့ ဟိုက်ဘရစ်ကားတစ်စီးဖြစ်လို့ ပြင်ဆင်စရိတ်ကြီးမှာကို ၀ယ်သူတွေအကြိုက်နည်းစေတဲ့အချက် တော့ရှိနေပါတယ်။ အရင်ကထုတ်လုပ်ခဲ့တဲ့ ဟွန်ဒါ Civic ကို ၂၀၀၁ခုနှစ်ကစပြီး Hybrid အင်ဂျင်သုံးကားတစ်စီး အဖြစ်ပြောင်းလဲထုတ်လုပ်လာပါတယ်။
ဈေးကွက်ထဲကိုတော့ ၂၀၀၅ ခုနှစ်ထဲမှာစတင်ဝင်ရောက်လာခဲ့ပြီး ဈေးကွက်ထဲမှာလူကြိုက်များကားတစ်စီးဖြစ် လာပါတယ်။ အင်ဂျင်အရွယ်အစား၁၃၀၀စီစီကို CVT ဂီယာတစ်မျိုးတည်းဖြင့်ထုတ်လုပ်ပြီး Sedan ကိုယ်ထည် အမျိုးမစားဖြစ်ပါတယ်။
ဂရိတ်တွေကိုတော့ MXB,MXST,MX ဂရိတ်ဆိုပြီး (၃)မျိုးခွဲခြားထုတ်လုပ်ပါတယ်။ Chassis တွေကိုတော့ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိကို ES9 နဲ့ထုတ်လုပ်ပြီး၊ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ FD3 ဖြင့်ထုတ် လုပ်ပါတယ်။ ES9 နဲ့ထုတ်လုပ်ခဲ့စဉ်ကတော့ Base Grade တစ်မျိုးတည်းသာထုတ်လုပ်ခဲ့ပြီး FD3 နဲ့ပြောင်းလဲ ထုတ်လုပ်ချိန်ရောက်မှ ဂရိတ်(၃)မျိုးခွဲခြားထုတ်လုပ်ပါတယ်။

MXB
MXB ကို Base Grade အဖြစ်ထုတ်လုပ်တာဖြစ်ပါတယ်။ဘေးမှန်မီးတန်း၊ Fog Light တို့မပါဝင်ပါဘူး။ အရေးကြီးတဲ့အချက်ကတော့ Base Grade မှာ အော်တီဗီမပါဝင်တာဖြစ်ပါတယ်။ အော်တီဗီမပါတဲ့အတွက် စတီယာရင် ကွန်ထရိုးလည်းမပါဝင်တော့ပါဘူး။ထိုင်ခုံတွေကလည်း Leather Seat တွေမဖြစ်ဘဲ ရှန်မွိုင်း ပဲဖြစ် ပါတယ်။

MX
MX ဂရိတ်မှာတော့ ဘေးမှန်မီးတန်း၊ ရှေ့Fog Light တွေပါဝငါလာပြီး သည်ဂရိတ်ရဲ့မှာတော့ အော်တီဗီပါဝင်လာ တာတွေ့ရလို့ စတီယာရင် ကွန်ထရိုးလ်လည်းပါဝင်လာပါတယ်။ ဒီဂျစ်တယ်အဲကွန်း ကွန်ထရိုးလ်၊ ဒီဂျစ်တယ်ဒိုင် ခွက်၊ စပီကာ(၆)လုံး၊ရှေ့နောက်အဲကွန်း တို့ကိုတပ်ဆင်ထုတ်လုပ်ပါတယ်။ နောက်မှာ Spoiler အသေးပါဝင်လာ တာလည်းတွေ့ရပါတယ်။ အလွိုင်းခွေ ၁၅ လက်မဖြစ်ပြီး cruise control နဲ့ leather seat တော့ မပါဝင်သေးတာ တွေ့ရပါတယ်။

Leather ထိုင်ခုံ၊ ပါဝါ၀င်းဒိုးပတ်လည်၊ ရှေ့ထိုင်ခုံပါဝါ၊ ဖြစ်တာလည်းတွေ့ရပါတယ်။ အပြင်ပိုင်းမှာလည်း နောက် Spoiler, ရှေ့နောက် Fog Light , ဘေးတံခါးဖောင်းလိုင်း၊ ဘေးမှန်မီးတန်း တို့ပါဝင်တာတွေ့ရပါတယ်။
ဟွန်ဒါ Civic Hybrid ထဲမှာမှ Type R ဆိုပြီးလူသိများပေမယ့် ပြည်တွင်းမှာအသွင်းနဲတဲ့မော်ဒယ်တစ်မျိုးလည်း ရှိပါတယ်။ အင်ဂျင်ပါဝါ ၂၀၀၀ စီစီဖြင့် ထုတ်လုပ်ပြီး ၂၀၀၉ ခုနှစ်မှာစတင်ထုတ်လုပ်ပါတယ်။ဈေးကလည်း ရိုးရိုး ဟွန်ဒါ Civic Hybrid နှစ်စီးစာလောက်ပေါက်ဈေးရှိပြီးပြည်တွင်းမှာလည်းတင်သွင်းနှုန်းနည်းပါးပါတယ်။
ဟွန်ဒါ Civic Hybrid ဈေးနှုန်းတွေကတော့ မော်ဒယ်ပေါ်မူတည်ပြီး ပြည်တွင်းဈေးကွက်ထဲမှာပေါက်ဈေး ကျပ်သိန်း (၁၅၀)၀န်းကျင်ကနေ ကျပ်သိန်း(၂၀၀)လောက်အထိပေါက်ဈေးရှိပါတယ်။
ကားပိုင်ရှင်တွေအတွက် ရာသီပြင်းချိန်မှာ မိမိတို့ ကားအား ဂရုစိုက်ထိန်းသိမ်းစရာ အချက်များ
ရာသီဥတုပူပြင်းချိန်မှာ မောင်းနှင်နေတဲ့ ကားတစ်စီးလုံးရဲ့ အပူချိန်ကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အဲကွန်းအလွန်အကျွံမသုံးပါနဲ့
ကားတစ်စီးရဲ့ အဲကွန်းကို အလွန်အကျွံအသုံးပြုခြင်းက လည်း ကားရဲ့အပူချိန်ကို မြင့်မား စေပါတယ်။ ကား အဲကွန်းကို နံပါတ်အမြင့်ဆုံးနဲ့ ဖွင့်ထားလို့ အ တွင်းခန်းမှာ အေးနေပေမယ့် ကား ရဲ့အပြင်ဘက်အစိတ်အပိုင်းက တော့ အင်ဂျင်ရော အဲကွန်းကွန် ပရက်ဆာကပါ လုပ်ဆောင်ချက် မြင့်နေတဲ့အတွက် ကားအပူချိန် ကို မြင့်တက်နေစေပါတယ်။ ဒါကြောင့် ကားအဲကွန်းကို လိုအပ်သလောက်သာ ဖွင့်ပါ။ အဲကွန်း ကို သုံးလိုက်၊ နားလိုက်မကြာခဏ လုပ်ပေးတာမျိုးတွေ ပြုလုပ်ပေး ခြင်းဖြင့် ကားအင်ဂျင်နဲ့ ကားအပူ ချိန်ကို လျှော့ချပေးနိုင်ပါတယ်။
၂။ ဘက်ထရီသေချာတွဲပါ
ဘက်ထရီ ကလစ်တွေကို သေချာတွဲဆက်ထားပါ။ ဘက် ထရီကြိုးတွေ၊ ကလစ်တွေမခိုင်မြဲ ရင် အပူထွက်လာစေပြီး မီးလောင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါ့ အပြင် ဘက်ထရီ ကြိုးတွေက ဆက်ရာတွေများနေရင် ဘက်ထ ရီငုတ်တစ်ခုတည်းမှာ ကြိုးတွေ စုပြုံပြီးတပ်ထားရင် အပူလွန်ကဲမှု ဖြစ်ပါတယ်။ အဲဒါကြောင့် ဘက် ထရီငုတ်တွေကို သေချာတပ်ဆင် ပါ။ ငုတ်တစ်ခု ကြိုးတစ်ချောင်း သာ တပ်ဆင်ပေးပါ။ ကြိုးဆက်ရှိ နေတဲ့ ဝိုင်ယာကြိုးဟောင်း၊ ကြိုး အဆွေးတွေ အသုံးပြုခြင်းကို ရှောင်ပါ။
၃။ အင်ဂျင် Coolant ရေ သတိ ပြုပါ
ကားအင်ဂျင်အေးစေဖို့အ ထောက်အကူပြု ဓာတုဆေးရည် ကို စစ်ဆေးပေးပါ။ ကားအင်ဂျင် Coolant ရည်က ဟောင်းနေရင်၊ ရက်လွန်နေရင် စွမ်းဆောင်ရည် ကင်းမဲ့သွားပါတယ်။ အင်ဂျင်ကို အအေးပေးဖို့ အထောက်အကူ မပြုတော့တဲ့အပြင် အင်ဂျင်ကိုပါ ပျက်စီးစေနိုင်ပါတယ်။ အင်ဂျင် Coolant ရည်မရှိရင် လျော့နည်း နေရင်လည်း အင်ဂျင်ကို အပူမြင့်တက်စေပါတယ်။ အင်ဂျင် Coolant ရည်ကို အမြဲစစ်ဆေး ပေးသင့်ပါတယ်။
၎။ တာယာလေဖိအားစစ်ဆေးပါ
တာယာလေဖိအားကို ပူပြင်း ချိန်မှာ အသုံးပြုသင့်တဲ့လေဖိအား ပမာဏကို တာယာအရွယ်အစား အလိုက်၊ ကားအမျိုးအစား အ လိုက် သတ်မှတ်ထားပါတယ်။ မိမိကား၊ တာယာအရွယ်အစားတို့နဲ့ လိုက်ဖက်တဲ့ လေဖိအားရှိနေဖို့လို အပ်ပါတယ်။ ယေဘုယျအားဖြင့် ရာသီဥတု ပူပြင်းချိန်မှာ ပုံမှန်ရာသီဥတုမှာ အသုံးပြုနေတဲ့ လေဖိအားအောက် အနည်းငယ် လျှော့သုံးသင့်ပါတယ်။ လေဖိအားများလွန်းလို့ပဲဖြစ်စေ၊ လျော့နည်းလွန်းရင်ပဲဖြစ်စေ ကားတာယာတွေရဲ့ အပူချိန်ကို မြင့်မားစေပါတယ်။
ရွှေထီးဟိုတယ် တွင် လာရောက် တည်းခိုနေသည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီး တဦး သေဆုံး
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၁) ရပ်ကွက် ရှိ ရွှေထီးဟိုတယ် တွင် လာရောက် တည်းခိုနေသည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီး တဦး သေဆုံးခဲ့ရသည့် အကြောင်းအရင်း ကို စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ သိရသည်။
“သေဆုံးတဲ့ ကောင်မလေး ကို စစ်ဆေးတဲ့ အနေအထား အရ ပြင်ပလက္ခဏာ နဲ့ အတွင်းဒဏ်ရာ ဘာမှ မတွေ့ရှိရဘူး။ ဒီလို မရှိတာ ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ သွေး၊ ဆီး၊ အတွင်းကလီစာ စတာတွေကို ဆက်လက် စစ်ဆေးသွားမယ်။ ဖြစ်စဉ် အနေအထား ကတော့ တယောက်ယောက် က သတ်သွားတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ တခုခု ရှော့ဖြစ်ပြီး သေဆုံးတဲ့ သဘောတော့ရှိပါတယ်”ဟု မန္တလေး ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး စိန်ထွန်းက ပြောသည်။
ရဲတပ်ဖွဲ့ မှ ပြောဆိုချက်အရ သေဆုံးသူ ၏ အမည်မှာ မယုယုထက် ဖြစ်ပြီး ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် မှ ဖြစ်ပြီး အဖော်ဖြစ်သူ အသက် ၂၂ အရွယ် မဖြိုးသဉ္ဇာထက်၊ ကော့ကရိတ်မြို့ တွင် နေထိုင်သူ အသက် ၃၀ အရွယ် ကိုရန်လင်းအောင် တို့နှင့် အတူ ၁ ခန်း တည်းတွင် တည်းခိုနေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ၎င်း နှင့် အတူပါလာသည့် အမျိုးသမီး က မယုယုထက် ကို အိပ်ယာမှ နိုးမရသဖြင့် မနက် ၉ နာရီ ခန့် တွင် ဟိုတယ်မန်နေဂျာ ဦးဝင်းအောင်ကို အကြောင်းကြားခဲ့ကြောင်း၊ ဟိုတယ်မန်နေဂျာ ဦးဝင်းအောင် က ရဲစခန်းသို့ ထပ်မံအကြောင်းကြားခဲ့ရာ သက်ဆိုင်ရာ နယ်မြေ ရဲစခန်း ရဲအုပ်ဝင်းဗိုလ်၊ နယ်ထိန်း ခေါင်းဆောင် ရဲအုပ် ဇော်မင်းထိုက် နှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးနေသည်ဟု အတည်ပြုခဲ့ကြောင်း သိရသည်။
သေဆုံးမှု ကို သွားရောက် စစ်ဆေးခဲ့သည့် အမှတ် (၁၁) ရဲစခန်း မှ စခန်းမှူး ရဲအုပ်ဝင်းဗိုလ်က လည်း “သေဆုံးသူဟာ ညဝတ် အင်္ကျီအဖြူ အနက်ကွက် လက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ထားပြီး နှစ်ယောက်အိပ်ကုတင် ပေါ်မှာ ပက်လက် အနေအထားနဲ့ သေဆုံး နေတာကို တွေ့ရပါတယ်၊ ပြင်ပဒဏ်ရာ တခုမှ မတွေ့ရဘဲ သေဆုံး နေတာကြောင့် အလောင်းကို ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် ရင်ခွဲ စစ်ဆေးနိုင်ဖို့ အတွက် မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်”ဟု အတည်ပြု ပြောကြားသည်။
ထို့ကြောင့် သေဆုံးသူ၏ အလောင်း ကို မှုခင်း ဆရာဝန်များ၏ စစ်ဆေး တွေ့ရှိချက်များ အပေါ် မူတည်ကာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က သေမှုသေခင်း ဖြင့်သာ အမှုဖွင့် ထားကြောင်း အမှတ် ၁၁ ရဲစခန်း မှ သိရသည်။
ဝန်ကြီးဌာန ၁၅ ခု လျှော့ချလိုက်သဖြင့် လစဉ် ကျပ်သိန်းထောင်ချီသက်သာမည်
အစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာန ၁၅ ခု လျှော့ချလိုက်သဖြင့် ၀န်ကြီးဌာနတစ်ခုလျှင် ပြည်ထောင်စုဝန်ကြီးတစ်ဦး၊ဒုဝန်ကြီးတစ်ဦးနှင့် ၎င်းတို့အားပေးအပ် ထားသည့် အဆောင်အယောင်၊ ကုန်ကျစရိတ်များကို အကြမ်းဖျင်းတွက်ချက်မည်ဆိုပါက တစ်လလျှင် နိုင်ငံတော်ဘဏ္ဍာမှ ကျပ်သိန်းထောင်ချီသက်သာသွားပြီဖြစ်သည်။
အစိုးရသစ်တွင် ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခုနှင့် ၀န်ကြီး ၁၈ ဦးထားရှိရန် သမ္မတ ဦးထင်ကျော်က ပေးပို့လာသည်ကို ပြည်ထောင်စုလွှတ်တော်နာယကက မတ်လ ၁၇ ရက်၌ လွှတ်တော်သို့တင်ပြခဲ့သည်။ လက်ရှိဝန်ကြီးဌာန ၃၆ ခုမှ ၁၅ ခုကို လျှော့ချပေါင်းစပ်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ပေါင်းစပ် လျှော့ချလိုက် သည့် ၀န်ကြီးဌာန ၁၅ ခုမှ ၀န်ကြီးနှင့် ဒုဝန်ကြီးတစ်ဦးစီအား ပေးရသည့် လစာနှင့် အဆောင်အယောင်များ သက်သာသွားမည်ဖြစ်ပြီး တစ်လလျှင် ပြည်သူ့ဘဏ္ဍာထဲမှ အနည်းဆုံးလစာ ကျပ် ၈၂၅ သိန်း သက်သာသွားမည်ဖြစ်သည်။ အချို့ဝန်ကြီးဌာနများတွင်ဒုဝန်ကြီးနှစ်ဦးပင်ရှိသည်။
ထို့အပြင် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပြည် ထောင်စုဝန်ကြီးတစ်ဦး၏ လစာ မှာ ကျပ်သိန်း ၃၀ ဖြစ်ပြီး အစိုးရ နေအိမ်တွင် အခမဲ့နေထိုင်ခွင့်၊ လုံခြုံရေး အစောင့်အရှောက်၊ ပြည်တွင်းအခမဲ့ ဆေးကုသခွင့်၊ ရေနှင့် လျှပ်စစ်ဓာတ်အား အခမဲ့ သုံးစွဲခွင့်၊ ပြည်တွင်းဖုန်း အခမဲ့သုံးစွဲခွင့်ရှိသည်။ ထို့အပြင် ကိုယ်ရေး အရာရှိတစ်ဦး၊ အိမ်အကူနှစ်ဦး၊ ဥယျာဉ်လုပ်သားနှစ်ဦး၊ ကားသုံး စီး၊ ယာဉ်မောင်းသုံးဦး ခန့်အပ်ပိုင် ခွင့်ရှိသည်။ ကားသုံးစီးအတွက် တစ်စီးလျှင် စက်သုံးဆီ တစ်လ ဂါလန် ၆၀ နှုန်း၊ ကားသုံးစီးအတွက် စက်ဆီနှင့် ချောဆီများလည်း ရရှိ သည်။ဒုဝန်ကြီးတစ်ဦးလျှင် လစာ ကျပ်သိန်း၂၀ ရရှိပြီး အခြားခံစားခွင့်နှင့် အဆောင်အယောင်များမှာ ဝန်ကြီးနှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် လစာနှင့် အဆောင်အယောင်များ ထည့်သွင်းတွက်ချက်လျှင် တစ်လလျှင် ကျပ်သိန်းတစ်ထောင်ကျော် သက်သာမည်ဖြစ်သည်။
သို့သော် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကိုမူ အသစ်ဖွဲ့စည်းလိုက်သည်။
‘‘တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနတစ်ခု တိုးတာကတော့ ပိုကောင်းပါတယ်။ ၀မ်းသာကြိုဆိုတယ်။ တိုင်းရင်းသားတွေရဲ့ အခက်အခဲကို အရင်တုန်းကတော့ တိတိကျကျဆောင်ရွက်ခဲ့တာ မရှိတော့ အခုတော့ ဒီဥစ္စာက တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုကအစ သူတို့ဒေသဖွံ့ဖြိုးရေးကို လည်းကောင်းကောင်းမွန်မွန် လုပ်နိုင်တော့မှာ’’ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ပြောသည်။
လွှတ်တော်သို့ တင်ပြလာ သည့် ၀န်ကြီးဌာန ၂၁ ခုတွင်မူလ အတိုင်း ထားရှိသည့် ၀န်ကြီးဌာန ၁၂ ခုရှိသည်။ ၎င်းတို့မှာ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန် ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူ မှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာ န၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှု ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့ဖြစ် သည်။
ပေါင်းစပ်ဖွဲ့စည်းသည့် ၀န် ကြီးဌာန ခုနစ်ခုရှိပြီး ၎င်းတို့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် သာသနာရေးဝန် ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန် ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန၊ အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီး ဌာနတို့ဖြစ်သည်။ သမ္မတရုံးဝန် ကြီးဌာန ခြောက်ခုကိုတစ်ခုတည်း ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
အစိုးရအဖွဲ့သစ်တွင်ဝန်ကြီး ဌာနအချို့ ပူးပေါင်းမည်ဖြစ်သော် လည်း ၀န်ထမ်းများကို ဖြုတ်ထုတ် သတ်လမ်းစဉ် ကျင့်သုံးမည့်မူဝါဒ မရှိကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ၂၀၁၅ ဒီဇင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။ နောင် လာမည့် အစိုးရသက်တမ်းအ တွင်းဝန်ကြီးဌာနများ လျှော့ချရေး ပြုလုပ်ရာတွင် အလုပ်တာဝန်နည်းပါးသော ဌာနမှ ၀န်ထမ်းများကို အလုပ်တာဝန်များပြား၍ လိုအပ်ချက်ရှိသော ဌာနများသို့ရွှေ့ပြောင်းတာဝန်ပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ အနိုင်ရပါတီ ခေါင်းဆောင် ဒေါ်အောင ဆန်းစုကြည်က ပြောကြားဖူးသည်။
‘‘အားသာချက်က ၀န်ထမ်း တွေက ပိုပြီးတော့မှ အရည်အ သွေးမြင့်လာမယ်။ လောလော ဆယ်မှာတော့ ၀န်ထမ်းတွေက စိတ်ထဲတစ်မျိုးတော့ဖြစ်မယ်။ ဟို ဌာနကနေ ဒီဌာနကို ပြောင်းရ တယ်၊ ပြောင်းရတဲ့ဝန်ထမ်းတွေ ကိုလည်း ကျွန်မတို့က အရည်အ ချင်းပိုင်းဆိုင်ရာ မြှင့်ပေးမယ်။ သင်တန်းတွေပေးမယ်၊ အဲဒီတော့ သူတို့တွေ လုပ်ရည်ကိုင်ရည် ပိုပြီး တော့ တိုးတက်လာမယ်။ နိုင်ငံ တော်မှာလည်း ၀န်ထမ်းတွေရဲ့ လုပ်နိုင်တဲ့အားတွေကို အပြည့် အ၀အသုံးချလာနိုင်မယ်လို့ မျှော် လင့်ထားတယ်။ လောလောဆယ် တော့ ၀န်ထမ်းတွေအနေနဲ့ နည်း နည်းတော့ သည်းခံရမယ်၊ စိတ် ရှည်ပေးကြပါလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော် ရဲ့ အပြောင်းအလဲတစ်ခု ဖြစ် တယ်။ အပြောင်းအလဲမှာ အား လုံးက ပါဝင်ပြီး ပူးပေါင်းကြမယ်ဆိုလို့ချက်ချင်းကြီးတော့ အသားမကျဘူး၊ အထာမကျနိုင်ဘူးဆိုပေမယ့် နောင်မှာကျရင်တော့ အားလုံးကကောင်းလာမယ်၊ ကောင်းလာရင်ဝန်ထမ်းတွေလည်း အားလုံးကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်’’ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုလဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။
သမ၀ါယမ၀န်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနတို့မှာ အ မည်မပါတော့ဘဲ ၀န်ကြီးဌာနအချို့ အောက်သို့ ထည့်သွင်းဖွယ်ရှိသည်ဟု ခန့်မှန်းသုံးသပ်နေကြ သည်။ အဆိုပါဝန်ကြီးဌာနများမှ ၀န်ထမ်းအချို့မှာ ၎င်းတို့မိခင်ဌာန အမည်များမပါတော့သဖြင့် စိတ် မကောင်းဖြစ်ကြသည်။
‘‘ကျွန်တော်ကတော့ အားကစားဝန်ကြီးဌာနကို သီးသန့်ရှိစေချင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ က အားကစားက အရေးပါတယ်လေ။ ဒါပေမဲ့ ကျန်းမာရေးဌာန အောက်ကို ရောက်သွားတယ်ဗျာ။ ရောက်သွားပြီးတော့မှ အားကစားဝန်ကြီးဌာနဆိုတာက မပါတော့ဘူးဗျာ။ စိတ်ထဲမှာခံစားရတယ်။ လက်ရွေးစင် အားကစားသမားတွေကလည်း သူတို့ဝန်ကြီးဌာနကြီး ပျောက်သွားတဲ့ အတွက် သူတို့ခံစားရတာပေါ့။ နိုင်ငံပြည်သူတွေရဲ့ စိတ်ဓာတ်ကို တက်ကြွအောင် လုပ်ပေးတာလည်း ဒီအား ကစားကပဲလေ။ ဒါကတော့လက်ရှိ အုပ်ချုပ်မယ့် အစိုးရရဲ့ပေါ်လစီပေါ့ဗျာ။ ပိုဆိုးတာက အားကစားနဲ့ ကျန်းမာရေးဆိုပြီးတော့ ယှဉ်တွဲ လိုက်ရင်လည်း တစ်မျိုးပေါ့ဗျာ။ အဲဒါဆိုနည်းနည်းလေးကြည့်လို့ ကောင်းတာပေါ့။ ဒါပေမဲ့ ကျန်း မာရေးဝန်ကြီးဌာနဆိုတာပဲ ရေးပြီးတော့မှ အားကစားဝန်ကြီးဌာနဆိုတာ ပါမလာတော့ဘူး’’ ဟု အားကစားဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးကပြောသည်။
စိတ်မကောင်းဖြစ်သော ၀န်ထမ်းများရှိသကဲ့သို့ အကောင်းဘက်မှ ရှုမြင်သောဝန်ထမ်းများ လည်း ရှိသည်။
‘‘၀န်ကြီးဌာန ပျောက်သွားပေမယ့် အားကစားလုပ်ငန်းတွေကတော့ ကျန်နေဦးမှာပဲလေ။ အရင်တုန်းက အားကစားဝန်ကြီးဌာန မရှိတုန်းကလည်း ကျန်းမာရေးဝန်ကြီးဌာန အောက်မှာပဲလုပ်ခဲ့တာ။ အခုလိုလုပ်လိုက်တာဟာ အရင်နေရာ ပြန်ရောက်တာပါပဲ။ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ လျှော့ချတာပါပဲ။ ၀န်ကြီးဌာနတွေပေါင်းတယ်၊ ၀န်ကြီးတွေ လျှော့တယ်၊ ဒုဝန်ကြီးတွေ လျှော့တယ်ဆိုတာ အစိုးရသစ်ရဲ့ အစီအမံနဲ့ လုပ်တယ်ဆိုတော့ငါတို့က ပြောစရာ မရှိပါဘူး’’ဟုအားကစား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောသည်။
‘‘သမ္မတကြီး ဦးထင်ကျော်ကလည်း ဒါကိုပြောင်းလဲချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်တွေ ၀န်ကြီးဌာန ၃၆ ခုမှာ အများကြီး သုံးနေရတယ်။ အခုလို ဒီလိုမျိုးလေး ကျစ်ကျစ်လျစ်လျစ်နဲ့ လုပ်လိုက်ရတဲ့အတွက်ကြောင့် နိုင်ငံတော်ရဲ့ ၀န်ကြီးတွေကို ပေးနေရတဲ့ လစာတွေ သက်သာသွားမယ်’’ဟု ဒေါ်ခင်စန်းလှိုင်ကပြောသည်။
အဆိုပါ ၀န်ကြီးဌာန ၂၁ ခု အတွက်ပြည်ထောင်စုဝန်ကြီး အရေအတွက် ၁၈ ဦးထားရှိရန် လွှတ်တော်သို့ တင်ပြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(ခ)(၂)အရ သမ္မတသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်ဟု ပြဋ္ဌာန်းထားသည်။
နိုင်ငံအချို့တွင်လည်း လုပ်ငန်းသဘောဆက်စပ်နေသည့် ဌာနသုံးခုခန့်ကို ၀န်ကြီးဌာနတစ်ခု အဖြစ် ပေါင်းစပ်ဖွဲ့စည်းကြကြောင်း လွှတ်တော်ကိုယ်စားလှယ်များကပြောသည်။ ၀န်ကြီးဌာနများ ပေါင်းစပ်လိုက်ခြင်းကြောင့် အမှန်တကယ် လုပ်ငန်းကျွမ်းကျင်သည့် ပညာရှင်များကို ခန့်အပ်မည်ထင်ကြောင်း ကိုယ်စားလှယ်များကပြောသည်။
ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ဝန်ကြီးဌာန ၂၃ ခုရှိခဲ့သည်။ လမ်းစဉ်ပါတီခေတ်တွင် ဝန်ကြီးဌာန ၁၉ ခုဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းသည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ) လက်ထက်တွင် ဝန်ကြီးဌာန ၁၈ ခုရှိပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်တွင် ဝန်ကြီးဌာန ၃၂ ခုဖြင့် ပြင်ဆင်တိုးချဲ့ဖွဲ့ စည်းခဲ့သည်။
လက်ရှိသမ္မတဦးသိန်းစိန်အစိုးရဖွဲ့စဉ်က ၀န်ကြီးဌာန ၃၄ ခုနှင့် ၀န်ကြီး ၃၀ ဦးထိ စာရင်း တင်သွင်းခဲ့သည်။ နောက်ပိုင်းတွင် သမ္မတရုံးဝန်ကြီးဌာနကိုထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ကာ နောက်ဆုံးတွင် ၀န်ကြီးဌာန ၃၆ ခုထားရှိပြီး ၀န်ကြီး ၃၃ ဦးခန့်အပ်သောပုံစံ ကျင့်သုံးခဲ့သည်။

Wednesday, March 16, 2016
ဘားအံမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
မတ်လ ၁၂ ရက်နေ့က ဘားအံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဘားအံမြို့၊ (၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ မခြည်ဇာ ၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ သက်မင်းအောင် အားတွေ့ရှိပြီး ဆေးခြောက် တစ်ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ပြားကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက် အရ ၎င်းတို့အား မူးယစ်ဆေးဝါးများရောင်းချပေးသူ ဘားအံမြို့၊ (၂)ရပ်ကွက်၊ သီတာအနောက် လမ်းနေ ဝင်းထိုက်အောင် နှင့် ဘားအံမြို့၊ (၁)ရပ်ကွက်၊ အင်းဝလမ်းနေ ကျော်မျိုးအောင် တို့အား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ရာ သန်းဇော်လတ် ၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၄ ပြားကို လည်းကောင်း၊ (၁)ရပ်ကွက်၊ အင်းပြည့်လမ်းနေ မနေခြည်ဦး ၏နေအိမ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၃၃၀ ပြားကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။
တရားခံ မနေခြည်ဦး အား စစ်ဆေးချက်အရ ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာနေ ဖေလင်းအောင် ၏နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ မမြင့်မြင့်အေး အား တွေ့ရှိပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ပြား၊ ၉ မမ ပစ္စတို တစ်လက်၊ ၎င်းကျည် ၂၅ တောင့် နှင့် ယာဉ်အမှတ် ၂ခ/××××၊ CRV အမျိုးအစား မော်တော်ယာဉ် တစ်စီးကိုလည်းကောင်း၊ ၎င်းတို့နှစ်ဦးအား စစ်ဆေးချက်အရ ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ ရေကျော်ရပ်၊ ဘားအံ-ကော့ကရိတ်ကားလမ်းအနီးတွင် နေထိုင်သူ စောသိန်းဝင်း နှင့် မမူစိ တို့၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြားနှင့် ယာဉ်အမှတ် 4C/ 4686၊ Hilux မော်တော်ယာဉ် တစ်စီးကို လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ မခြည်ဇာ (၂၂) နှစ်၊ သက်မင်းအောင် (၂၇) နှစ်၊ ဝင်းထိုက်အောင်(ခ)တရုတ် (၂၅) နှစ်၊ ကျော်မျိုးအောင်(ခ)ကျော်ကျော် (၂၆) နှစ်၊ သန်းဇော်လတ်(ခ)ကရင် (၄၈) နှစ်၊ မနေခြည်ဦး(ခ)ပန်ပန် (၄၀) နှစ်၊ ဖေလင်းအောင် (၃၆) နှစ်၊ မမြင့်မြင့်အေး(ခ)နောက်ပိ (၃၆) နှစ်၊ စောသိန်းဝင်း (၄၃) နှစ် နှင့် မမူစိ(ခ)မူစိလင်း (၃၄) နှစ် တို့ (၁၀) ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်
ထိုင်းရဲအရာရှိအား သတ်ဖြတ်မှုဖြင့် မြန်မာဒုက္ခသည် ၄ဦးကို ဖမ်းဆီး
ထိုင်းရဲအရာရှိတဦးကို သတ်ဖြတ်ကာ မြန်မာပြည်ဘက်ခြမ်းကိုထွက်ပြေးသွားတဲ့ မယ်လဒုက္ခသည် စခန်းမှ မြန်မာနိုင်ငံသား ၄ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းကောင်စီ (KNU/KNLA – PC)ကို အကူအညီနဲ့ ထိုင်းရဲတပ်ဖွဲ့က ယနေ့နံနက်စောစောက ဖမ်းဆီးခဲ့တယ်လို့ Bangkok Post သတင်းတွင် ဖော်ပြထားပါတယ်။
သူတို့ ၄ဦးဟာ အသက်အားဖြင့် ၁၈နှစ်မှ ၂၄နှစ် အတွင်းသာရှိပြီး ၃ဦးမှာ ညီအကိုဖြစ်ကြောင်း၊ သူတို့ဟာ တပ်ခရိုင် ထပ်ဆောင်ရန်းနယ်မြေမှာ တာဝန်ကျနေတဲ့ ထိုင်းရဲအရာရှိ Paithoon Sapeng ကို သတ်ဖြတ်မှုဖြင့် အမှုရင်ဆိုင်ရမှာဖြစ်ကြောင်း ဖော်ပြထားပါ တယ်။
ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးချက်အရ အဆိုပါ ဒုက္ခသည် ၄ဦးဟာ မြန်မာဘက်ခြမ်းကနေ ဆိတ်တွေကို ၀ယ်လာကြောင်း၊ စခန်းကိုပြန်လာတဲ့အခါ လမ်းမှာ ရဲအရာရှိနဲ့ တိုးပြီး ဖမ်းဆီးဖို့ ကြိုးစားရာက လူသတ် မှုဖြစ်ပွား တယ်လို့ ဆိုပါတယ်။ သူတို့ဟာ ရဲအရာရှိကို သတ်ဖြတ်ပြီးနောက် နယ်စပ်ဖြတ်ကာ ထွက် ပြေးတဲ့ အတွက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းကောင်စီ (KNU/KNLA – PC)ကို အကူအညီတောင်းကာ ဖမ်းရတာဖြစ်တယ်လို့ သိရပါတယ်။
အသတ်ခံရတဲ့ရဲအရာရှိ Paithoon Sapeng ရဲ့ အလောင်းကို အင်္ဂါနေ့က မယ်လစခန်းနားမှာတွေ့ရပြီး၊ ကျောဘက်မှာ ချွန်ထက် အရာနဲ့ ထိုးထားတဲ့ ဒဏ်ရာ ၆ချက်တွေ့ရသလို လည်ပင်းမှာလည်း ပြတ်ရှနေတယ်လို့ သိရပါတယ်။ လမ်းပေါ်မှာတော့ သွေးကွက်တွေနဲ့ ဓားတလက်ကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဆိတ် ၁၀ကောင်ကျော်ကို တင်ထားတဲ့ ကုန်တင်မော်တော်ဆိုင်ကယ်တစီးကိုလည်း အခင်းဖြစ်ပွားရာမှာတွေ့ရတယ်လို့ Bangkok Post ကဆိုပါတယ်။
နေပြည်တော်တွင်ဖြစ်ပွားခဲ့သည့် လူသတ်၊ အဓမ္မပြုကျင့်သူ တရားခံသုံးဦးအား မသေမချင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်ချ
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Junction Center အနောက်ဘက်ရှိ သံတမန် အိမ်ရာစီမံကိန်းမြေနေရာအတွင်း လူသတ်၍ အဓမ္မပြုကျင့်ခဲ့သည့် တရားခံလေးဦးအနက် သုံးဦးအား မသေမချင်းကြိုးကွင်းစွပ်သတ်ရန် မတ်လ ၁၅ ရက်က အမိန့်ချခဲ့ကြောင်း သတင်း ရရှိသည်။
ပြစ်မှုကျူးလွန်ခဲ့သည့် အသက်(၂၁)နှစ်အရွယ် အောင်တင်မျိုး(ခ)အောင်ပိုင်၊ အသက် (၁၉) နှစ်အရွယ် ကျော်မောင်(ခ)ဇော်ဇော်အောင်နှင့် အသက် (၂၁)နှစ် အရွယ်ဇော်လေး (ခ)ဇော်မျိုးသူတို့ သုံးဦးအား ပြစ်မှုပုဒ်မ ၃၀၂ (၁) (ဂ)အရ မသေ မချင်း ကြိုးကွင်းစွပ်သတ်သည့်ပြစ်ဒဏ်အပြင် ပုဒ်မ ၃၆၆ အရ ထောင်ဒဏ်ငါး နှစ်၊ ကျော်မောင်(ခ)ဇော်ဇော်အောင်အား ပုဒ်မ၃၇၉အရ ထောင်ဒဏ်(၂)နှစ်ကျခံစေရန် ဒက္ခိဏခရိုင်တရားသူကြီး(၂)က အမိန့်ချမှတ်ခဲ့သည်။
‘‘အသက်ပြည့်တဲ့ သုံး ယောက်ကို ပုဒ်မ ၃၀၂(၁)(ဂ) အရ ကြိုးကွင်းစွပ်သတ်ဖို့ အမိန့် ချလိုက်တာ။ ကျန်တဲ့အသက် မ ပြည့်သေးတဲ့တစ်ယောက်က တော့ ကလေးသူငယ်တရားရုံးမှာ ဆက်ပြီးရင်ဆိုင်နေတယ်’’ဟု ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲ မှူးကြီးဝင်းချွန်က ပြောသည်။
လူသတ်၊ မုဒိမ်းမှုကျူးလွန်ခဲ့ သူ လေးဦးအနက် မျိုးဇော်ဝင်း(ခ) ကောင်လေးသည် အသက်(၁၅) နှစ်နှင့် (၁၆)နှစ်ကြား ဖြစ်နေ၍ ဇမ္ဗူသီရိမြို့နယ် ကလေးသူငယ် တရားရုံးတွင် ဆက်လက်စစ်ဆေး နေကြောင်း ၎င်းကဆက်လက်ရှင်း ပြသည်။
ပြီးခဲ့သည့် ၂၀၁၅ စက်တင် ဘာ ၂၉ ရက် ည ၁၁ နာရီခန့်က အသက် (၁၆)နှစ်အရွယ် ဇနီး မောင်နှံနှစ်ဦးသည်လယ်ဝေးမြို့ နယ်ဘက်မှ နေပြည်တော်ဘက်သို့ ဆိုင်ကယ်ဖြင့်ထွက်ခွာလာရာ ဒက္ခိဏသီရိမြို့နယ် Junction Center အလွန်တွင် လာလမ်း အတိုင်းပြန်ကွေ့မောင်းနှင်လာစဉ် ဆိုင်ကယ်နှစ်စီးနှင့် လူလေးဦးက ၎င်းတို့နှစ်ဦးကို ခြိမ်းခြောက်ပြောဆိုပြီး ခေါ်လာခဲ့သည်။
ထို့နောက် Junction Center အနောက်၊ သံတမန်ကုန် ဘီ လမ်း၊ လမ်းသွယ်အရောက်တွင် လူငယ်ဇနီးမောင်နှံ စီးလာသည့် ဆိုင်ကယ်ကို တွန်းလှဲကာ အမည်မသိလူနှစ်ဦးက ခင်ပွန်း ဖြစ်သူကို ဆွဲခေါ်သွားပြီး ဆိုင်ကယ်အိတ် ဇောပိုက်ဖြင့်ရိုက်၍ ဓားဖြင့်ထိုးခဲ့ ကြောင်း၊ ထို့နောက်ဇနီးကို ခေါ်ဆောင်လာသည့် လူလေးဦးစလုံးက အဓမ္မပြုကျင့်ခဲ့ကြောင်း ဒက္ခိဏသီရိမြို့နယ်ရဲတပ်ဖွဲ့မှသိရသည်။
ဓားဖြင့်ထိုးခံရသည့် လူငယ် အမျိုးသားသည် ခန္ဓာကိုယ်အနှံ့တွင် ဓားဒဏ်ရာငါးချက်ဖြင့် သေဆုံးသွားပြီး အဓမ္မပြုကျင့်သူလေး ဦးအနက် နောက်ဆုံးအဓမ္မပြုကျင့် ခဲ့သူက ကျန်သုံးဦးမသိမီ အမျိုး သမီးကိုထွက်ပြေးခိုင်းခဲ့ခြင်းဖြစ် သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ဒက္ခိဏသီရိမြို့နယ် ပေါက်တော ရဲစခန်းတွင် ပြစ်မှုကျူးလွန်သူ လေးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂/၃၇၆ ဖြင့် အမှုဖွင့်အ ရေးယူခဲ့ခြင်းဖြစ်သည်။
Monday, March 14, 2016
မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ Toyota Belta
မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ Toyota Beltaမြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ Toyota Belta: အမေရိကန် အခြေစိုက် NHTSAရဲ့ စစ်ဆေးချက်အရ ၂၀၀၈-၀၉ခုနှစ်ထုတ် မော်ဒယ်တွေကို တွေကို စိတ်ကြိုက် ပေးထားတာ တွေ့ရပြီး အဆိုပါ မော်ဒယ်နှစ်နဲ့ နော်ပိုင်း မော်ဒယ်တွေက ရှေ့ဖက် ယာဉ်မောင်းအတွက် စိတ်ချရမှု ကြယ်ငါးပွင့်၊ ယာဉ်မောင်းဘေးထိုင်ခုံအတွက် စိတ်ချရမှု ကြယ်ငါးပွင့်၊ နောက်ဖက် ထိုင်ခုံတန်းအတွက် စိတ်ချရမှု ကြယ်လေးပွင့်နဲ့ တစ်စီးလုံး အတွက်ကိုတော့ ကြယ် လေးပွင့်ထိအောင် ပေးထားတာ တွေ့ရပါတယ်
မန်မာနိုင်ငံမှာ လူကြိုက်များတဲ့ Toyota Belta
Myanmar's biggest car market, Popular low-cost sedan model Toyota Belta but the Asian market is very popular now.Light, Cheaper, Luxury-style model for the Asian market Belta government spectacular breathtaking.
First, a point is called different names Belta Each market depending on the survey. Asian markets Belta largely Vios called again. In Indonesia alone if its importers Taxi model name Limo, also called Kandahar. Creation of high-tech and marketing has been the European market comes against the bottom of the rose-shaped.
Belta found smaller term level of production would start from 0 2005 Berlin during the production was well over ten years without upgrading generation output is not in Belta treat. Japan to begin production between production until June 2012, was found in overseas markets after being produced in the country.
Initial models were produced in Japan, although popular in the Southeast Asian market seen since the production in Thailand. Four engine system being manufactured and 1 decimal 0 liter 1KR-FE I3 engine, 1 3-liter three decimal 2NZ-FE I4 2SZ-FE I4 engine, 1 tenth 5-liter three 1NZ-FE I4 engine system models. Transmission Auto systems come to market with 0 Manual Transmission 5 as well as targeting the production of CVT systems.
US-based NHTSA's investigations 2008-09 model year offers custom models found the model years of my models in the front driver safety five-star, In the driver's seat safety five-star, In the rear seat row reliability star's four stars and craft all components use given.
Successful North American and Australian markets, particularly South Asia known as the Vios and local Belta. Except for the Japanese market in the rest of the Asian market in Vios name and model manufactured in the Philippines and Thailand. Japan of 0 US and Middle East markets components Belta name was developed in Japan. Belta stands for Italian words Bella Gente is a reservation definitions ဗာယ် Beauty လုို့ ဗာယ်.
Subscribe to:
Posts (Atom)