.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Friday, March 18, 2016

ဟွန်ဒါ Civic Hybrid အကြောင်း


ပြည်တွင်းမှာရှိတဲ့ ဟိုက်ဘရစ်ကားအမျိုးအစားတွေထဲမှာ လူကြိုက်များနေတဲ့ကားတစ်စီးဖြစ်တဲ့ ဟွန်ဒါ Civic  Hybrid အကြောင်းကိုရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။၂၀၀၁ ခုနှစ်နှစ်ကုန်ပိုင်းမှာစတင်ထုတ်လုပ်လာတဲ့ ဟွန် ဒါ Civic Hybrid ကို ပြည်တွင်းဈေးကွက်ထဲမှာ ပုံစံဒီဇိုင်းပိုင်းမှာရော အင်ဂျင်တည်ဆောက်မှုအပိုင်းမှာပါလူ ကြိုက်များကားတစ်စီးအဖြစ်ရပ်တည်နေပါတယ်။တချို့ကတော့ ဟိုက်ဘရစ်ကားတစ်စီးဖြစ်လို့ ပြင်ဆင်စရိတ်ကြီးမှာကို ၀ယ်သူတွေအကြိုက်နည်းစေတဲ့အချက် တော့ရှိနေပါတယ်။ အရင်ကထုတ်လုပ်ခဲ့တဲ့ ဟွန်ဒါ Civic ကို ၂၀၀၁ခုနှစ်ကစပြီး Hybrid အင်ဂျင်သုံးကားတစ်စီး အဖြစ်ပြောင်းလဲထုတ်လုပ်လာပါတယ်။
ဈေးကွက်ထဲကိုတော့ ၂၀၀၅ ခုနှစ်ထဲမှာစတင်ဝင်ရောက်လာခဲ့ပြီး ဈေးကွက်ထဲမှာလူကြိုက်များကားတစ်စီးဖြစ် လာပါတယ်။ အင်ဂျင်အရွယ်အစား၁၃၀၀စီစီကို CVT ဂီယာတစ်မျိုးတည်းဖြင့်ထုတ်လုပ်ပြီး Sedan ကိုယ်ထည် အမျိုးမစားဖြစ်ပါတယ်။
ဂရိတ်တွေကိုတော့ MXB,MXST,MX ဂရိတ်ဆိုပြီး (၃)မျိုးခွဲခြားထုတ်လုပ်ပါတယ်။ Chassis တွေကိုတော့ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိကို ES9 နဲ့ထုတ်လုပ်ပြီး၊ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ FD3 ဖြင့်ထုတ် လုပ်ပါတယ်။ ES9 နဲ့ထုတ်လုပ်ခဲ့စဉ်ကတော့ Base Grade တစ်မျိုးတည်းသာထုတ်လုပ်ခဲ့ပြီး FD3 နဲ့ပြောင်းလဲ ထုတ်လုပ်ချိန်ရောက်မှ ဂရိတ်(၃)မျိုးခွဲခြားထုတ်လုပ်ပါတယ်။
MXB
MXB ကို Base Grade အဖြစ်ထုတ်လုပ်တာဖြစ်ပါတယ်။ဘေးမှန်မီးတန်း၊ Fog Light တို့မပါဝင်ပါဘူး။ အရေးကြီးတဲ့အချက်ကတော့ Base Grade မှာ အော်တီဗီမပါဝင်တာဖြစ်ပါတယ်။ အော်တီဗီမပါတဲ့အတွက် စတီယာရင် ကွန်ထရိုးလည်းမပါဝင်တော့ပါဘူး။ထိုင်ခုံတွေကလည်း Leather Seat တွေမဖြစ်ဘဲ ရှန်မွိုင်း ပဲဖြစ် ပါတယ်။
MX
MX ဂရိတ်မှာတော့ ဘေးမှန်မီးတန်း၊ ရှေ့Fog Light တွေပါဝငါလာပြီး သည်ဂရိတ်ရဲ့မှာတော့ အော်တီဗီပါဝင်လာ တာတွေ့ရလို့ စတီယာရင် ကွန်ထရိုးလ်လည်းပါဝင်လာပါတယ်။ ဒီဂျစ်တယ်အဲကွန်း ကွန်ထရိုးလ်၊ ဒီဂျစ်တယ်ဒိုင် ခွက်၊ စပီကာ(၆)လုံး၊ရှေ့နောက်အဲကွန်း တို့ကိုတပ်ဆင်ထုတ်လုပ်ပါတယ်။ နောက်မှာ Spoiler အသေးပါဝင်လာ တာလည်းတွေ့ရပါတယ်။ အလွိုင်းခွေ ၁၅ လက်မဖြစ်ပြီး cruise control နဲ့ leather seat တော့ မပါဝင်သေးတာ တွေ့ရပါတယ်။
MX ဆိုတာက Civic Hybrid ရဲ့ ဂရိတ်သတ်မှတ်ချက်ဖြစ်ပြီး MXB က Base Grade ကိုရည်ညွှန်းပါတယ်။ MXST ဆိုတာကတော့ Civic Hybrid Standard ဂရိတ်ကိုဆိုလိုတာဖြစ်ပါတယ်။ MXST ကတော့ Standard ဂရိတ်ဆိုတဲ့အတိုင်း Civic Hybrid တွေထဲမှာ ဂရိတ်အပြည့်ဆုံးဖြစ်ပါတယ်။ အလွိုင်းခွေအရွယ်အစားက ၁၆ လက်မ ဖြစ်လာပြီး အတွင်းခန်းလည်းဂရိတ်ပြည့်နေတာတွေ့ရပါတယ်။ အဲကွန်းပတ်လည်၊ ဒီဂျစ်တယ် ဒိုင်ခွက်၊ အော်တီဗီ၊ စတီယာရင် ကွန်ထရိုးလ်၊ cruise control , Turn Start , တွေနဲ့တပ်ဆင်ထုတ်လုပ်ထားပါတယ်။
Leather ထိုင်ခုံ၊ ပါဝါ၀င်းဒိုးပတ်လည်၊ ရှေ့ထိုင်ခုံပါဝါ၊ ဖြစ်တာလည်းတွေ့ရပါတယ်။ အပြင်ပိုင်းမှာလည်း နောက် Spoiler, ရှေ့နောက် Fog Light , ဘေးတံခါးဖောင်းလိုင်း၊ ဘေးမှန်မီးတန်း တို့ပါဝင်တာတွေ့ရပါတယ်။
ဟွန်ဒါ Civic Hybrid ထဲမှာမှ Type R ဆိုပြီးလူသိများပေမယ့် ပြည်တွင်းမှာအသွင်းနဲတဲ့မော်ဒယ်တစ်မျိုးလည်း ရှိပါတယ်။ အင်ဂျင်ပါဝါ ၂၀၀၀ စီစီဖြင့် ထုတ်လုပ်ပြီး ၂၀၀၉ ခုနှစ်မှာစတင်ထုတ်လုပ်ပါတယ်။ဈေးကလည်း ရိုးရိုး ဟွန်ဒါ Civic Hybrid နှစ်စီးစာလောက်ပေါက်ဈေးရှိပြီးပြည်တွင်းမှာလည်းတင်သွင်းနှုန်းနည်းပါးပါတယ်။
ဟွန်ဒါ Civic Hybrid ဈေးနှုန်းတွေကတော့ မော်ဒယ်ပေါ်မူတည်ပြီး ပြည်တွင်းဈေးကွက်ထဲမှာပေါက်ဈေး ကျပ်သိန်း (၁၅၀)၀န်းကျင်ကနေ ကျပ်သိန်း(၂၀၀)လောက်အထိပေါက်ဈေးရှိပါတယ်။

No comments: