" ဧည့်စာရင်းတိုင်ကြားရန် မလိုအောင် ရပ်/ကျေးဥပဒေကို ပြင်ဆင်မည် "
ရပ်ကျေးဥပဒေတွင်ပါဝင်သည့် ညဥ့်အိပ်ညဥ့်နေဧည့်သည်များ ဧည့်စာရင်းတိုင်ကြားရမည့်အချက်ပါ ပုဒ်မကို ဖြုတ်မည့် ဥပဒေကြမ်းကို လွှတ်တော်အသစ်၌ ဆွေးနွေးအတည်ပြုသွားရန် ရှိကြောင်း သတင်းရရှိသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေတွင် ဧည့်စာရင်းနှင့်ပတ်သက်သော ပုဒ်မ၁၃(ဆ)ကို ပယ်ဖျက် ရန် ယခင်လွှတ်တော်ကတည်း ကဥပဒေကြမ်းအဖြစ် တင်သွင်းမှုရှိခဲ့ပြီး လွှတ်တော်အသစ်၌ ယင်းဥပဒေကြမ်း အတည်ပြုရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စူစန်နာလှလှစိုးက ပြောသည်။
ယနေ့(မတ်လ ၂၁ ရက်)တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွှတ်တော်အမတ်များအား ယင်းဥပဒေနှင့်ပတ်သက်သော စာရွက်များ ဖြန့်ဝေခဲ့သည်ဟု သိရသည်။
No comments:
Post a Comment