"အမြန်လမ်းပေါ်တွင် အိမ်စီးကားတစ်စီးတိမ်းမှောက်၍ နှစ်ဦးသေဆုံး"
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယနေ့ (မတ်လ၂၅ရက်)နံနက် ၆ နာရီခန့်က အိမ်စီးကားတစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး နှစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်မှ ရန်ကုန်ဖက်သို့အပြန် မိုင်တိုင် ၁၄၄ အနီးတွင် လူ ခြောက်ဦးလိုက်ပါလာသည့် အိမ်စီးကားတစ်စီး ရှေ့ ညာဖက်ဘီးပေါက်ကာ လမ်းဘေးသို့ ထိုးကျသွားခြင်းဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး နှစ်ဦးသေဆုံးကာ အမျိုးသားနှစ်ဦး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူ လေးဦးလုံးကို တောင်ငူဆေးရုံတွင် ကုသပေးနေကြောင်း ကယ်ဆယ်ရေးလုပ်ပေးခဲ့သည့် ၁၁၅ မိုင် အမြန်လမ်းကြက်ခြေနီစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
No comments:
Post a Comment