ကနီမြို့နယ် ကပိုင်ကျေး ရွာ - အလောင်းတော်ကဿပ ဘုရားဖူးရာသီလမ်းတွင် မတ်လ ၂၂ ရက်က ယာဉ်မတော်တဆမှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း ကနီမြို့ နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။
အလောင်းတော် ကဿပဘုရားဖူးလမ်းတွင် အဆိုပါရက် နံနက် ၆ နာရီခွဲက အမျိုးသား နှစ်ဦး၊ အမျိုးသမီး ရှစ်ဦးလိုက်ပါ လာသော ဘုရားဖူး မှန်လုံယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ လမ်း ယာဘက်ချောက်အတွင်း ထိုးကျ တိမ်းမှောက်ခဲ့ရာ ခရီးသည်အား လုံး ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ သည်။
ထို့ပြင် နံနက် ၉ နာရီ ၄၅ မိနစ်က အလောင်းတော်ကဿပဘုရား ဖူးလာရောက်သည့် လိုက်ထရပ် ယာဉ်သည် တောင်ကုန်းအတက် တွင် အရှိန်မထိန်းနိုင်ဘဲ နောက် ပြန်လိမ့်ကျ၍ ယာဉ်တိမ်းမှောက် ခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး၊ အမျိုးသမီး ၂၄ ဦးအနက် ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။
အလောင်းတော်ကဿပမှ ဘုရားဖူးပြန်လာသည့် ကင်တာ ခြောက်ဘီး အဖြူရောင် ယာဉ်သည်လည်း အဆိုပါနေ့ ညနေ ၅ နာရီက ကပိုင်-အလောင်းတော်ကဿပလမ်း ပြာပုံတောင်ကွေ့တောင်တက်လမ်းတွင် နောက်ပြန်လျှောကျပြီး ယာဉ်တိမ်းမှောက်ခဲ့၍ ယာဉ်ပေါ်လိုက်ပါလာသူအမျိုး သား ခုနစ်ဦး၊ အမျိုးသမီး ၁၃ ဦး အနက် ဒဏ်ရာရရှိသူ ခြောက်ဦးရှိ ခဲ့သည်။
‘‘အလောင်းတော်ကဿပ ဘုရားဖူးရာသီမှာ ကျောင်းပိတ် ရက်လည်းဖြစ် တပေါင်းပွဲတော် ကာလလည်းဖြစ်တော့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာကြတယ်။ အလောင်းတော် ကဿပလမ်းမှာ ယာဉ်မတော်တ ဆမှုလျော့နည်းစေဖို့ ယာဉ်အ လိုက် သတ်မှတ်ခရီးသည်တင် ဆောင်ပြေးဆွဲခွင့်ပြုတယ်ဆိုပေ မယ့် တချို့ယာဉ်တွေမှာ သတ်မှတ်ခရီးသည်တွေထက် ပိုတင်တဲ့အ တွက် ထိခိုက်ဒဏ်ရာရတာတွေ တွေ့ရတယ်။ နယ်ဝေးက ယာဉ် မောင်းအများစုက တောင်တက်၊ တောင်ဆင်းလမ်းမှာ မကျွမ်းကျင် တာလည်းရှိတယ်’’ဟု ကပိုင်ကျေး ရွာဒေသခံ ရပ်မိရပ်ဖတစ်ဦးက ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ သုံးသပ်သည်။
No comments:
Post a Comment