.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Wednesday, March 16, 2016

ဘားအံမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ



မတ်လ ၁၂ ရက်နေ့က ဘားအံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဘားအံမြို့၊ (၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ မခြည်ဇာ ၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ သက်မင်းအောင် အားတွေ့ရှိပြီး ဆေးခြောက် တစ်ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ပြားကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက် အရ ၎င်းတို့အား မူးယစ်ဆေးဝါးများရောင်းချပေးသူ ဘားအံမြို့၊ (၂)ရပ်ကွက်၊ သီတာအနောက် လမ်းနေ ဝင်းထိုက်အောင် နှင့် ဘားအံမြို့၊ (၁)ရပ်ကွက်၊ အင်းဝလမ်းနေ ကျော်မျိုးအောင် တို့အား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ရာ သန်းဇော်လတ် ၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၄ ပြားကို လည်းကောင်း၊ (၁)ရပ်ကွက်၊ အင်းပြည့်လမ်းနေ မနေခြည်ဦး ၏နေအိမ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၃၃၀ ပြားကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။
တရားခံ မနေခြည်ဦး အား စစ်ဆေးချက်အရ ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာနေ ဖေလင်းအောင် ၏နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ မမြင့်မြင့်အေး အား တွေ့ရှိပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ပြား၊ ၉ မမ ပစ္စတို တစ်လက်၊ ၎င်းကျည် ၂၅ တောင့် နှင့် ယာဉ်အမှတ် ၂ခ/××××၊ CRV အမျိုးအစား မော်တော်ယာဉ် တစ်စီးကိုလည်းကောင်း၊ ၎င်းတို့နှစ်ဦးအား စစ်ဆေးချက်အရ ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ ရေကျော်ရပ်၊ ဘားအံ-ကော့ကရိတ်ကားလမ်းအနီးတွင် နေထိုင်သူ စောသိန်းဝင်း နှင့် မမူစိ တို့၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြားနှင့် ယာဉ်အမှတ် 4C/ 4686၊ Hilux  မော်တော်ယာဉ် တစ်စီးကို လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ မခြည်ဇာ (၂၂) နှစ်၊ သက်မင်းအောင် (၂၇) နှစ်၊ ဝင်းထိုက်အောင်(ခ)တရုတ် (၂၅) နှစ်၊ ကျော်မျိုးအောင်(ခ)ကျော်ကျော် (၂၆) နှစ်၊ သန်းဇော်လတ်(ခ)ကရင် (၄၈) နှစ်၊ မနေခြည်ဦး(ခ)ပန်ပန် (၄၀) နှစ်၊ ဖေလင်းအောင် (၃၆) နှစ်၊ မမြင့်မြင့်အေး(ခ)နောက်ပိ (၃၆) နှစ်၊ စောသိန်းဝင်း (၄၃) နှစ် နှင့် မမူစိ(ခ)မူစိလင်း (၃၄) နှစ် တို့ (၁၀) ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်

No comments: