.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Wednesday, March 16, 2016

နေပြည်တော်တွင်ဖြစ်ပွားခဲ့သည့် လူသတ်၊ အဓမ္မပြုကျင့်သူ တရားခံသုံးဦးအား မသေမချင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်ချ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Junction Center အနောက်ဘက်ရှိ သံတမန် အိမ်ရာစီမံကိန်းမြေနေရာအတွင်း လူသတ်၍ အဓမ္မပြုကျင့်ခဲ့သည့် တရားခံလေးဦးအနက် သုံးဦးအား မသေမချင်းကြိုးကွင်းစွပ်သတ်ရန် မတ်လ ၁၅ ရက်က အမိန့်ချခဲ့ကြောင်း သတင်း ရရှိသည်။
ပြစ်မှုကျူးလွန်ခဲ့သည့် အသက်(၂၁)နှစ်အရွယ် အောင်တင်မျိုး(ခ)အောင်ပိုင်၊ အသက် (၁၉) နှစ်အရွယ် ကျော်မောင်(ခ)ဇော်ဇော်အောင်နှင့် အသက် (၂၁)နှစ် အရွယ်ဇော်လေး (ခ)ဇော်မျိုးသူတို့ သုံးဦးအား ပြစ်မှုပုဒ်မ ၃၀၂ (၁) (ဂ)အရ မသေ မချင်း ကြိုးကွင်းစွပ်သတ်သည့်ပြစ်ဒဏ်အပြင် ပုဒ်မ ၃၆၆ အရ ထောင်ဒဏ်ငါး နှစ်၊ ကျော်မောင်(ခ)ဇော်ဇော်အောင်အား ပုဒ်မ၃၇၉အရ ထောင်ဒဏ်(၂)နှစ်ကျခံစေရန် ဒက္ခိဏခရိုင်တရားသူကြီး(၂)က အမိန့်ချမှတ်ခဲ့သည်။
 ‘‘အသက်ပြည့်တဲ့ သုံး ယောက်ကို ပုဒ်မ ၃၀၂(၁)(ဂ) အရ ကြိုးကွင်းစွပ်သတ်ဖို့ အမိန့် ချလိုက်တာ။ ကျန်တဲ့အသက် မ ပြည့်သေးတဲ့တစ်ယောက်က တော့ ကလေးသူငယ်တရားရုံးမှာ ဆက်ပြီးရင်ဆိုင်နေတယ်’’ဟု ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲ မှူးကြီးဝင်းချွန်က ပြောသည်။
လူသတ်၊ မုဒိမ်းမှုကျူးလွန်ခဲ့ သူ လေးဦးအနက် မျိုးဇော်ဝင်း(ခ) ကောင်လေးသည် အသက်(၁၅) နှစ်နှင့် (၁၆)နှစ်ကြား ဖြစ်နေ၍ ဇမ္ဗူသီရိမြို့နယ် ကလေးသူငယ် တရားရုံးတွင် ဆက်လက်စစ်ဆေး နေကြောင်း ၎င်းကဆက်လက်ရှင်း ပြသည်။
ပြီးခဲ့သည့် ၂၀၁၅ စက်တင် ဘာ ၂၉ ရက် ည ၁၁ နာရီခန့်က အသက် (၁၆)နှစ်အရွယ် ဇနီး မောင်နှံနှစ်ဦးသည်လယ်ဝေးမြို့ နယ်ဘက်မှ နေပြည်တော်ဘက်သို့ ဆိုင်ကယ်ဖြင့်ထွက်ခွာလာရာ ဒက္ခိဏသီရိမြို့နယ် Junction Center အလွန်တွင် လာလမ်း အတိုင်းပြန်ကွေ့မောင်းနှင်လာစဉ် ဆိုင်ကယ်နှစ်စီးနှင့် လူလေးဦးက ၎င်းတို့နှစ်ဦးကို ခြိမ်းခြောက်ပြောဆိုပြီး ခေါ်လာခဲ့သည်။
ထို့နောက် Junction Center အနောက်၊ သံတမန်ကုန် ဘီ လမ်း၊ လမ်းသွယ်အရောက်တွင် လူငယ်ဇနီးမောင်နှံ စီးလာသည့် ဆိုင်ကယ်ကို တွန်းလှဲကာ အမည်မသိလူနှစ်ဦးက  ခင်ပွန်း ဖြစ်သူကို ဆွဲခေါ်သွားပြီး ဆိုင်ကယ်အိတ် ဇောပိုက်ဖြင့်ရိုက်၍ ဓားဖြင့်ထိုးခဲ့ ကြောင်း၊ ထို့နောက်ဇနီးကို ခေါ်ဆောင်လာသည့် လူလေးဦးစလုံးက အဓမ္မပြုကျင့်ခဲ့ကြောင်း ဒက္ခိဏသီရိမြို့နယ်ရဲတပ်ဖွဲ့မှသိရသည်။
ဓားဖြင့်ထိုးခံရသည့် လူငယ် အမျိုးသားသည် ခန္ဓာကိုယ်အနှံ့တွင် ဓားဒဏ်ရာငါးချက်ဖြင့် သေဆုံးသွားပြီး အဓမ္မပြုကျင့်သူလေး ဦးအနက် နောက်ဆုံးအဓမ္မပြုကျင့် ခဲ့သူက ကျန်သုံးဦးမသိမီ အမျိုး သမီးကိုထွက်ပြေးခိုင်းခဲ့ခြင်းဖြစ် သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ဒက္ခိဏသီရိမြို့နယ် ပေါက်တော ရဲစခန်းတွင် ပြစ်မှုကျူးလွန်သူ လေးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂/၃၇၆ ဖြင့် အမှုဖွင့်အ ရေးယူခဲ့ခြင်းဖြစ်သည်။

No comments: