.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Friday, April 15, 2016

မြိတ်မြို့တွင် သင်္ကြန်ကာလအတွင်း လူတစ်ဦးက ကျောက်ရုပ်ပုံစံဖြင့် ပါဖောမန့်ပြုလုပ်

ကျောက်ရုပ်ပုံ ပြုလုပ်ထားသော လူအားတွေ့ရစဉ်

မြိတ်မြို့၊ကမ်းနားလမ်း၊ပြည်တော်သာဆိပ်အနီးတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်အား ဂုဏ်ပြုကြိုဆိုသည့် စာတမ်းချိတ်ဆွဲထားကာ လူတစ်ဦးက ကျောက်ရုပ်ပုံစံဖြင့် နာရီပေါင်းများစွာ ရပ်လျက် ပါဖောမန့် ပြုလုပ်လျက် ရှိကြောင်းသိရသည်။

သင်္ကြန်ပွဲတော်အတွင်း အဆိုပါ လူသားကျောက်ရုပ်ရှိရာသို့ လာရောက်ကြည့်ရှုသူ များပြားလျက်ရှိပြီး ပါဖောမန့် ပြကွက်အား ကြိုက်နှစ်သက်သူများကဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

လူသားကျောက်ရုပ်၏အမည်မှာ သန်းစိုး ဖြစ်ပြီး ယခုကဲ့သို့သင်္ကြန်ရောက်တိုင်း ပါဖောမန့် ပြသလေ့ရှိကြောင်း အနည်းဆုံး ၃ နာရီခန့် ကျောက်ရုပ်ကဲ့သို့ ရပ်ပြနိုင်ကြောင်း လူသားကျောက်ရုပ်ဖြစ်သူ ကိုသန်းစိုးမှ ပြောကြားခဲ့သည်။

ယခုကဲ့သို့ သင်္ကြန်ရောက်တိုင်း လူသားကျောက်ရုပ်ကဲ့သို့ သရုပ်ဆောင်နေသည်မှာ ၁၀ နှစ်ခန့်ရှိပြီဖြစ်ပြီး နံနက်မှညအချိန်အထိ အစာစားချိန်မှလွဲ၍ ရပ်လျက်ရှိကြောင်းသိရသည်။လူသားကျောက်ရုပ်မှာ အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး ပြည်တော်သာဆိပ်ကမ်းတွင် သမ္ဗန်မောင်းခြင်း၊ ကျပန်းအလုပ်လုပ်ခြင်းများ လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်းသိရသညိ။

Thursday, April 14, 2016

အင်တာနက် အသုံးပြုနေစဉ် ဥပဒေအရ ဖမ်းဆီးနိုင်တဲ့ အချက်များ




အင်တာနက် အသုံးပြုနေစဉ် ဥပဒေအရ ဖမ်းဆီးနိုင်တဲ့ အချက်များ

အင်တာနက်ဆိုတာ ကန့်သတ်ချက်မရှိတဲ့ နယ်ပယ်တစ်ခုပါ။ ကျွန်တော်တို့ဟာ အင်တာနက်ကို အသုံးပြုပြီး ရုပ်ရှင်ဇာတ်ကားတွေမျှဝေခြင်း၊ ဓါတ်ပုံများ မျှဝေခြင်း၊ သီချင်းများမျှဝေခြင်းနဲ့ အခြား နောက်ဆုံးပေါ် သတင်းအချက်အလက်များကို အချိန်တိုအတွင်း ရယူနိုင်ခြင်းစတဲ့ လုပ်ဆောင်ချက်များကို တစ်စုံတစ်ယောက်ရဲ့  ခွင့်ပြုချက်ယူစရာ မလိုပဲ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ အချို့ နိုင်ငံများမှာတော့ အင်တာနက် အသုံးပြုခြင်းနဲ့ပတ်သက်ပြီး ကန့်သတ်ထားတဲ့ ဥပဒေတွေရှိပါတယ်။ အဆိုပါ နိုင်ငံများအနေနဲ့ အင်တာနက် အသုံးပြုခြင်းနဲ့ပတ်သက်ပြီး ဥပဒေကန့်သတ်ချက်များထားရှိခြင်းဟာ အင်တာနက်ကို အသုံးပြုပြီး မသမာသူတို့က တစ်လွဲ အသုံးပြုမည်ကို စိုးရိမ်တဲ့ အတွက်ကြောင့်ဖြစ်သည်။

၁။ မိမိဘာသာမိမိ အင်တာနက်အသုံးပြုနေစဉ်အတွင်း Wifi ကို password မခံပဲပြန်လည် လွှင့်ခြင်း မပြုလုပ်ရပါဘူး။ အကယ်၍ သင့်ရဲ့  Wifi ကို တစ်စုံတစ်ယောက်က လွယ်လင့်တကူ အသုံးပြုကာ မသမာမှု တစ်စုံတစ်ခု ပြုလုပ်ပါက သင်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ တရားခံ အစစ်အမှန်မပေါ်ပေါက် မခြင်း သင့်ကို ဖမ်းဆီး အရေး ယူနိုင်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ Wifi ဖြင့် အင်တာနက် အသုံးပြုတဲ့အခါ password ခံကာ အသုံးပြုသင့်ပါတယ်။

၂။ Website မှာ ရှာဖွေထားသမျှ မှတ်တမ်းများကို သုံးလ အကြာမထားပဲ မဖျက်ပစ်ရပါဘူး။ အကယ်၍ ဖျက်ပြစ်ခဲ့ရင် ဥပဒေအရ အရေးယူခြင်းခံရပါတယ်။ ထိုကဲ့သို့ မိမိကွန်ပျူတာရဲ့  Browser ထဲမှာ ရှာဖွေထားသမျှမှတ်တမ်းများကိုဖျက်ပစ်ခဲ့လို့ အမေရိကန်နိုင်မှာ အချုပ်ကျမှု ဖြစ်ပွားခဲ့ပါတယ်။

၃။ အခြားသူတစ်စုံတစ်ယောက်ကို ပုတ်ခတ်စော်ကားတဲ့ Post များ၊ Message များ၊ Tweet များကို တင်ခွင့် မပြုပါဘူး။ ထိုကဲ့သို့ တစ်စုံတစ်ဦးကိုသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုကိုသော်လည်းကောင်း ပုတ်ခတ်စော်ကားတဲ့ posts များ၊ Tweet များ နဲ့ Message များကို တင်ခဲ့ပါက ဥပဒေအရ အရေးယူနိုင်ခြင်း ကို အမေရိကန် နိုင်ငံမှာပြဌာန်းထားပါတယ်။

၎။ VOIP လို့ခေါ်တဲ့ ဗီဒီယိုဖုန်းကောလ် ခေါ်ဆိုခြင်းများကို ပြုလုပ်ပါက အရေးယူခံရပါတယ်။ အဆိုပါ ဥပဒေကန့်သတ်ချက်ကိုတော့ အီသီယိုးပီးယား နိုင်ငံမှာသာ ကန့်သတ်ထားပါတယ်။ အကယ်၍ သင်ဟာ အီသီယိုးပီးယား နိုင်ငံသို့ အကြောင်း တစ်စုံတစ်ရာကြောင့် ရောက်ရှိခဲ့မယ်ဆိုပါက Skype လိုမျိုး VOIP Service ကိုအသုံးပြုဖို့ သတိထားသင့်ပါတယ်။

၅။ ဗီဒီယိုများမှာ သရော် ပုခတ်စော်ကားတဲ့ အကများနဲ့ ကပြဖျော်ဖြေထားတဲ့ ဗီဒီယိုဖိုင်ကိုအင်တာနက်ပေါ်မှာ တင်မိပါက ဥပဒေအရ အရေး ယူခြင်း ခံရပါတယ်။ အဆိုပါ အဖြစ်အပျက်ဟာ အီရန်နိုင်ငံမှာဖြစ်ပွားခြင်းဖြစ်ပါတယ်။

၆။ Comment ပေးခြင်းများဖြင့်လည်း ဥပဒေအရ အရေးယူခြင်းခံရပါတယ်။ Comment မှာ ဥပဒေနဲ့ ငြိစွန်းနေတဲ့ အကြောင်းအရာတွေ ပါဝင်ခဲ့ပါက အရေးယူခြင်းခံရပါတယ်။

၇။ ဆောင်ပါးများကို ဘာသာပြန်ခြင်းမှ လည်း အရေးယူခြင်းခံရပါတယ်။ အဆိုပါဥပဒေကတော့ ထိုင်းနိုင်ငံမှာ ဖြစ်ပွားသွားတဲ့ ဥပဒေပါ။ ထိုင်းနိုင်ငံမှ ထုတ်ဝေတဲ့ ဆောင်းပါးတစ်ပုဒ်မှာပါဝင်တဲ့ အကြောင်းအရာ အချို့ကိုအမေရိကန်နိုင်ငံသားတစ်ယောက်က ဘာသာပြန်ကာ Facebook မှာ post တင်ခြင်း၊ Twitter မှာ Tweet လုပ်ခြင်းများပြုလုပ်ခဲ့၍ ထိုင်းဘုရင်ကို ပုပ်ခတ်စော်ကားတဲ့ ဥပဒေနဲ့ အရေးယူခံခဲ့ရပါတယ်။

၈။ အွန်လိုင်းတွင် လောင်းကစားဂိမ်းများ ကစားလျှင်လည်း ဥပဒေအရ အရေးယူခြင်းခံရပါတယ်။

၉။ File များ မျှဝေခြင်းဖြင့်လည်း အရေးယူခြင်းခံရပါတယ်။ အကယ်၍ သင့်အနေနဲ့ အင်တာနက် ပေါ်တွင် File များ မျှဝေပါက ဂရုတစိုက်ဖြင့် မျှဝေသင့်ပါတယ်။ တရားဥပဒေနဲ့မလွှတ်ကင်းနိုင်တဲ့ File များကို မျှဝေမိပါက သင်ဟာ အရေးယူခြင်းခံရပါလိမ့်မယ်။

၁၀။ သီချင်း စာသားများ Facebook ပေါ်တွင် တင်လျှင်လည်း ဥပဒေ အရ အရေးယူခြင်းခံရပါတယ်။ ဒီဥပဒေကတော့ အများအားဖြင့် အမေရိကန် နိုင်ငံမှာဖြစ်ပွားနေတဲ့ ဥပဒေဖြစ်ပါတယ်။

အထက်ဖော်ပြပါ အချက်အလက်များကတော့ အင်တာနက် အသုံးပြုနေတဲ့ သင့်ကို တရားဥပဒေအရ အရေးယူနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အကယ်၍ လေ့လာသူတို့အနေနဲ့ အဆိုပါ စည်းကမ်းကန့်သတ်ထားတဲ့ နိုင်ငံတွေကို ရောက်သွားခဲ့ရင် လိုက်နာနိုင်စေရန်အတွက် သိရှိနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
https://m.youtube.com/watch?feature=youtu.be&v=81MHhy6nMHU#

သင်္ကြန်ရေကစားမဏ္ဍပ်မရှိပေမဲ့ ရပ်စောက်သားတို့က ပျော်ပျော်ပါးပါး ကခုန်လျှက်ပါပဲ







Wednesday, April 13, 2016

မိမိအိမ်တွင်လာဘ်တိတ်စေသောအချက်များ

လူတိုင်း အိမ်တိုင်းတွင် မင်္ဂလာရှိအောင် လုပ်ချင်ကြမှာပဲ။ တချို့အချက်တွေကြောင့် အိမ်လာဘ်တိတ် စေပါတယ်။ ထို့ကြောင့် မိမိအိမှ်ာ လာဘ်တိတ်စေသော အချက်များကို ဖော်ပြပေးလိုက်ပါသည်..........

၁။မီးဖိုအားစလောင်းဖုံအုပ်ခြင်း

၂။အိမ်ထောင်ဦးစီးလင်ယောကျာ်းအားနိမ့်ကျသောနေရာတွင်ထားခြင်း

၃။မိမိဇနီးသည်အားညာဖက်တွင်အိပ်စေခြင်း

၎။စားသောက်သောအိုးခွက်ပုဂံများအားလွှင့်ပစ်ခြင်း

၅။ထမင်းဟင်းချက်ရင်းသီချင်းဆိုခြင်း

၆။နေဝင်ခါစအချိန်တွင်အိပ်စက်ခြင်း

၇။နေဝင်မိုးချုပ်လေချွန်ခြင်း

၈။နေမထွက်ခင်ကြွေးပေးကြွေးယူကြွေးတောင်းခံရခြင်း

၉။နေဝင်နေထွက်ချိန်သန်းရှာခြင်း

၁၀။နေဝင်နေထွက်ချိန်ကလေးများအားရိုက်ခြင်း

၁၁။နေမွန်းတည့်ချိန်တရိစ္ဆာန်များအားသက်ဖြတ်ခြင်း

၁၂။နေဝင်နေထွက်ချိန်တွင်ကျိန်စာတိုက်ခြင်း

၁၃။အမျိုးသမီးများမိုးချုပ်ချိန်ဆံပင်ဖားလျားဖြင့်အပြင်သို့သွားခြင်း

၁၄။အမျိုးသမီးများ၏မသန့်ရှင်းသောပစ္စည်းများအိမ်းဦးခန်းတွင်ထားခြင်းစွန့်ပစ်ခြင်း

၁၅။မိမိဝတ်သောပုဆိုး ထမိန်ဖြင့်မျက်နှာသုပ်ခြင်း

၁၆။အိမ်အပေါက်အားနောက်ပြန်ဝင်ခြင်း

၁၇။မျက်နှာမသစ်ပဲအစားစားခြင်း

၁၈။မိမိ၏ခန္ဓာကိုယ်မှအမွှေးအမျှင်နှင့်မသန့်ရှင်းသေားပစ္စည်းများအိမ်အတွင်းစွန့်ပစ်ခြင်း

၁၉။သောက်ရေအိုးရေမရှိပဲခြောက်နေခြင်း

၂၀။သောက်ရေအိုးမှရေကိုထမင်းဟင်းချက်ရာတွင်သုံးခြင်း

၂၁။လင်သားအားစိတ်ဆိုး၍ကျောခိုင်းအိပ်ခြင်း

၂၂။သားသမီးဇနီးကိုလင်သားကငွေသို့မဟုတ်အစားအစာပစ်ပေးခြင်း

၂၃။အဝတ်အစားမျိားပြောင်းပြန်ဝတ်ခြင်း

၂၄။အိမ်အပေါက်အားကျောခိုင်းထိုင်ခြင်း

၂၅။ထမင်းစားရင်းအိပ်ငိုက်ခြင်း

၂၆။ထမင်းရည်ပူအားမြေကြီးပေါ်သို့တိုက်ရိုက်ငှဲ့ခြင်း

၂၇။အိမ်၏မျက်နှာစာတွင်ကလေးငယ်ကိုအပေါ့အလေးစွန့်ခိုင်းခြင်း

၂၈။မိမိအိမ်သို့လာသောတောင်းစားသူများအားဆဲဆိုလွှတ်ခြင်း

၂၉။အိမ်သာတက်ရင်းအစာစားခြင်း

၃၀။စားသောက်ပြီးအိုးခွက်ပုဂံများကိုအချိန်ကြာမြင့်စွာမဆေးပဲထားခြင်း

၃၁။အိုခွက်ပုဂံများကိုတီး၍သီချင်းဆိုခြင်း

၃၂။အိမ်ရှေ့တည့်တည့်တွင်ထမိန်စကတ်များကိုလှနိးခြင်းချွတ်ထားခြင်း

၃၃။မိမိအိမ်တွင်မွေးမြူထားသောတိရိစ္ဆာန်များအားအစာမကျွေးပဲလှောင်ထားခြင်းရိုက်နှက်ခြင်း


ဗထူးတပ်နယ်မိသားစု အေးချမ်းသာယာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်

ဗထူးတပ်နယ်မိသားစု အေးချမ်းသာယာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်မှ သမီးပျိုလေးများယိမ်းအဖွဲ့မှ ဤ သို့ကပြယှဉ်ပြိုင်နေကြသည်


ပုံစံ (၁၀၅ ) ဆိုသည်မှာ

ပုံစံ (၁၀၅ ) ဆိုသည်မှာ

Tuesday, April 12, 2016

မလေးရှားမှာ နောက်ထပ်မြန်မာ တစ်ဦး သတ်ဖြတ်ခံရ

ဗထူးနယ်ကသတင်းစုံ

သင်္ကြန်အကြိုနေတွ့င် နောင်ယားကန်၌ လူငယ်တစ်ဦးရေနစ် သေဆုံး

သင်္ကြန်အကြိုနေတွ့င် နောင်ယားကန်၌ လူငယ်တစ်ဦးရေနစ် သေဆုံး


ကယားပြည်နယ် လွိုင်ကော်မြို့ရှိ နောင်ယားကန်တွင် ယနေ့ ညနေ ၅ နာရီခန့်တွင် လူငယ်တစ်ဦးရေနစ်သေဆုံးကြောင်း သိရသည်၊၊

သေဆုံးသူမှာ ကယားပြည်နယ် ဖရူဆိုမြို့မှ ဖြစ်ပြီး ဆယ်တန်းဖြေထားသည့် အသက် ၁၅၊ ၁၆ နှစ် ဝန်းကျင်သာရှိသေးသည့် လူငယ်တစ်ဦးဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည့် မီးသတ်အရာရှိတစ်ဦးက ပြောသည်၊၊

ဖြစ်စဉ်မှာ နောင်ယားကန်အတွင်း လူ နှစ်ဦးစီးနင်းနေခဲ့သော အပျော်တမ်းစီးလှေတစ်စီး မှောင်သွားရာ သေဆုံးသူနှင့် သူငယ်ချင်းတစ်ဦး လှေဖြစ် ကယ်တင်ရန် ကြိုးစားရာ တိမ်းမှောက်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးဆောင်ရွတ်နေသော ရဲတစ်ဦးထံမှ သိရသည်၊၊


သေဆုံးသွားသော လူငယ်သည် အသက်ကယ် အင်္ကျီ ဝတ်ဆင်ထားခြင်းမရှိကြောင်း တွေ့ရသည်၊၊

နောင်ယားကန်တွင် ယခင်ကလည်း ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ယင်းကဲ့သို့ ရေနစ် သေဆုံးခဲ့ဖူးပြီး အပျော်စီးလှေစီးလုပ်ကိုင်နေသူများ အနေဖြင့် လုံခြုံရေးတိုးမြှင့်သင့်ကြောင်း ဒေသခံ လူထုက ပြောဆိုမှုများ ရှိခဲ့ဖူးသည်၊၊

အလောင်းကို ည ၇ နာရီ ၂ မိနစ်ခန့်တွင် ဆယ်ယူနိုင်ခဲ့သည်၊၊

Saturday, April 9, 2016

မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့တွင် ၄၆ ဒီဂရီ စင်တီဂရိတ်အထိ အပူချိန်မြင့်တက်လာပြီး ယခင်နှစ်ထက် ပိုမိုပူပြင်း Published on Sun,




တူရကီနိုင်ငံပိုင် လက်နက်စက်ရုံ ညွန်ချုပ် အမေရိကန်ကို လျှို့ဝှက်ချက်များ ရောင်းချ၍ ဖမ်းဆီးခံရ

ရေစိုသွားတဲ့ စမတ်ဖုန်းကို မပျက်ဆီးအောင် ပြုလုပ်သင့်တဲ့ အချက်များ (၂) ♫


သင်္ကြန်ကာလမှာ ရေကစားရင်းနဲ့ပဲ ဖြစ်ဖြစ်၊ အိမ်သာတွင်း၊ ရေတွင်း၊ ရေကန်များထဲ ဖုန်းပြုတ်ကျသွားလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ရေစိုသွားတဲ့ စမတ်ဖုန်းကို မပျက်ဆီးအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဖုန်းပြင်ဆိုင်ကို အရင်မသွားဘဲ အောက်ဖော်ပြပါ နည်းလမ်းတွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်။ နည်းလမ်းများကို အပိုင်း ၂ ပိုင်းခွဲပြီး ဖော်ပြပေးထားတာဖြစ်ပြီး ယခုအပိုင်းကတော့ အပိုင်း ၂ ဖြစ်ပါတယ်။
၅။ တကယ်လို့ သင့်ဖုန်းဟာ ရေအရမ်းစိုသွားတဲ့ အခြေအနေမှာ အတွင်းပိုင်းအထိ ရောက်သွားတဲ့ ရေများကို အ၀တ်နဲ့ သုတ်ယူဖို့ ခက်ခဲသွားပါပြီ။ အဲဒီအခြေအနေမှာ လေစုပ်တဲ့ ကိရိယာကို အသုံးပြုပြီး ရေများကို ဖယ်ရှားပါ။ microSD Card, SIM Card တို့လို သေးငယ်တဲ့ အရာများကို လေစုပ်ကိရိယာရဲ့ အဝေးမှာ ထားပါ။


၆။ Ziplock အိတ်လို ဇစ်ပါတဲ့ အိတ်ထဲကို ဖုန်းနဲ့ အတူ မချက်ရသေးတဲ့ ဆန်စေ့များကို ထည့်ပြီးပိတ်ထားပါ။ ဆန်စေ့များဟာ ရေကို စုပ်ယူရာမှာ အလွန်ကောင်းမွန်တဲ့ အစွမ်းသတ္တိရှိပါတယ်။


၇။ ဖုန်းမှ ရေတွေကို ခြောက်သွေ့စေဖို့ အထူးပြုလုပ်ထားတဲ့ Phone Drying Pouch တွေကို အနီးအနားမှာ လျှင်မြန်စွာ ၀ယ်ယူလို့ရရင် အသုံးပြုပါ။ အလွယ်တကူ ၀ယ်ယူလို့ မရရင်တော့ ဆန်စေ့နည်းလမ်းကိုသာ အသုံးပြုပါ။


၈။ ရေစိုသွားတဲ့ ဖုန်းကို တစ်ရက်ကနေ နှစ်ရက်အထိ ခြောက်သွေ့အောင် ထားပါ။ ဖုန်းကို ပါဝါဖွင့်ခြင်းကို ရှောင်ကြဉ်ပါ။ SIM Card ကို ဖုန်းအဟောင်းထဲထည့်ပြီး အသုံးပြုပါ။ သူငယ်ချင်း ၊ မိတ်ဆွေများမှာ ဖုန်းအပိုတစ်လုံးရှိရင်လည်း အဲဒါကို အသုံးပြုပါ။
၉။ နှစ်ရက်ကြာပြီးတဲ့ နောက်မှာ ဆန်အိတ်ထဲကနေ ဖုန်းကို ယူပါ။ ဘက်ထရီကို ဖုန်းမှာ တပ်ဆင်ပြီး ပါဝါဖွင့်ပါ။
၁၀။ ပါဝါမပွင့်ခဲ့ရင်တော့ ဖုန်းကို အားသွင်းကြည့်ပါ။ ဘက်ထရီ အားသွင်းတဲ့ အခြေအနေကို မမြင်ရရင်တော့ ဘက်ထရီ ပျက်ဆီးသွားတာ ဖြစ်နိုင်ပါတယ်။ ဘက်ထရီကို ခြောက်သွေ့အောင် ထပ်မံ ထားရှိပြီးမှ တစ်ခါပြန်စမ်းသပ်ကြည့်ပါ။ ဒီလိုလုပ်လို့မှ အဆင်မပြေသေးရင် ဘက်ထရီအပိုကို တပ်ဆင်ကြည့်ပါ။ ဒီလိုလုပ်လို့မှ အဆင်မပြေသေးရင်တော့ နီးစပ်ရာ ဖုန်းပြင်ဆိုင်များမှ ကျွမ်းကျင်သူများကို ပြသပါ။
၁၁။ ဖုန်းဟာ ပါဝါပွင့်ပြီး အလုပ်ကောင်းကောင်း လုပ်နေရင်လည်း အရင်အခြေအနေအတိုင်း ရှိသလား ဆိုတာကို စစ်ဆေးဖို့ ရက်အနည်းငယ်ကြာကြာ အထိ ဂရုတစိုက် စောင်ကြည့်ပါ။ စပီကာတွေ အလုပ်ကောင်းကောင်း လုပ်၊ မလုပ်စစ်ဆေးဖို့ သီချင်း နားထောင်ကြည့်ပါ။ ထိတွေ့မျက်နှာပြင်ရဲ့ တုန့်ပြန်မှုကိုလည်း စစ်ဆေးသင့်ပါတယ်။

MPT မှ သုံးစွဲသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေသော USSD Menu ကိုစတင်


(ဗထူးနယ်ကသတင်းစုံ)



မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ သုံးစွဲသူများ ပိုမိုလွယ်ကူအ ဆင်ပြေစေရန်အတွက် ရိုးရှင်းသော USSD Menu ကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ သုံးစွဲသူများအနေဖြင့် ဝန်ဆောင် မှုများရယူရန် များပြားလှသော မတူညီသည့်  များကို မှတ်သားထားစရာမလိုတော့ဘဲ မည်သည့်အချိန် မည်သည့်နေရာမဆို လွယ်ကူရိုးရှင်းသော USSD Menu ဖြင့် ဝန်ဆောင်မှုများကို ရွေးချယ်နိုင်တော့မည်ဖြစ်သည်။
ဤဝန်ဆောင်မှုအသစ်သည် MPT ၏ ကြိုတင်ငွေဖြည့်သုံးနှင့် ငွေရှင်းစနစ်သုံး GSM/WCDMA/CDMA သုံးစွဲသူတိုင်း အတွက်ဖြစ်ပြီး လက်ကျန်ငွေစစ်ဆေးခြင်း၊ လက်ကျန်ငွေဖြည့်ခြင်း၊ အင်တာနက်အစီအစဉ်များဝယ်ယူခြင်းနှင့် ထပ်ဆောင်းဝန်ဆောင်မှုများရယူခြင်းများ သို့မဟုတ် MPT အသုံးပြုသူများအတွက်ဝန်ဆောင်မှုများကို ရယူရန်အတွက် *106# [send]နံပါတ်တစ်ခုထဲကိုသာ မှတ်သားထားရန်လိုအပ်တော့မည် ဖြစ်သည်။
အသုံးပြုရန်လွယ်ကူရိုးရှင်းသော ပုံစံများဖြင့်ဒီဇိုင်းရေးဆွဲထားပြီး အောက်ပါဝန်ဆောင်မှုများအတွက် နံပါတ်များကို ပြသထားမည်ဖြစ်သည်။
၁။ မိမိစာရင်း
၂။ အင်တာနက်အစီအစဉ်
၃။ ထပ်ဆောင်းဝန်ဆောင်မှု (VAS)
၈။ ဆက်သွယ်ရန်
၉။ ဘာသာစကား
နံပါတ် ၁ ကို နှိပ်၍ send ခလုတ်နှိပ်လိုက်ပါက “မိမိစာရင်း” ထဲသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး လက်ကျန်ငွေ စစ်ဆေးခြင်း၊ ဖုန်းငွေနည်းစဉ်သုံးရန်နှင့် လက်ကျန်ငွေဖြည့်ခြင်း စသည့် ဝန်ဆောင်မှု ၃ ခုကို ရယူနိုင်မည်ဖြစ်သည်။ ထိုနေရာတွင် လက်ကျန်ငွေစစ်ဆေးခြင်း၊ မိမိသုံးစွဲနေသော ဖုန်းနံပါတ်ကို ကြည့်ရှုခြင်းများအပြင် ငွေရှင်းစနစ်သုံးဝန်ဆောင်မှုသို့ ပြောင်းလဲလိုပါကလည်း ပြောင်းလဲနိုင်မည်ဖြစ်သည်။
နံပါတ် ၂ တွင် အင်တာနက်အစီအစဉ်များကို ရွေးချယ်နိုင်မည်ဖြစ်ပြီး နံပါတ် ၃ တွင်မူ MPT ၏ ထပ်ဆောင်းဝန်ဆောင်မှု များကို ကြည့်ရှုနိုင်ကာ ဖုန်းခေါ်ချိန်တွင်တစ်ဖက်မှ သီချင်းသံကြားရမည့် ခေါ်သူနားဆင်တေးသံစဉ် (CRBT) ဝန်ဆောင်မှုများ၊ ခေါ်ဆိုမှုဆိုင်ရာ ၀န်ဆောင်မှုInfotainment သို့မဟုတ် Back to my MPT ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်သည်။
နံပါတ် ၈ တွင် “MPT သို့ ဆက်သွယ်ရန်” ဝန်ဆောင်မှုကိုရရှိမည်ဖြစ်ပြီး MPT Call Center, ဝက်ဆိုက်နှင့် Facebook စာမျက်နှာတို့မှ နောက်ဆုံးရသတင်းများကိုကြည့်ရှုနိုင်မည်ဖြစ်သည်။ နံပါတ် ၉ တွင်မူ အင်္ဂလိပ် မြန်မာ ၂ ဘာသာကို မိမိနှစ်သက်ရာရွေးချယ်ပြီး အဆိုပါဝန်ဆောင်မှုများအတွက် အခမဲ့ရွေးချယ်နိုင်မည်ဖြစ်သည်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က ” MPT သုံးစွဲသူ မိဘပြည်သူတိုင်းအတွက် ဝန်ဆောင်မှုတွေကို တိုးမြှင့်ဖို့က ၂၀၁၆ ခုနှစ်အတွက် အဓိကရည်မှန်းချက်ပါ၊ USSD Menu အဖြစ် ရိုးရှင်းလွယ်ကူစွာ လုပ်ဆောင်ပေးခြင်းက သုံးစွဲသူတွေကို MPT account တွေကို လွယ်လွယ်ကူကူ ကြည့်ရှု လုပ်ဆောင်နိုင်စေဖို့ ကူညီနိုင်မှာဖြစ်ပါတယ်၊ ဒါ့အပြင် ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကို ဖုန်းကနေတဆင့် သိအောင်မိတ်ဆက်ပေးတာလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
ရွေးချယ်မှုတစ်ခုခြင်းစီနှင့် ဝန်ဆောင်မှုတစ်ခုခြင်းစီအတွက် မိမိရွေးချယ်ခဲ့သည့်ဝန်ဆောင်မှုများကို SMS မှတဆင့် အသိပေးအကြောင်းကြားစာ ပေးပို့ပေးမည်ဖြစ်သည်။ ရိုးရှင်းလွယ်ကူစေရန် အဓိကထားလုပ်ဆောင်ထားခြင်း ဖြစ်သည့် အတွက် မူလစာမျက်နှာသို့ ပြန်သွားကာ လုပ်ဆောင်မှုများအားလုံး အသစ်ပြန်စတင်နိုင်ရန်လည်း ထည့်သွင်း ပေးထားသည်။ MPT မှ ဤ USSD Menu ကို ထပ်မံအဆင့်မြှင့်တင်မွမ်းမံကာ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

Thursday, April 7, 2016

Android Expert ဖြစ်စေဖို့ နည်းလမ်း ခြောက်ခု

♪ Android Expert ဖြစ်စေဖို့ နည်းလမ်း ခြောက်ခု ♫
ဗထူးနယ်ကသတင်းစုံ

Android Expert တွေဟာ သာမာန်လူတွေထက် သူတို့ရဲ့ စမတ်ဖုန်းကို ထိရောက်စွာ အသုံးချတတ်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ စမတ်ဖုန်း အသုံးပြုမှုကို တိုးတက်စေမယ့် Android Expert တွေရဲ့ အမူအကျင့်တွေကို ရှာဖွေစုဆောင်းပြီး ဖော်ပြပေးလိုက်ပါတယ်။

၁။ Expert တွေဟာ သူတို့ရဲ့ Device များကို ချိတ်ဆက်ထားကြပါတယ်။
PC ကနေ SMS ပေးပို့ခြင်း၊ အခြား Device တစ်ခုကနေ WhatsApp Messages များကို စာပြန်ခြင်း၊ Device များကြားမှာ လင့်များနဲ့ ဖိုင်များကို မျှဝေခြင်း တို့အတွက် Android Expert တွေဟာ Pushbullet App ကို အသုံးပြုကြပါတယ်။ App ကို သင့်ရဲ့ Devices များနဲ့ ဒတ်စတော့ ဘရောက်စာမှာ အင်စတောလုပ်ထားရင် မည်သည့် Device ကို သင်အသုံးပြုနေသည်ဖြစ်စေ လင့်များ၊ Messages များကို လွယ်ကူစွာပေးပို့နိုင်၊ စာပြန်နိုင်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းကို သာမာန်သာ အသုံးပြုတတ်သူတွေက ဓါတ်ပုံ၊ ဖိုင်နဲ့ လင့်များကို သူတို့ထံ သူတို့ အီးမေးပေးပို့တဲ့ နည်းလမ်းကို အသုံးပြုကြပါတယ်။




၂။ Expert တွေဟာ Bloatware တွေကို ဖယ်ရှားကြပါတယ်။
သင့် စမတ်ဖုန်းမှာ Pre-Installed လို့ ခေါ်တဲ့ ကြိုတင်ထည့်သွင်းထားတဲ့ Apps များကို တွေ့နိုင်ပါတယ်။ အဲဒီ Apps များကို အသုံးမပြုရင်ဘဲဖြစ်ဖြစ်၊ အခြားပိုကောင်းတဲ့ Third-Party Apps များကို အသုံးပြုတာပဲဖြစ်ဖြစ် Pre-Installed Apps များကို ဖယ်ရှားနိုင်ပါတယ်။ Android Expert တွေကတော့ အဲဒီ Apps တွေကို Uninstall လုပ်ကြပါတယ်။

Sony ဖုန်းတွေမှာ App Drawer ထဲသွား၊ ဘယ်ဘက်ကနေ ပွတ်ဆွဲ၊ Uninstall ကို နှိပ်ပြီး ဖယ်ရှားနိုင်ပါတယ်။ Uninstall လုပ်နိုင်တဲ့ Apps များနဲ့ မလုပ်နိုင်တဲ့ Apps များကို ခွဲခြားပြသပေးထားပါတယ်။ အခြား စမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ စနစ်တွေကတော့ အနည်းငယ်ကွဲပြားပါတယ်။ Samsung မှာ Disable Apps နဲ့ LG မှာ Hide လုပ်နိုင်ပါတယ်။ Pre-Installed Apps များကို Uninstall လုပ်ချင်ရင်တော့ သင့်ဖုန်းကို Root လုပ်ထားတာက အကောင်းဆုံးဖြစ်ပါတယ်။

Root လုပ်ထားတဲ့ဖုန်းများမှ Pre-Installed Apps များကို Uninstall လုပ်ပေးနိုင်တဲ့ Apps များစွာကို Play Store မှာ ရယူနိုင်ပါတယ်။ သင့်ဖုန်းကို Root မလုပ်ချင်ရင် Memory သက်သာစေဖို့ အသုံးမပြုတဲ့ Apps များအတွက် Updates များကို Uninstall လုပ်ပြီး Disable လုပ်ပါ။ ဒါပေမယ့် အခြား Apps များက သင် Disable or Uninstall လုပ်ချင်တဲ့ App ကို မှီခိုနေရတယ်ဆိုရင်တော့ သေချာစွာလေ့လာပြီးမှ Disable or Uninstall လုပ်သင့်ပါတယ်။

HTC BlinkFeed နဲ့ Samsung My Magazine/Flipboard Briefing တို့လို စွမ်းဆောင်ချက်များကို အသုံးမပြုချင်ရင် Home Screen မှ နေရာလွတ်ပေါ်မှာ ဖိထားပြီး Settings ကို နှိပ်ပါ။ အဲဒီကနေ စွမ်းဆောင်ချက်များကို ပိတ်နိုင်ပါတယ်။




၃။ Expert တွေဟာ Voice Command များကို အသုံးပြုကြပါတယ်။
Android စမတ်ဖုန်းများမှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Google Now ပါရှိကြပါတယ်။ Voice Search App ကို ဖွင့် ဒါမှမဟုတ် Ok Google လို့ ပြောလိုက်တာနဲ့ ကိုယ်ရေးလက်ထောက်ကို အသံနဲ့ ခိုင်းစေနိုင်ပါပြီ။ Google Now ကို ခိုင်းစေနိုင်တဲ့ Voice Command များစွာ ရှိပြီး အင်တာနက်မှာ ရှာဖွေနိုင်ပါတယ်။

မနက်ဖြန် အကျဉ်းသား ၄၀၀၀ ကျော်လွှတ်မည်


------------------------------------------------------
မနက်ဖြန် အကျဉ်းသား ၄၀၀၀ ကျော်လွှတ်မည်

ရန်ကုန်၊ဧပြီ ၇ 


မနက်ဖြန် ဧပြီ(၈)ရက်နေ့မှာ တစ်နိုင်ငံလုံးအနေနဲ့ အကျဉ်းသား ၄၀၀၀ ကျော်လွှတ်ပါမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ လွှတ်ပေးမယ့် အကျဉ်းသားအရေအတွက် ကစုစုပေါင်း ၃၉၀ ကျော်ရှိပြီး အဲ့ဒီအထဲမှာတော့ အမျိုးသမီး အကျဉ်းသား ၆၀ ကျော် ပါမယ်လို့ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။

Wednesday, April 6, 2016

NLD အစိုးရသစ်ကို မြစ်ဆုံက စိန်ခေါ်နေပြီ

Telenor ကိုသုံးမယ်ဆိုရင်

Telenor ကိုသုံးမယ်ဆိုရင်

ဒါလေးတွေတော့ သိထားသင့်တယ်

အထွေ

ထွေဝန်ဆောင်မှုကိုလိုချင်ရင်
*979#

ဖုန်းငွေလက်ကျန် ကိုသိချင်ရင်
*124#

Bonus လက်ကျန် ကိုသိချင်ရင်
*124*1#

InternetPackage ရဲ့လက်ကျန် ပမာဏကိုသိချင်ရင်
*979*1*1# (or) *124*1#

ငွေဖြည့်ချင်ရင်
*123*pin#

Telenor ကတ်အချင်းချင်း ငွေဖြည့်ပေးချင်ရင်
*979*1*3*2* ph.no: * pin#

Telenor ကတ်အချင်းချင်း ငွေလွှဲချင်ရင်
*979*2*4* ph.no: * amount #

ဖုန်းဘေကုန်နေလို့ Call Me Back သုံးချင်ရင်
*979*3*2*ph.no#

အရေးပေါ်ဖုန်းနံပါတ်ခေါ်ချင်ရင်
*979*3*3*1# (ရဲစခန်း)
*979*3*3*2# (ဆေးရုံကား)
*979*3*3*3# (မီးသတ်)

ဖုန်းအတွက် Internet Setting လိုချင်ရင်
*979*3*1#

Internet Package ဝယ်ချင်ရင်
*979*2*2# (or) *400#

My Internet weekly (110Mb)
(500kyats) သုံးချင်ရင်
*979*2*2*4# (or) *400*4#

My Internet monthly (500Mb)
(1900kyats) သုံးချင်ရင်
*979*2*2*5# (or) *400*5#

Smart Internet monthly (500Mb) (2700kyats) သုံးချင်ရင်
*979*2*2*1# (or) *400*1#

Smart Internet monthly (1.25Gb) (6600kyats) သုံးချင်ရင်
*979*2*2*2# (or) *400*2#

Smart Internet monthly (2.4Gb) (11900kyats) သုံးချင်ရင်
*979*2*2*3# (or) *400*3#

နောက်ဆုံးခေါ်ထားတဲ့ ဖုန်းနံပါတ် 5 ခု ကို သိချင်ရင်
*979*1*4*1#

နောက်ဆုံးဖြည့်ထားတဲ့ Top Up 5 ကြိမ်ကိုသိချင်ရင်
*979*1*4*2#

နောက်ဆုံးပို့ထားတဲ့ SMS 5 ခုကို သိချင်ရင်
*979*1*4*3#

Miss Called Alert (Free)လိုချင်ရင်
*979*2*3*1*2#

Miss Called Alert (Free)ဖြုတ်ချင်ရင်
*979*2*3*2*2#

Phone Ring Tunes လိုချင်ရင် (300Kyats)
*979*2*3*1*1#

Phone Ring Tunes ဖြုတ်ချင်ရင်
*979*2*3*2*1#

စူပါပွားကိုသုံးချင်ရင်
*365*1#

စူပါပွားကိုပြန်ဖြုတ်ချင်ရင်
*365*2#

စူပါဇီးကွက် Night Monthly Pack
(2500Kyats)
*802# (or) *979*2*1*3#

စူပါဇီးကွက် Night Weekly Pack
(800Kyats)
*803# (or) *979*2*1*4#

Telenor 100 Minutes Pack
*801# (or) *979*2*1*2#

Telenor My Roaming Day Pack
*979*2*1*1#

Telnor ဖုန်းဘေကြိုသုံးငွေ ချီးယူရန်
( ဖုန်းဘေ 700 Kyats ကြိုသုံးနိုင်သည်)
(ဖုန်းငွေဖြည့်လျှင် 725 Kyats ပြန်ဖြတ်သည်)
*500#

Telenor Mobile Money Account
*900#

အကူရဲဘော် ရဲ့ အလွန်အမင်း အလိုက်သိတက်ပုံ


အင်တာနက်လိုင်း ပိုမိုမြန်ဆန်စေဖို့ Wi-fi Router အကြောင်း သိကောင်းစရာ အချက် (၅) ချက်




ရေဒီယိုလှိုင်းတွေဟာ မိုဘိုင်းလ်ဖုန်းမှ ဖမ်းယူတဲ့ လျှပ်စစ်သံလိုက်လှိုင်းနဲ့ အလားသဏ္ဍာန် တူညီပါတယ်။ ပြသနာတစ်ခုက Wi-fi လှိုင်းတွေဟာ ဝေးဝေးမရောက်ဘဲ လမ်းခုလတ်မှာ ဖြတ်မိတဲ့ အရာများမှ ဖမ်းစုပ်ခြင်းခံရပါတယ်။ အဲဒီတော့ အင်တာနက်ကို နှေးကွေးစေပါတယ်။ ပိုမိုမြန်ဆန်တဲ့ အင်တာနက် သေချာပေါက်ရစေမယ့် အံ့သြဖွယ်ကောင်းပြီး အရမ်းလွယ်ကူတဲ့ နည်းလမ်း (၅) ချက်ရှိပါတယ်။
၁။ Router ကို အိမ်ရဲ့ အလယ်ဗဟိုမှာ ထားပါ
Wi-fi လှိုင်းတွေဟာ ဖမ်းစုပ်ခံရတာမို့ အိမ်ရဲ့ ဗဟိုအကျဆုံးနေရာမှာ ထားပါ။ ဒီနည်းက အိမ်ပတ်ပတ်လည်မှာ အားအင် ညီတူညီမျှ ထုတ်လွတ်စေပါလိမ့်မယ်။
၂။ ရှုပ်ပွနေတဲ့ အဝတ်ဗီရိုမှာ မထားပါနဲ့
Router ကို အဝတ်ဗီရို သို့မဟုတ် အံဆွဲစတဲ့ ပိတ်ထားနေရာတွေမှာ ဘယ်တော့မှ မထားပါနဲ့။ ရှင်းပါတယ်။ Signal အား အများစုကို သစ်သားအဝတ်ဗီရိုမှ ဖမ်းစုပ်ထားလို့ပါ။ ဒါ့ကြောင့် အင်နက်မြန်နှုန်းက အရမ်းစိတ်ပျက်စရာ ကောင်းပါတယ်။
၃။ Router ကို ကြမ်းပြင်ပေါ်ထားခြင်း ရှောင်ပါ
အိမ်သုံး Routers တွေ လုပ်ထားတဲ့ပုံစံက signal ကို နိမ့်ရာသို့ ထုတ်လွှတ်အောင် လုပ်ထားတာပါ။ Wi-fi လှိုင်းတွေက တမံတလင်းကို ဘယ်လိုမှ မထိုးဖောက်နိုင်ပါ။
၎။ တခြား အီလက်ထရောနစ်ပစ္စည်းတို့နဲ့ ဝေးနိုင်သလောက် ဝေးအောင်ထားပါ
ရုပ်မြင်သံကြားစက်၊ ကွန်ပျူတာနဲ့ မိုက်ခရိုဝေ့မီးဖိုတွေဟာ router signal တွေ ကိုအနှောင့်အယှက် ဖြစ်စေပါတယ်။ အီလက်ထရောနစ်မော်တာ တပ်ထားတဲ့ အရာမှန်သမျှက signal ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေပါလိမ့်မယ်။
၅။ ရိယာတိုင်တွေကို ဆန့်ကျင်ဘက်မျက်နှာမူပေးပါ
Modem မှာ ဧရိယာတိုင် နှစ်ခုရှိပါက တစ်ခုကို ထောင်ပြီး နောက်တစ်ခုကိုတော့ ဘယ်ဘက်သို့ ရေပြင်ညီထားပေးပါ။

ကိုယ့်ကောင်မလေးရဲ့ ဖုန်းထဲမှာ ဒီ app သုံးခုရှိနေပြီဆိုရင်. စိတ်ချရပီ

Tuesday, April 5, 2016

ဂျပန်တွေဆီက အတုယူစရာကောင်းသော အချက် ၇ ချက်

မြင်းခြံမြို့တွင် လေပြင်းများ တိုက်ခတ်ကာ မိုးရွာသွန်းခဲ့ပြီး မိုးသီးအနည်းငယ်ကျဆင်း

မြင်းခြံမြို့တွင် ဧပြီ ၅ ရက်နေ့က လေပြင်းများ တိုက်ခတ်ကာ မိုးရွာသွန်းခဲ့ပြီး မိုးသီးအနည်းငယ် ကျဆင်းခဲ့ကြောင်း သိရသည်။
ဧပြီ ၅ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့်က လေပြင်းများ တိုက်ခတ်ခဲ့ပြီး သစ်ပင်ငယ်နှင့် သစ်ကိုင်းကျိုးကျမှုများ ဖြစ်ပေါ်ခဲ့ပြီး လျှပ်စီးလျှပ်ပန်းများ ဖြစ်ပေါ်ခြင်း၊ မိုးခြိမ်းခြင်းနှင့်အတူ မိုးရွာသွန်းခဲ့ပြီး မိုးသီးအနည်းငယ် ကျဆင်းခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။
"ညခုနှစ်နာရီခွဲ အချိန်လောက်မှာ လေပြင်းတွေ တိုက်ခတ်လာပြီး မိုးခြိမ်းတယ်။ လျှပ်စီးတွေယှက်တယ်၊ ခဏကြာတော့ မိုးရွာပါတယ်။ မိုးရွာတော့ မီးပျက်သွားပါတယ်။ မိုးရွာတဲ့အခါမှာ အိမ်ခေါင်မိုးပေါ်ကို မိုးပေါက်ကျတဲ့အသံက ခဲကျနေတဲ့ အသံမျိုးဖြစ်နေလို့ အိမ်အပြင် ထွက်ကြည့်တာ ဇီးသီးအစေ့ အရွယ်လောက် မိုးသီးတွေ ကြွေကျပါတယ်။ မိုးသီးကျတာ အများကြီးတော့ မဟုတ်ပါဘူး။ မိနစ်ပိုင်းလောက်ပဲကျပြီး မိုးဆက်မရွာတော့ မိုးသီးကျတာ ရပ်သွားပါတယ်" ဟု အမှတ် (၁၀) ရပ်ကွက်နေ မြို့ခံလူငယ် တစ်ဦးဖြစ်သူ ကိုစည်သူမြင့်လွင်၏ ပြောပြချက်အရ သိရသည်။
မြင်းခြံဒေသတွင် လွန်ခဲ့သည့် ၁၉၉၀ ပြည့်နှစ်ဝန်းကျင် အချိန်ခန့်က ယခုကဲ့သို့ မိုးသီးကျဆင်းမှုတစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ယခုထက်ပိုမို ကျဆင်းခဲ့ကြောင်း သိရသည်။
"၁၉၉၀ပြည့်နှစ်က မှတ်မှတ်ရရပါပဲ ကျမအိမ်ပြောင်းရွေ့ဖို့ လုပ်နေတုန်း မိုးတွေရွာလာပြီး မိုးသီးတွေပါကျလာ ပါတယ်။ ဒီနေ့ကျတဲ့ မိုးသီးထက် ပိုကြီးပြီး လက်ထဲမှာ အချိန်အကြာကြီး ကိုင်ထားလို့ ရပါတယ်။ အခုမိုးသီးက မန်ကျည်းစေ့ အရွယ်လောက်ရှိပြီး မြေပေါ်ရောက်ပြီး မကြာခင်မှာပဲ အပူရှိန်ကြောင့် ချက်ချင်း အရည်ပျော် သွားပါတယ်" ဟု အမှတ် ၁၉ ရပ်ကွက်နေ ဒေါ်ဝင်းဝင်းမေက ဆိုသည်။
ထိုနေ့က နေအပူအချိန်များ နေခင်းဘက်တွင် အပူချိန်မြင့်တက်နေပြီး ညနေပိုင်းတွင် လေပြင်းများ တိုက်ခတ်ကာ မိုးရွာသွန်းခဲ့ပြီး မိုးသီးအနည်းငယ် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အရေးပေါ် အသက်ကယ်နည်း

အရေးပေါ် အသက်ကယ်နည်း

မြန်မာ့ ဆေးနည်းတို

*     နှာရည်ပုပ်ခြင်း ၊  နှာခေါင်းပိတ်ခြင်း၊  ရိုးရိုး  အဆက်မပြတ်  ချောင်းတဟွတ် ဟွတ်  ဆိုးခြင်းများအတွက်  လက်တွေ့ပျောက်ကင်းတဲ့  ဆေးနည်းတိုလေးပါ ၊၊

#နှာခေါင်းမှနှာရည်အဆက်မပြတ်စီးကျပြီး  မကြာခဏ ညှစ်ထုတ်ရခြင်း ၊
#နှာခေါင်းနီရဲရောင်ရမ်း၍  နှာခေါင်းအ၀များ  အထိမခံနိုင်လောက်အောင် နာကျင်စွာ ခံစားရခြင်း ၊
#ကြာရှည်၌နှာရည်များ  ပုပ်အက်အက် အနံ့ပင် ထွက်လာခြင်းအတွက် .....
#ဆေးနည်း ကင်ပွန်းသီး  ရင့်ရင့် အခြောက်တစ်တောင့်အား   သန့်စင်
အောင်ဆေး၊ ကျောက်ပျဉ်သန့်သန့်တွင်  ဆန်ဆေးရည်နှင့်  ခပ်ပျစ်ပျစ်သွေးပြီး
ထိုဆေးရည်ကို  နှာခေါင်းတစ်ခုလုံး  ခပ်ထူထူ လိမ်းပေးပါ ၊၊  နှာခေါင်းဝအတွင်းသို့
ဖြေးညင်းစွာ  ခပ်ပါးပါးလေး  ထည့်သွင်းသုတ်လိမ်းပေးရင်း  ဖြေးညင်းစွာ ရှူပေးရပါ
မည် ၊၊  အားလုံး လိမ်းပြီးပါက  ပက်လက်လှန်၍  ဆေးခြောက်သွားသည်အထိ  ငြိမ်
သက်စွာ  နားရပါမည် ၊၊  နံနက်တစ်ကြိမ် ၊ ညအိပ်ရာဝင်ခါနီး  တစ်ကြိမ်၊ (၃ ) ရက်
ခန့်လိမ်းပြီးပါက  သိသာစွာ  သက်သာလာမည်၊၊  ရောဂါနုလျှင်  တစ်ပတ်ခန့်
ရောဂါကြီးမားပါက  နှစ်ပတ်ခန့် ကြာတတ်ပါသည် ၊၊နှစ်ပတ်နှင့် မပျောက်ကင်းပါက
လည်း  ဇွဲမလျော့ပဲ  ပုံမှန်လိမ်းပေးပါက သက်သာစွာ  ပျောက်ကင်းစေပါသည်၊၊
-  -   -      -    -    -

#နှစ်ရှည်လများနှာခေါင်းပိတ်ခြင်း ၊
#နှာခေါင်းဖြင့်အသက်ရှူမရပဲ  ပါးစပ်ဖြင့်အသက်ရှူရခြင်း  အတွက် .....
#ဆေးနည်း လင်ပန်း ( သို့) ဒယ်အိုးဖုံးပေါ်တွင် မီးအရှိန်နီရဲနေသော မီးခဲလက်သီးစုပ်ခန့် လေးငါးခဲတင်ပါ ၊၊ကင်ပွန်းသီး  ရင့်ရင့်  အခြောက် တစ်တောင့်
အား  ထိုမီးခဲပေါ်သို့တင်ပြီး မီးခိုးငွေ့အား ခံသာရုံအနေဖြေးညင်းစွာ ရှူပါ ၊၊
အစ၌  ရှူရခက်သော်လည်း  နှာဝအတွင်း အငွေ့ဝင်စေဖို့  လိုပါမည်၊၊   တစ်ကြိမ်
ဆောင်ရွက်ရုံဖြင့်  မထူးခြားနိုင်ပါ ၊၊ မိမိ ရောဂါ အနုအရင့် ကိုလိုက်ပြီး  နံနက်တစ်
ကြိမ်၊  ည တစ်ကြိမ်  ဆောင်ရွက်ပါ၊၊  ( ၃)(၄ ) ရက်ခန့် အကြာတွင်  နှာခေါင်းမှ
နှပ်များ   အတောင့်လိုက် ထွက်ကျလာပါမည် ၊၊

~~~~~~~~~~~~~~~

#ရိုးရိုးချောင်းတဟွတ်ဟွတ်အဆက်မပြတ်ဆိုးပါက .....
#ဆေးနည်း မည်သည့်ပဲပင်ပေါက်  အမျိုးအစားဖြစ်စေ  ၅ကျပ်သားခန့်အား
သန့်စင်အောင်ဆေးကြော ၊ မတ်ခွက်ထဲထည့် ၊ ပွက်ပွက်ဆူထားသော  ရေနွေးအ
ဖြူအား  ပဲပင်ပေါက်မြှုပ်ရုံ  လောင်းထည့်၊၊ ( ၃) မိနစ်ခန့်ထားပြီး ထိုအရည်ကို  နည်း
နည်းခြင်း  ကုန်စင်အောင်  သောက်သုံးရမည်၊၊ တစ်နေ့ (၃ )ကြိမ်နှုန်း၊  ( ၃) ရက်
ခန့်အကြာ၌ လုံးဝပျောက်ကင်းဧ၊၊် ၊၊<မှတ်ချက်၊၊ ဆောင်းပါးရှင်ဧ၊၊် ကိုယ်တွေ့နည်း>

        ~   အားလုံးပဲ   အသက်ရှည် ကျန်းမာကြပါစေရှင်   ~
 မေတ္တာဖြင့် ဆေးနည်း  မျှဝေကြသော  ပြည်ခရိုင်၊ ကွင်းလှစာတိုက်မှ  သမီး
မအေးအေးခိုင် ၊ ကျီးသဲမြို့မှ ဦးလေးသိန်း အား ကျေးဇူးတင်အပ်ပါသည် ၊၊

ဆောင်းပါးရှင် ~ ဦးကိုကိုကြီး (စစ်ဆေးရေး )
                    ကစစ ( ၁၂) ၊ ထုံးဘို
                    ၄/ ၂၀၁၆ ၊ သူရဇ္ဇမဂ္ဂဇင်း မှတဆင့် ဗထူးနယ်ကသတင်းစုံ ကပြန်လည်ဖော်ပြပေးသည်


ပြည်ထောင်စုဝန်ကြီးသစ် ၃ ဦး ခန့်အပ်

ပြည်ထောင်စုဝန်ကြီးသစ် ၃ ဦး ခန့်အပ်

မူးယစ်ဆေးပြဿနာ အပြစ်ပေးတာထက် ကူညီဖို့လိုအပ်တယ်


မူးယစ်ဆေးဝါး ဥပဒေတွေ၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပြန်လည်ထူထောင်ရေးတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ကြတဲ့ “Towards Sustainable Drug Policies : Myanmar and Ungass 2016” ဆွေးနွေးပွဲကို ဧပြီ ၄ရက်က ပြုလုပ်ခဲ့ပါတယ်။

လိုအပ်ရင် အသုံးတည့်မည့် Phone Number တွေ



သမ္မတရုံး 067-409077, 067-590009, 067-590008
အထူးစုံစမ်းရေးဦးစီးဌာန NPT 067-431374, 067-431396,
067-431383, 067-431399
မီးသတ်ဦးစီးဌာန NPT 067-420005,067- 420017
မြန်မာနိုင်ငံရဲတပ်ဖွဲ့ 067-412006, 067-412047, 067-412036
မီးသတ်ဦးစီးဌာန YGN 01-384420
မီးသတ်ဦးစီးဌာနချုပ် 01-666912, 01-666913
မြန်မာနိုင်ငံရဲတပ်ဖွဲ့ 01-217502,01-217503
အကျဉ်းဦးစီးဌာန 01-431414, 01-431420
မူး/ယစ် ဖမ်းဆီးတပ်ဖွဲ့ 01-412136
မှုခင်း (ဦးစီးရုံး) 01-412503
ယာဉ်ထိန်းရဲ တပ်ဖွဲ့ 01-550126
ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး 01-412493
အလုပ်သမားဥပဒေစစ်ဆေးရေး 01-430112~4

information

Call Center 1212, 1876

အရေးပေါ်ကား - Yangon


Ambulance 192

Traffic Police Ambulance 500005
Academy Hospital 01-212890, 01-212866
Asia Royal Hospital 01-538055
Ayarwaddy Foundation 01-255819~38, 09-421060999
Central Women Hospital 01-222804~6, 01-222881
ဦးလှထွန်း (ကင်ဆာဖောင်ဒေးရှင်း) 01-585134, 01-554351
Myanmar Red Cross Society 01-383680, 01-383681
Pan Hlaing Hospital 01-684320~3, 01-684325~8
Sakura Hospital 01-512668, 01-512669
Worker's Hospital 01-554455, 01-554319
Yangon Children Hospital 01-227807, 01-222808
Yangon General Hospital (New) 01-384493~5, 01-379106
Yangon General Hospital (West) 01-222860~1
Yangon General Hospital (YGH) 01-256112, 01-256123~31
Hmawbi- မြို့မ 09-73156018

သွေးလှူရှင်များ - Yangon


ပုညကုသလဗဟုကရ 01-216685

မြတ်မေတ္တာအဖွဲ့ 09-5122088
ရင်ခုန်သံအဖွဲ့ 01-721578, 01-243542
သာဓုကျောင်းတိုက် 01-510566
သွေးမေတ္တာအဖွဲ့ 09-5549434
HIV Free Blood Pool 01-399020
Shine Hope 01-514768

လူမှုရေးအဖွဲ့အစည်း - Yangon


နာရေးကူညီမှုအသင်း (ရန်ကုန်) 01-580133, 01-581363, 09-31043915,

01-709277,01-728089,09-8640220
သုခဆေးခန်း (ရန်ကုန်) 01-583514
သုခရိပ်မြုံ 01-581955
အမှတ် ၈၀၃-၈၀၅၊ မဟောသဓလမ်း ၊ 09 73018007
(၁၂) ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

မီးသတ်ဌာနများ - Yangon


မီးသတ် 191

အလုံ 01-220802
ဘုရင့်နောင် 01-681648
Crash Fire Rescure 01-533084
ဒဂုံဆိပ်ကမ်း 09-73175954, 09-43204745
တောင်ဒဂုံ 01-590071
ဒေါပုံ 01-553021
လှိုင်သာယာ 01-645017, 01-707550, 09-73206341
လှိုင် 01-519578
ထောက်ကြန့် 01-600178
အင်းစိန် 01-640070, 01-640987
ကျောက်တံတား 01-252011,01- 252022
ကြည့်မြင်တိုင် 01-534825
လေးထောင့်ကန် 01-599467
မရမ်းကုန်း 01-661501
မြောက်ဒဂုံ 01-584060
မြောက်ဥက္ကလာ 9699378, 09-425356252, 9699151
တောင်ဥက္ကလာ 01-562655, 01-577041
စမ်းချောင်း 01-527099,01- 536689
ရွှေပေါက္ကံ 01-695506, 09-448052294
ရွှေပြည်သာ 01-611014
တာမွေ 01-554893 ,01- 554841
သာကေတ 01-556834, 09-5154137,01-547040
သင်္ကန်းကျွန်း 01-562677
ဝေဘာဂီ 9699149

မိုးလေ၀သ ဖြေကြားချက် PHONE NUMBER

Enquiry 660176, 660541, 665669~70

ရဲစခန်းများ - Yangon


ရဲဌာန 199

အလုံ 01-220793,01- 220794
ဗဟန်း 01-554630, 01-545595
ဘုရင့်နောင် 01-680774
ဘိုတထောင် 01-291874, 01-291886
ဒရုံမြို့သစ်အရှေ့ 01-585187
ဒရုံမြို့သစ် မြောက် 01-584109, 01-584436
ဒရုံဆိပ်ကမ်း 01-593007
ဒရုံမြို့သစ် တောင် 01-590093, 01-590070
ဒဂုံ 01-374427
ဒေါပုံ 01-556988, 01-554951
လှိုင် 01-519531~2
လှိုင်သာယာ 01-645015~16
ထောက်ကြန့် 01-600032
အင်းစိန် 01-645821, 01-645819
ကမာရွတ် 01-536895, 01-534304
ကျောက်တံတား 01-371054, 01-371049
ကြည့်မြင်တိုင် 01-535867, 01-535872
လမ်းမတော် 01-224528, 01-224642
လသာ 01-253202~3
မရမ်းကုန်း 01-660352, 01-660980
မင်္ဂလာတောင်ညွန့် 01-291034~35
မင်္ဂလာဒုံ 01-635074, 01-635148
မြောက်ဥက္ကလာ 9699384, 9699395
ပန်းဘဲတန်း 01-371398, 01-371397
ပိတောက်ချောင်း 01-681574
ပုဇွန်တောင် 01-291218, 01-1291240
စမ်းချောင်း 01-535184, 01-535905
ဆိပ်ကမ်းရဲစခန်း 01-216980, 01-216930
ရွှေပေါက္ကံ 01-695561
ရွှေပြည်သာ 01-610667, 01-610664
တောင်ဥက္ကလာ 01-561642
တာမွေ 01-556771, 01-556862
သာကေတ 01-556865, 01-556749, 01-547253
သင်္ကန်းကျွန်း 01-562544, 01-562436
သုဝဏ္ဍ 10-562588
ဝေဘာဂီ 01-9699138
ရန်ကင်း 10-577190, 01-577071
ယာဉ်ထိန်းရဲ တပ်ဖွဲ့ 01-298651, 09-31540635,
09-5194676, 01-292288
ယာဉ်ထိန်းရဲ တပ်ဖွဲ့ 01-291284, 01-291285
မီးရထား ရဲတပ်ဖွဲ့ 01-372802
Airport 01-661956, 01-533064, 09-450044108

စာတိုက်နှင့်ကြေးနန်း PHONE NUMBER


Telecom Message Service Centre 104

Telegraph Enquiry & Complaint 370692
Telex (Int’l) Complaint 371693
Network & E-mail Complaints 662405

ရန်ကုန်လေဆိပ် PHONE NUMBER

Yangon Int’l Airport 533,094,533,095

မြန်မာ့မီးရထား PHONE NUMBER

Yangon Railway Station 202175

ပြည်တွင်းရေကြောင်း PHONE NUMBER

Enquiry 222472~75

ROAD TRANSPORT PHONE NUMBER

Enquiry 374207, 252573, 372886

မြို့နယ်လျှပ်စစ် PHONE NUMBER


Emergency 215666, 215146

Electricity Supply Board 229144, 215041
Ahlon / Sanchaung 220980, 212512
Bahan / Dagon 558317, 544589
Botahtaung 291779
Dagon Myothit (North) 584080, 584112
Dagon Myothit (South) 590180, 590209
Dala 296191
Hlaing 513581
Hlaing Thayar 684735, 685324, 244107
Hlegu 629010
Hmawbi 620037
Htauntkyant 600030
Insein / Mingalardon 640217, 640347
Kamayut / Kyeemyindaing 513584
Kungyankone 247540
Kyauktada / Pabedan 252368
Kyauktan (056) 25501, 25505
Lanmadaw / Latha 222466, 225708
Lat-khok-kone 247538
Mayangone .665011, 665012
Mingala Taung Nyunt 381876
North Okkalapa 699359, 699473
Pazundaung 292575
Shwe-pauk-kan 695515
Shwe Pyi Thar 635124
South Okkalapa .578416, 578420
Tamwe 544590, 544585
Thaketa / Dawbon 547034, 710093
Thingan Kyun 560738
Yankin 560910
AIRPORT PHONE NUMBER
Yangon Int’l Airport 533,094,533,095

INLAND WATER TRANSPORT PHONE NUMBER

Enquiry 222472~75

ROAD TRANSPORT PHONE NUMBER

Enquiry 374207, 252573, 372886

Mandalay


POLICE

Emergency ..................................................199
Central Police Office...................... 36869, 39635
Mandalay Division Police .............. 36867, 36871
Traffic Control Branch ............................... 36986

AMBULANCE

Emergency ...................................................192
Mandalay General Hospital................... 39001~5
Red Cross ................................................... 21499
Traffic Police Ambulance .......................... 39835

TELEPHONE

Telephone Complaint ................ 101, 102, 33444

FIRE

Emergency ..............................................191
Central Fire Station ............................... 60738~40

ELECTRICITY

Emergency ..................................... 65666, 73666

U Nang Htike Aung

.
.
U Than Win.. မှ တဆင့်