ရန်ကုန်မြို့တွင် မူးယစ်ဆေးဝါးနှင့်အတူ လက်နက်များပါ တွေ့ ရှိနေခြင်းကြောင့် သင်္ကြန်တွင်း ပျော်ရွှင်မည့်ပြည်သူများ၏ လုံခြုံရေးကို စိတ်ပူမိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ဧပြီ ၂ ရက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံး၌ ပြုလုပ်သော ရန်ကုန်မဟာသင်္ကြန်ပွဲတော်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင်မူးယစ်ဆေးဝါးပြဿနာများ ဖြေရှင်းဆောင်ရွက်မှုနှင့်ပတ်သက်၍သတင်းထောက်တစ်ဦးက မေးမြန်းရာ၌၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
‘‘ရန်ကုန်မှာ မူးယစ်ဆေးဝါး နဲ့အတူ လက်နက်ပါပါတယ်။ မူးယစ်ဆေးဝါးနဲ့အတူ ပေါ်ပေါက် လာတဲ့ အခင်းကိစ္စတွေမှာ ရှေ့က နေဖမ်းဆီးခဲ့တဲ့အခြေအနေတွေ မှာ မိတဲ့မူးယစ်ဆေးဝါးအလွန် အင်မတန်များပါတယ်။ အဲဒါနဲ့ အတူ လက်နက်တွေပါ ပါလာတဲ့ အတွက် ကျွန်တော်တို့ ဒီသင်္ကြန် ကို အစိုးရဘက်က ပြည်သူလူထု ရဲ့ လုံခြုံရေးကို စိတ်ပူပါတယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ ပျော်ရွှင် နေမှုကို မထိခိုက်အောင် လုံခြုံ ရေးပိုင်းကို ကြိုးပမ်းပါမယ်’’ ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
သင်္ကြန်ကို အကာအကွယ် ယူပြီး မူးယစ်ဆေးဝါးများ သယ် ယူပို့ဆောင်မှုများ ရှိလာပါက ပြည်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်မည်ဟု ၀န်ကြီးချုပ်က ဆက်လက်ပြောကြားသည်။
ရန်ကုန်သင်္ကြန်ပွဲတော်အ တွင်း တိုင်းရဲတပ်ဖွဲ့၊ စီအိုင်ဒီရဲ တပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့နှင့်ယာဉ် ထိန်းရဲတပ်ဖွဲ့ အပါအ၀င် စုစု ပေါင်းအင်အား ၈,၀၀၀ အသုံးပြု ၍ လုံခြုံရေးဆောင်ရွက်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီး တင်ထွန်းအောင် က ပြောသည်။
၂၀၁၅ ရန်ကုန်မဟာသင်္ကြန် ပွဲတော်တွင် သင်္ကြန်နှင့်ပတ်သက် သည့် လူသတ်မှုဖြစ်ပွားခြင်းမရှိခဲ့ သော်လည်း အခြားမှုခင်းအရေ အတွက်သည် ယခင်နှစ်များထက် ပိုမိုများပြားခဲ့သည်။ ၂၀၁၅ သင်္ကြန်ပွဲတော်အတွင်း တစ်နိုင်ငံ လုံးတွင် သင်္ကြန်နှင့်ပတ်သက် သည့် လူသတ်မှု၊ ခါးပိုက်နှိုက်၊ ခိုက်ရန်ဖြစ်ပွားမှု၊ ယာဉ်တိုက်မှု၊ မူးယစ်ရမ်းကားမှု စသည့်အမှု ၁၇၄ မှုဖြစ်ပွားခဲ့ပြီး ၁၆ ဦးသေဆုံး ကာ ၃၅၆ ဦး ဒဏ်ရာရရှိခဲ့သည်။
၂၀၁၄ သင်္ကြန်တွင် တစ် နိုင်ငံလုံး၌ သင်္ကြန်နှင့်ပတ်သက် သည့် မှုခင်း ၁၅၉ မှုဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးကာ ၉၁ ဦး ဒဏ် ရာရရှိခဲ့သည်။
မတ်လ ၁၁ ရက်က ရန်ကုန် မြို့ ရွှေတောင်ကြားလမ်း ရွှေ တောင်ကြား (၂) ရပ်ကွက် အုပ် ချုပ်ရေးမှူးရုံးဘေးရှိ စည်ပင်အ မှိုက်ကန်အတွင်း ကျည်ဆန်နှင့် သေနတ်အိတ်များ သိမ်း ဆည်းရမိခဲ့သည်။ ပြီးခဲ့သည့် လ အတွင်း၌ပင် မရမ်းကုန်းမြို့နယ်ရှိ မုဒိတာအိမ်ရာတွင်စိတ်ကြွမူးယစ် ဆေးပြား ခြောက်သိန်းကျော်နှင့် ဘိန်းမည်း၊ အိုက်စ်(ICE) တို့ကို ဖမ်းဆီးရမိခဲ့သည်။
No comments:
Post a Comment