.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Tuesday, April 5, 2016

ပညာရေးဝန်ကြီးသစ်နှင့် ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ်

 နိုင်ငံတော်သမ္မတက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ မျိုး သိမ်းကြီးအား ပြည်ထောင်စုလွှတ် တော်တွင် အမည်စာရင်းတင် သွင်းသည့်အပေါ် ပညာရေးအ သိုင်းအ၀ိုင်းအတွင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးထင် ကျော်က ဧပြီ ၄ ရက်တွင် ပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော်အ စည်းအဝေး၌ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ မျိုးသိမ်းကြီးကို အမည် စာရင်းတင်သွင်းခဲ့သည်။
ယခင်က ပညာရေးဝန်ကြီး ဌာနအပါအ၀င် နိုင်ငံခြားရေးဝန် ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာ ၀န်ယူထားပြီး ယခုတွင် ပညာရေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ကို ပြည်ထောင်စုဝန်ကြီး အသစ်များ ပြန်လည်လွှဲပေးခဲ့သည်။
‘‘ပညာရေးဝန်ကြီး တစ် ယောက်ကို ပါမောက္ခချုပ်၊ ညွှန် ချုပ်လုပ်ခဲ့တယ်ဆိုတာနဲ့ အကဲ ဖြတ်လို့ မရဘူး။ ပညာရေးကို ဘယ်လောက်အထိ စိတ်ဝင်စား လဲဆိုတာကို အကဲဖြတ်ရမယ်လို့ ထင်တယ်။ လက်ရှိပညာရေးကဏ္ဍက ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်။ ပြန်လည်တည်ဆောက်ရ မှာတွေရှိတဲ့အခါကျတော့ သူက ဘယ်လောက်အထိ အဆုံးအဖြတ်ပေးနိုင်မလဲဆိုတာ မေးခွန်းထုတ် စရာဖြစ်လာတယ်’’ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ သက် နိုင်ဦးက ပြောသည်။
ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဖြစ်လာမည့် ဒေါက်တာ မျိုးသိမ်းကြီးအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ စွာကို ကျော်လွှားနိုင်ရန် အခက် အခဲများရင်ဆိုင်ရမည် ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြား သည်။
‘‘ဒေါက်တာ မျိုးသိမ်းကြီးက ပြီးခဲ့တဲ့အစိုးရနဲ့ ပညာရေးဆွေး နွေးမှုလုပ်ငန်းစဉ်တစ်လျှောက် လုံးမှာ ကျွန်မတို့နဲ့ ယုံကြည်မှုတည် ဆောက်ထားနိုင်ခဲ့ခြင်း မရှိပါဘူး။ အမြဲတမ်း အငြင်းပွားရတဲ့ကိစ္စ တိုင်းမှာ ဆရာက အမြဲပါနေတယ်။ဒါကြောင့် အခုအချိန်မှာ ပညာရေးဝန်ကြီးအဖြစ် တာဝန်ယူမယ်ဆို တော့ ပညာရေးပြဿနာတွေကို ဆက်လက်ဖြေရှင်းဖို့လား၊ ပိုပြီး ရှုပ်ထွေးအောင်လုပ်ဖို့လားဆိုတဲ့ စိုးရိမ်စိတ်ဖြစ်မိတယ်’’ဟု ပညာ ရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် ဒေါ်သူသူမာက ပြောသည်။
နေပြည်တော်တွင် ၂၀၁၄ ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့ သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ၌ ပညာရေးစနစ်ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကို ဖိတ်ကြားပြီးမှ ပြန် လည်ဖျက်သိမ်းခဲ့စဉ်ကလည်း ဒေါက်တာ မျိုးသိမ်းကြီးပါဝင်ပတ် သက်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
‘‘ပညာရေးကဏ္ဍမှာ ထူးထူး ခြားခြားပြောင်းလဲသွားမှာမဟုတ် ဘဲနဲ့ လက်ရှိလုပ်နေတဲ့လုပ်ငန်း စဉ်တွေပဲ ဆက်ပြီးတော့ သက်ဆိုး ရှည်သွားမယ်။ အခုပြောင်းမယ့် KG + 12 ကလည်း သူတို့ပဲ သတ်မှတ်ခဲ့တာ။ အဲဒီအပေါ်မှာ သုတေသနအထောက်အထား ဘယ်လောက် ခိုင်မာသလဲဆိုတာ အကြိမ်ကြိမ်မေးပေမယ့် လုပ်မြဲအတိုင်းပဲ လုပ်သွားတာပဲ’’ဟု အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးငွေတိုးက ပြောသည်။
ပညာရေး ၀န်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခြင်းခံရ သည့် ဒေါက်တာ မျိုးသိမ်းကြီး သည် လက်ရှိအချိန်တွင် ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၌ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်း ဆောင်နေပြီး ယခင်က အဆင့်မြင့်ပညာရေးဦးစီးဌာန (အောက်မြန် မာပြည်)၊ အမှတ် (၁) အခြေခံ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ဦးစီး ဌာနတို့တွင် ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။

No comments: