ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကောက်ခံလျက်ရှိ သော မြန်မာတစ်နိုင်ငံလုံးရှိ လမ်း တံတား အသုံးပြုခ ကောက်ခံ သည့် ဂိတ်ပေါင်း ၁၆၁ ဂိတ်ကို ဧပြီ၁ ရက်မှစ၍ ဂိတ်ကြေးကောက် ခံခြင်း ရပ်ဆိုင်းလိုက်သည်။
မြန်မာတစ်နိုင်ငံလုံးရှိ လမ်း တံတား အသုံးပြုခကောက်ခံဂိတ် ၃၀၂ ဂိတ်အနက် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ဂိတ်ပေါင်း ၁၆၁ ဂိတ်ကို ဧပြီ ၁ရက်မှစ၍ ကောက်ခံခြင်းမပြုတော့ကြောင်း ယမန်နေ့ နံနက်အစောပိုင်းတွင် ထုတ်ပြန် သည်။
ဂိတ်ကြေးကောက်ခံမှုရပ် ဆိုင်းလိုက်သည့် ဂိတ်များတွင် ကန်ထရိုက် ရယူလုပ်ကိုင်နေ သော ကုမ္ပဏီများကို ငွေပြန်အမ်း မည်ဖြစ်ပြီး လုပ်ငန်းရှင်များနှင့် ဧပြီ ၇ ရက်တွင် တွေ့ဆုံရှင်းပြ မည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးကျော်လင်းက ပြောသည်။
အစိုးရသစ် တက်လာပြီး ရက်ပိုင်းအတွင်း ဝန်ကြီး ဌာနများမှ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးအသစ် ဦးဝင်းခိုင်က ယင်းဂိတ်များအား ဂိတ်ကြေးကောက်ခံခြင်း ရပ်ဆိုင်းရန် ညွှန်ကြားခြင်းဖြစ်သည်။
ဂိတ်ကြေးကောက်ခံမှု ရပ် ဆိုင်းလိုက်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စစ်ကိုင်း တိုင်းဒေသကြီးမှ လမ်းနှင့်တံတား ဂိတ်မှာ အများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးအဖြစ် မကွေးတိုင်းမှ လမ်းနှင့် တံတားဂိတ်များ ပါဝင် လာခဲ့သည်။
ရပ်ဆိုင်းလိုက်သည့်ဂိတ် များထဲတွင် ဂိတ်လောက၌ နာမည်ကြီးခဲ့သည့် ရွှေစက်တော်ဖြတ်လမ်း၊ စလင်း (စေတုတ္တရာ)လမ်းပိုင်းမှ ဂိတ်အချို့ပါဝင်လာကြောင်း လုပ်ငန်း ရှင်အချို့က ပြောသည်။ ထို့အပြင် ဂိတ်ကြေးပုံမှန် ကောက်ခံပြီး အစိုးရထံမှ ကန်ထရိုက်ရယူထားကာ လမ်းပိုင်းများ မပြုပြင်သည့် ဂိတ်အချို့လည်း ပါဝင်လာ၍ ယခုအစီအစဉ်မှာ အလွန်ကောင်းမွန်ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။
ရပ်ဆိုင်းလိုက်သည့် လမ်း တံတားဂိတ်များမှ လမ်းပိုင်းနှင့် တံတားများ ပြုပြင်ထိန်းသိမ်းခြင်း ကို အစိုးရကသာ တိုက်ရိုက်ကိုင် တွယ်မည်ဖြစ်ပြီး အသေးစိတ်ကို ညှိနှိုင်းနေဆဲဟု သိရသည်။
ယခုကဲ့သို့ လမ်းနှင့်တံတား ဂိတ်ကြေး ကောက်ခံခြင်းများ ရပ် နားလိုက်ခြင်းကြောင့် ကုန်စည်ပို့ ဆောင်ရာတွင် ပိုမိုကုန်ကျနေ သည့် ကုန်ကျစရိတ် သက်သာ နိုင်ပြီး တန်ဆာခများ လျော့ကျ လာနိုင်ကြောင်း ကုန်တင်ယာဉ် ပိုင်ရှင်အချို့က ပြောသည်။
ယခု ပိတ်လိုက်သည့်ဂိတ် အများစုမှာ လမ်းတံတား လေလံ ကြေး သိန်း ၃၀၀ အောက်ဂိတ် အများစုသာ ပါဝင်ပြီး ဂိတ်အကြီး များ မပါဝင်ကြောင်း၊ ထို့အပြင် တန်ပိုတင်၍ မောင်းနှင်သည့် ကုန်တင်ယာဉ် များပြားလာနိုင်ပြီး လမ်းပျက်စီးခြင်း ယာဉ်အန္တရာယ် ဖြစ်ပေါ်မှုတို့အတွက် ထည့်သွင်း စဉ်းစားသင့်ကြောင်း ကုန်တင် ယာဉ်ပိုင်ရှင် ဦးမြင့်စောက သူ၏ အမြင်ကိုပြောသည်။
‘‘နယ်ဝေးသွားတဲ့ ဆယ်ဘီး ယာဉ်ကြီးတွေရဲ့ ကုန်ကျစရိတ်က တစ်ခေါက်ထွက်ရင် ဂိတ်ကြေး ကြီးပဲ သုံးသောင်းကနေ ငါး သောင်းလောက်ကုန်တယ်။ အခု တော့ ဒီဒုက္ခတွေ ကင်းသွားပြီ။ ကျန်တဲ့ဂိတ်တွေကိုလည်း ပြေစာ မပေးတဲ့ကိစ္စ၊ စည်းကမ်းပျက် အတောင်းကြမ်းတဲ့ ဂိတ်တွေကို ထပ်ပြီး စိစစ်ပေးစေချင်တယ်’’ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် ဦးလင်းဟန်က ပြော သည်။
No comments:
Post a Comment