အရှေ့ပိုင်းတက္ကသိုလ် ၀င်းအတွင်းရှိ ကျောင်းသားများ နားနေဆောင်ရှေ့တွင် ကထိက ကျောင်းဆရာမတစ်ဦးကို အမျိုး သမီးတစ်ဦးက သစ်သားငရုတ် ကျည်ပွေ့ဖြင့် ဦးခေါင်းကိုထုကာ ရွှေထည်ပစ္စည်းများ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ တက္က သိုလ်မှ လက်ထောက်ကထိက ဆရာတစ်ဦးကပြောကြားသည်။
ဧပြီ ၃ ရက် မွန်းလွဲ ၃ နာရီ ကျော်တွင် အရှေ့ပိုင်းတက္ကသိုလ် (နိုင်ငံတကာ ဆက်ဆံရေးပညာ ဌာန)မှ အသက် (၄၂)နှစ်အရွယ် ကထိကဆရာမသည် အပြင်မှ မိမိအဆောင်သို့ပြန်လာစဉ် အမျိုး သမီးတစ်ဦး နောက်မှလိုက်လာ ပြီး ဦးခေါင်းကို သစ်သားငရုတ် ကျည်ပွေ့ဖြင့်ထုကာ ဓားထောက် ပြီး ၀တ်ဆင်ထားသည့် ရွှေထည် ပစ္စည်းများကို လုယက်ခဲ့ခြင်းဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
‘‘ဆရာမက တက္ကသိုလ် ကျောင်းထဲက အဆောင်မှာနေ တယ်။ မြို့ထဲက အဆောင်ကိုအ ပြန် လုတဲ့မိန်းမက နောက်ကပါ လာတယ်။ ကျောင်းသားများ နား နေဆောင်ရောက်တော့ ခေါင်းကို သစ်သားငရုတ်ကျည်ပွေ့နဲ့ ထု တယ်။ ဆရာမလဲသွားတော့ကျော ကို ဓားနဲ့ထောက်ပြီး ၀တ်ထားတဲ့ ရွှေထည်ပစ္စည်းတွေကို လုတယ်။ တန်ဖိုးကတော့ အားလုံးပေါင်း သုံးဆယ့်နှစ်သိန်းဖိုးလောက် ပါ သွားတယ်’’ဟု ၎င်းကပြောသည်။
ရန်ကုန်အရှေ့ပိုင်းတက္က သိုလ်သည် ခြံဝင်းခတ်ထားခြင်း မရှိ၍ လုံခြုံရေးလုပ်ဆောင်ရာ တွင် အားနည်းမှုများစွာရှိပြီး လုံ ခြုံရေးအတွက် ကျောင်းဆရာ၊ ဆရာမများ အချိန်ပိုင်းအလိုက် လုပ်ကိုင်သော်လည်းအဆင်ပြေမှု မရှိကြောင်း အဆိုပါတက္ကသိုလ်မှ လက်ထောက်ကထိက ဆရာတစ် ဦးကပြောသည်။
‘‘ကျောင်းလုံခြုံရေးကင်မရာ မပြောနဲ့ တစ်ကျောင်းလုံးတောင် ၀င်းမခတ်နိုင်ဘူး။ အခုနောက်ပိုင်း ကျောင်းထဲဝင်ခွင့်ကိုလည်း အရင် လို စည်းကမ်းမတင်းကျပ်ထားပါ ဘူး။ တက္ကသိုလ်ကျောင်းဖြစ်တဲ့အ တွက် လွတ်လပ်စွာ သွားလာနိုင် ဖို့ လုပ်ပေးထားတယ်။ ဒီနှစ်ထဲမှာ လည်း လိုင်းကားသမားတွေ အ မောင်းကြမ်းလို့ ကျောင်းသားတစ် ဦး သေပြီးပြီ။ လုံခြုံရေးအတွက် ယာဉ်ထိန်းရဲနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကူအညီတောင်းတာလည်း အ ခုချိန်အထိမရသေးပါဘူး’’ဟု ၎င်း ကပြောသည်။ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းဝင်းအတွင်း ရိုက်နှက်လုယက်ခံရသည့်အမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း အ ဆိုပါ တက္ကသိုလ်မှ ကျောင်းဆရာ တစ်ဦးကပြောသည်။
ရိုက်နှက်ခံရသည့် ကထိက ဆရာမကို သန်လျင်ဆေးရုံတွင် တင်ပို့ထားပြီး ပစ္စည်းများလုယက် ခဲ့သည့် အမျိုးသမီးကို သန်လျင် မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိနိုင်ရန် ဆောင်ရွက်နေကြောင်း သိရ သည်။
No comments:
Post a Comment