.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Monday, April 4, 2016

ယာဉ်မောင်းလိုင်စင်များကို Chip ပြား ထည့်သွင်းသည့်စနစ် ဧပြီ ၁ ရက်မှ စတင်ပြုလုပ်ပေးနေ



မြန်မာတစ်နိုင်ငံလုံးရှိ ယာဉ်မောင်းလိုင်စင် (ခ)၊ (ဂ)၊ (ဃ)များကို Chip ပြား ထည့်သွင်းသည့်စနစ် ကို ဧပြီ ၁ ရက်မှ စတင်ပြုလုပ်ပေးနေပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန’ မှ တာဝန်ရှိသူတစ်ဦးက The Ladies သို့ပြောသည်။

ယာဉ်မောင်းလိုင်အတုနှင့် အစစ် အလွယ်တကူ ခွဲခြားနိုင်ရန်အတွက် လုံခြုံရေး အဆင့်မြှင့်တင်ထားသည့် စနစ်ပါဝင်သည့် Chip ပြားကို ဇန်န၀ါရီလမှ စ၍ နေပြည်တော် တိုင်းဒေသကြီးတွင် စတင်စမ်းသပ်အသုံးပြုခဲ့ပြီး ဧပြီ ၁ ရက်မှ စတင်ကာ တစ်နိုင်ငံလုံးရှိ ယာဉ်မောင်းလိုင်စင် (ခ)၊ (ဂ)၊ (ဃ) များကို Chip ပြား ထည့်သွင်းသည့် စနစ်ပြောင်းလဲ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ ယာဉ်မောင်းလိုင်စင်တွေကို ဧပြီ ၁ ရက် ကစပြီးတော့ လုံခြုံရေး အဆင့်မြှင့်ထားတဲ့ Chip ပြား ထည့်သွင်းတဲ့ စနစ်ကို ပြောင်းလဲ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်၊ စတင်လုပ်ပေးတဲ့ အချိန်မှာတော့ ယာဉ်မောင်းလိုင်စင် (ခ)၊ (ဂ)၊ (ဃ) တွေကိုပဲ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ကညနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များအနေဖြင့် ယာဉ်မောင်းလိုင်စင်အတု၊ အစစ် ခွဲခြားစစ်ဆေးနိုင်ရန်အတွက် ၎င်းတို့၏ မိုဘိုင်းဖုန်းများထဲတွင် ဆော့ဝဲများ ထည့်သွင်းပေးသွားမည်ဟုလည်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

ယခင် Smart Card လိုင်စင်အစား လုံခြုံရေးမြှင့်တင်ထားသည့် Chip ပြား ထည့်သွင်းသည့်စနစ်ကို သက်ဆိုင် ရာ ကညနရုံးများတွင် ပြောင်းလဲပြုလုပ်နိုင်ပြီး (က) နှင့် (င)လိုင်စင် တို့ကိုလည်း မကြာခင် ပြောင်းလဲပြုလုပ်ပေးသွားမည် ဖြစ်ပြီး၊ ယင်း Chip ပြား အတွင်း ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူ၏ အချက်အလက်များကိုပါ ထည့်သွင်း ဖော်ပြထားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ ၊ အိန္ဒိယ ၊ ထိုင်း သုံးနိုင်ငံအကြား နိုင်ငံ အချင်းချင်း ခရီးသည်နှင့် ကုန်စည်များ မော်တော်ယာဉ်ဖြင့် သယ်ဆောင်သွားလာမှု၏ စည်းကမ်းများ သဘောတူ စာချုပ်အရ ယာဉ်မောင်း လိုင်စင်များအား Chip ပါသည့် Smart Card ယာဉ်မောင်း လိုင်စင်သို့  ဇန်န၀ါရီ ၁၂ ရက် က နေပြည်တော်တွင် စတင် ပြောင်းလဲထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

Chip ပါသည့် Smart Card ယာဉ်မောင်း လိုင်စင် ထုတ်ပေးခြင်း အားဖြင့် လိုင်စင် ကိုင်ဆောင်သူ တစ်ဦးချင်း၏ အချက်အလက်များကို လုံခြုံစိတ်ချစွာ ထိန်းသိမ်း ပေးနိုင်ခြင်း ၊ လိုင်စင် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးမှုကို စစ်ဆေးသည့် နေရာတွင် ချက်ခြင်း အတည်ပြု နိုင်ခြင်း ၊ ယာဉ်စည်းကမ်း ဖောက်ဖျက်သူများအား အမှတ်ပေးသောစနစ် Demerit Point System အရ ပြစ်မှု ကျူးလွန်သော ယာဉ်မောင်းများအား အမှတ်ပေး၍ အပြစ်ပေး အရေးယူ ဆောင်ရွက် နိုင်ခြင်းတို့ကြောင့် ယာဉ်စည်းကမ်း ချိုးဖောက်သူများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်မည် ဖြစ်သည့် အပြင် ယာဉ်မောင်း လိုင်စင် အတု ကိုင်ဆောင်မှု များအားလည်း အလွယ်တကူ စစ်ဆေး ဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

No comments: