.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Tuesday, April 5, 2016

မြန်မာ့ ဆေးနည်းတို

*     နှာရည်ပုပ်ခြင်း ၊  နှာခေါင်းပိတ်ခြင်း၊  ရိုးရိုး  အဆက်မပြတ်  ချောင်းတဟွတ် ဟွတ်  ဆိုးခြင်းများအတွက်  လက်တွေ့ပျောက်ကင်းတဲ့  ဆေးနည်းတိုလေးပါ ၊၊

#နှာခေါင်းမှနှာရည်အဆက်မပြတ်စီးကျပြီး  မကြာခဏ ညှစ်ထုတ်ရခြင်း ၊
#နှာခေါင်းနီရဲရောင်ရမ်း၍  နှာခေါင်းအ၀များ  အထိမခံနိုင်လောက်အောင် နာကျင်စွာ ခံစားရခြင်း ၊
#ကြာရှည်၌နှာရည်များ  ပုပ်အက်အက် အနံ့ပင် ထွက်လာခြင်းအတွက် .....
#ဆေးနည်း ကင်ပွန်းသီး  ရင့်ရင့် အခြောက်တစ်တောင့်အား   သန့်စင်
အောင်ဆေး၊ ကျောက်ပျဉ်သန့်သန့်တွင်  ဆန်ဆေးရည်နှင့်  ခပ်ပျစ်ပျစ်သွေးပြီး
ထိုဆေးရည်ကို  နှာခေါင်းတစ်ခုလုံး  ခပ်ထူထူ လိမ်းပေးပါ ၊၊  နှာခေါင်းဝအတွင်းသို့
ဖြေးညင်းစွာ  ခပ်ပါးပါးလေး  ထည့်သွင်းသုတ်လိမ်းပေးရင်း  ဖြေးညင်းစွာ ရှူပေးရပါ
မည် ၊၊  အားလုံး လိမ်းပြီးပါက  ပက်လက်လှန်၍  ဆေးခြောက်သွားသည်အထိ  ငြိမ်
သက်စွာ  နားရပါမည် ၊၊  နံနက်တစ်ကြိမ် ၊ ညအိပ်ရာဝင်ခါနီး  တစ်ကြိမ်၊ (၃ ) ရက်
ခန့်လိမ်းပြီးပါက  သိသာစွာ  သက်သာလာမည်၊၊  ရောဂါနုလျှင်  တစ်ပတ်ခန့်
ရောဂါကြီးမားပါက  နှစ်ပတ်ခန့် ကြာတတ်ပါသည် ၊၊နှစ်ပတ်နှင့် မပျောက်ကင်းပါက
လည်း  ဇွဲမလျော့ပဲ  ပုံမှန်လိမ်းပေးပါက သက်သာစွာ  ပျောက်ကင်းစေပါသည်၊၊
-  -   -      -    -    -

#နှစ်ရှည်လများနှာခေါင်းပိတ်ခြင်း ၊
#နှာခေါင်းဖြင့်အသက်ရှူမရပဲ  ပါးစပ်ဖြင့်အသက်ရှူရခြင်း  အတွက် .....
#ဆေးနည်း လင်ပန်း ( သို့) ဒယ်အိုးဖုံးပေါ်တွင် မီးအရှိန်နီရဲနေသော မီးခဲလက်သီးစုပ်ခန့် လေးငါးခဲတင်ပါ ၊၊ကင်ပွန်းသီး  ရင့်ရင့်  အခြောက် တစ်တောင့်
အား  ထိုမီးခဲပေါ်သို့တင်ပြီး မီးခိုးငွေ့အား ခံသာရုံအနေဖြေးညင်းစွာ ရှူပါ ၊၊
အစ၌  ရှူရခက်သော်လည်း  နှာဝအတွင်း အငွေ့ဝင်စေဖို့  လိုပါမည်၊၊   တစ်ကြိမ်
ဆောင်ရွက်ရုံဖြင့်  မထူးခြားနိုင်ပါ ၊၊ မိမိ ရောဂါ အနုအရင့် ကိုလိုက်ပြီး  နံနက်တစ်
ကြိမ်၊  ည တစ်ကြိမ်  ဆောင်ရွက်ပါ၊၊  ( ၃)(၄ ) ရက်ခန့် အကြာတွင်  နှာခေါင်းမှ
နှပ်များ   အတောင့်လိုက် ထွက်ကျလာပါမည် ၊၊

~~~~~~~~~~~~~~~

#ရိုးရိုးချောင်းတဟွတ်ဟွတ်အဆက်မပြတ်ဆိုးပါက .....
#ဆေးနည်း မည်သည့်ပဲပင်ပေါက်  အမျိုးအစားဖြစ်စေ  ၅ကျပ်သားခန့်အား
သန့်စင်အောင်ဆေးကြော ၊ မတ်ခွက်ထဲထည့် ၊ ပွက်ပွက်ဆူထားသော  ရေနွေးအ
ဖြူအား  ပဲပင်ပေါက်မြှုပ်ရုံ  လောင်းထည့်၊၊ ( ၃) မိနစ်ခန့်ထားပြီး ထိုအရည်ကို  နည်း
နည်းခြင်း  ကုန်စင်အောင်  သောက်သုံးရမည်၊၊ တစ်နေ့ (၃ )ကြိမ်နှုန်း၊  ( ၃) ရက်
ခန့်အကြာ၌ လုံးဝပျောက်ကင်းဧ၊၊် ၊၊<မှတ်ချက်၊၊ ဆောင်းပါးရှင်ဧ၊၊် ကိုယ်တွေ့နည်း>

        ~   အားလုံးပဲ   အသက်ရှည် ကျန်းမာကြပါစေရှင်   ~
 မေတ္တာဖြင့် ဆေးနည်း  မျှဝေကြသော  ပြည်ခရိုင်၊ ကွင်းလှစာတိုက်မှ  သမီး
မအေးအေးခိုင် ၊ ကျီးသဲမြို့မှ ဦးလေးသိန်း အား ကျေးဇူးတင်အပ်ပါသည် ၊၊

ဆောင်းပါးရှင် ~ ဦးကိုကိုကြီး (စစ်ဆေးရေး )
                    ကစစ ( ၁၂) ၊ ထုံးဘို
                    ၄/ ၂၀၁၆ ၊ သူရဇ္ဇမဂ္ဂဇင်း မှတဆင့် ဗထူးနယ်ကသတင်းစုံ ကပြန်လည်ဖော်ပြပေးသည်


No comments: