.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Sunday, April 3, 2016

တာဝါတိုင်မိုးကြိုးထိမှန်၍ တစ်နိုင်ငံလုံး မီးပြတ်၊ မြို့ကြီးအချို့သို့ ပြန်ပေး

 ရွှေလီ-မန်စံ ဓာတ်အား လိုင်းနှင့် ကီလိုမီတာ ၄၀ အကွာ တာဝါတိုင်ကို မိုးကြိုးထိမှန်ခဲ့သဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားပြတ်တောက်ခဲ့ပြီး ပြင်ဆင်နေ စဉ်အတွင်း ရန်ကုန်မြို့အပါအ၀င် မြို့ကြီးအချို့အတွက် အခြားဓာတ် အားခွဲရုံများမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေကြောင်း YESC က သတင်းထုတ်ပြန်သည်။

‘‘မိုးကြိုးပစ်တော့ အလင်းဝင် ပြီး တစ်ပြည်လုံးမီးပြတ်သွားတာ ပါ။ ကိုယ်သက်ဆိုင်ရာ မြို့နယ်အ လိုက် ပြည်သူတွေကို လျှပ်စစ် ဓာတ်အားပြန်ပေးဖို့ တွဲချိန်းတာ တွေ လုပ်နေပါတယ်။ တောင်ဥက္က လာပ၊ ဗဟန်း၊ တာမွေ၊ ရန်ကင်း ကတော့ မတော်တဆဖြစ်ခဲ့ပြီး ပြင်နေတယ်။ အခြားမြို့နယ်တွေ ပြန်လာနေပါပြီ’’ဟု YESC မှ အင် ဂျင်နီယာချုပ် ဦးစောဝင်းမောင်က ပြောသည်။
မဂ္ဂါဝပ် ၄၀၀ ဓာတ်အားခွဲ ရုံ သို့ ဓာတ်အားပို့လွှတ်နေစဉ်အတွင်း ရာသီဥတုအခြေအနေဆိုးရွားမှု ကြောင့် ဓာတ်အားလိုင်းပြတ် တောက်ခဲ့ရခြင်းဖြစ်ပြီး ဓာတ်အား အမြန်ရရှိရေး ၎င်းတို့ဘက်မှ ဆောင်ရွက်နေကြောင်း၊ ယင်း ဒေသသို့ လျှပ်စစ်ဝန်ထမ်းများ ဧပြီ ၂ ရက်မွန်းလွဲ တစ်နာရီတွင်ရောက်ရှိပြင် ဆင်နေပြီး မည်သည့်အချိန်၌ ပြီးစီးမည်ကိုမသိရှိရသေးကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြား သည်။
‘‘ကြိုတင်စစ်ဆေးသော အဖွဲ့တွေခန့်မှန်းခြေ ၃ နာရီ မိနစ် ၂၀ လောက်ကတည်းက တောင်ကြောထဲကို ရောက်နေပါပြီ။ ခုအချိန်ထိတော့ သတင်းမပို့သေးပါ ဘူး’’ဟု မြန်မာလျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးက လူမှုကွန်ရက်တွင် ရေး သားထားသည်။
ရန်ကုန်မြို့အတွင်းရှိ ဆေးရုံ ကြီးများနှင့် အခြားအရေးကြီးရုံး ဌာနများသို့ သာကေတနှင့် လှော် ကားတို့မှ အရေးပေါ်ဓာတ်အား လှည့်ပေးထားပြီး ကျန်မြို့နယ်များ လျှပ်စစ်ဓာတ်အားရရရှိရေးကို လည်း ဧပြီ ၂ ရက်အတွင်း အပြီး သတ်ဆောင်ရွက်သွားမည်ဟု အ ထက်ပါပုဂ္ဂိုလ်ကပြောသည်။
ရွှေလီဓာတ်အားပေးစက်ရုံ သည် ၂၀၀၈ တွင်လည်ပတ်ခဲ့ပြီး ၂၀၀၉ တွင် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခဲ့ သည်။ ယင်းဓာတ်အားပေးစက်ရုံ ကို တရုတ်ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး လျှပ်စစ်လိုင်းစောင့်ကြပ် ကြည့်ရှုရန် တရုတ်ဝန်ထမ်း ၁၃၂ ဦးနှင့် မြန်မာဝန်ထမ်း ၂၂ ဦးခန့် အပ်ထားသည်ဟု သိရှိရသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ် အားထုတ်ယူသုံးစွဲမှုသည် မဂ္ဂါဝပ် လေးထောင်ငါးရာကျော်ရှိပြီး ရေ အား၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနှင့် ဒီဇယ်တို့မှ ထုတ်ယူခြင်းဖြစ်သည်။ ရေအားလျှပ်စစ်မှ လျှပ် စစ်မီးထုတ်ယူသုံးစွဲမှုသည့် အခြား လောင်စာများထက် ပိုများသည်။
မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင်ဦးထွန်းလွင်က လွန်ခဲ့ သောနှစ်ရက်ခန့်က မိုးတိမ်တောင် များဖြစ်ပေါ်နေသောကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ မိုး ထစ်ချုန်းရွာသွန်းမည်ဟု ခန့်မှန်းခဲ့ပြီး၎င်းခန့်မှန်းချက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းလည်း ပါဝင်သည်။  မိုးတမ်တောင်များဖြစ်ပေါ်ပါက မိုး ချုန်းခြင်း၊ လျှပ်စစ်လျှပ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်တတ် သည်။

No comments: