လုပ်ငန်းသဘောအရ လိုအပ်သည့် စက်ရုံများမှလွဲ၍ အ ခြားစက်ရုံအလုပ်ရုံများအားသင်္ကြန် ပိတ်ရက် ၁၀ ရက်ပေးရန် ညွှန် ကြားထားပြီး လိုက်နာရန် ပျက် ကွက်ပါက ထိထိရောက်ရောက် အရေးယူမည်ဟု အလုပ်ရုံနှင့် အ လုပ်သမားဥပဒေ စစ်ဆေးရေး ဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဦး ၀င်းရှိန်ကပြောကြားသည်။
‘‘စားသောက်ကုန်လုပ်ငန်း တွေ၊ အအေးခန်း စက်ရုံလုပ်ငန်း တွေကို ရပ်ထားဖို့ အခက်အခဲရှိတဲ့ လုပ်ငန်းသဘောအရ လိုအပ်တဲ့ စက်ရုံတွေတော့ မပါဘူး။ ဒါက လည်း အလုပ်သမားက လက်ခံ သဘောတူညီမှရမယ်။ ဆင်းခိုင်း ရင်လည်း အဲဒီရက်အတွက် ပေးသင့်တဲ့အချိန်ပိုကြေးတွေ အပြည့်အ၀ပေးရမယ်’’ဟု ဦးဝင်းရှိန်က ပြောကြားသည်။
သို့သော် အချို့စက်ရုံများမှာ သင်္ဘောတင်ရန်ကဲ့သို့ အရေးပေါ် လိုအပ်ချက်ရှိပါက အကျိုးအ ကြောင်းခိုင်လုံစွာ တင်ပြလျှောက် ထားနိုင်သည်ဟု ၎င်းကဆိုသည်။
အလုပ်လာရောက်လုပ်ကိုင်သူအများစုမှာ ဒေသအသီးသီးမှ ဖြစ်၍ သင်္ကြန်ရက်ရှည်ပိတ်ရက်တွင် မိမိဒေသသို့ ပြန်နိုင်ရန်နှင့် အနားယူမှုကို အပြည့်အ၀ ရရှိစေရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
‘‘တချို့စက်ရုံတွေကတော့ သင်္ကြန်တွင်းပိတ်ပေမယ့် သင်္ကြန်ပြင်ပရက်တွေကို အရင်ကအလုပ်ဆင်းခိုင်းတာမျိုးတွေ ရှိခဲ့တယ်။ ကုမ္ပဏီအလုပ်တွေ၊ အစိုးရ ၀န်ထမ်းတွေလို တရားဝင် ပိတ်ရက် အပြည့်အ၀ရတာမျိုး ရှားတယ်။ ဒီနှစ်တော့ ဘယ်လိုလာမယ်မသိ ဘူး။ အခုထိတော့ ဘယ်လောက် ပိတ်မယ် မကြေညာသေးဘူး’’ ဟု လှိုင်သာယာစက်မှုဇုန်မှ အထည် ချုပ်စက်ရုံအခြေခံအလုပ်သမား အဖွဲ့ခေါင်းဆောင်က ပြောကြား သည်။
စက်ရုံများကို နှစ်ဆန်းနှစ်ရက်မှ စတင်၍ ပုံမှန်ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဟု ဦးဝင်းရှိန်ကဆိုသည်။
No comments:
Post a Comment