.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Sunday, April 3, 2016

ကျန်းမာရေးဝန်ကြီးဌာနကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဟု အမည်ပြောင်းမည်

ကျန်းမာရေးဝန်ကြီးဌာနကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနဟု အမည်ပြောင်းလဲ ပြင်ဆင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက  ပြောကြားခဲ့သည်ဟု အဆိုပါဌာနမှ တာဝန်ရှိသူများက ပြောသည်။

 ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေး သည် ဧပြီ ၁ ရက်က ကျန်းမာရေး ဝန်ကြီးဌာန အရာထမ်းဝန်ထမ်း များနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာန အရာထမ်းဝန် ထမ်းများနှင့် တွေ့ဆုံစဉ် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနဟု ပြောင်းလဲပြင်ဆင်မည်ဟု ပြောခဲ့ ကြောင်း အထက်ပါတွေ့ဆုံပွဲသို့တက်ရောက်ခဲ့သော အရာရှိအချို့က ပြောသည်။
‘‘ဒီနေ့ အဓိကပြောတာက ကျန်းမာရေးနဲ့ပတ်သက်တဲ့ အ ကြောင်းအရာတွေပဲ များများ ပြောသွားတာပါ။ အဲဒီမှာ ကျန်း မာရေးနဲ့ အားကစားဝန်ကြီးဌာန ဆိုပြီး နာမည်ပြောင်းလဲပေးမယ် လို့ထည့်ပြီး ပြောသွားတာပါ။ ရှေ့တစ်ပတ်အတွင်းမှာ ပြောင်းလဲ ပေးမယ်လို့ ဝန်ကြီးက ပြောပါ တယ်’’ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီ ၄ ရက်တွင် အားကစားနှင့် ကာယပညာဦးစီးဌာန အရာထမ်းဝန်ထမ်းများနှင့် သီးသန့်တွေ့ဆုံ မည်ဟု သတင်းရရှိသည်။
‘‘တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ဖို့အတွက် အားကစားက လည်း အရေးကြီးတယ်ပေါ့။ ပထမဦးစားပေးအနေနဲ့ လူထု တစ်ရပ်လုံး ကျန်းမာရေးမှာ ပါဝင် လာဖို့ ကြိုးပမ်းသွားမယ်ပေါ့။ ပြီးမှ နောက်တစ်ဆင့်တက်ပြီး နိုင်ငံတကာမှာ ဆုရရှိဖို့အပိုင်းကို ဆက်ကြိုးစားသွားမယ်ဆိုပြီး ပြောသွားတယ်’’ဟု ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင် က ပြောသည်။
 အားကစားဝန်ကြီးဌာနကို ၁၉၉၆ ဒီဇင်ဘာ ၁၈ ရက်တွင် ဝန်ကြီးဌာနအဖြစ် ရပ်တည်ခဲ့ပြီး သမ္မတဦးထင်ကျော် ဦးဆောင် သည့် အစိုးရသစ်လက်ထက် ဖျက်သိမ်းခဲ့သော ဝန်ကြီးဌာန ငါးခု၌ တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။
 ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အထက် ပါကဲ့သို့ အမည်ပြောင်းလဲမည်ဟု ပြောကြားခဲ့သော်လည်း လွှတ် တော်၏ အတည်ပြုထောက်ခံ ချက်ရယူရန် လိုအပ်မည်ဖြစ် သည်။

No comments: