
ကားပိုင်ရှင်တွေအနေနဲ့ ကားမောင်းရုံပဲမောင်းပြီး ပြုပြင်ထိန်းသိမ်းမှုပိုင်း မလုပ်ဘဲနေလို့မဖြစ်သလို စနစ်တကျပြုပြင်ထိန်းသိမ်းဖို့ကလည်း အရေးကြီးတာကြောင့် အမှားနည်းနည်းနဲ့ လုပ်နိုင်အောင်လို့ မှားလေ့မှားထရှိတာလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။
စက်သုံးဆီကိုသာ စစ်ဆေးခြင်း
ကားထဲမှာ ဓာတ်ဆီ၊ ဒီဇယ် ဘယ်လောက်ရှိသလဲဆိုတာကို အမြဲလိုလိုသတိထားကြည့်ကြပေမယ့် ဘရိတ်ဆီ၊ အင်ဂျင်အအေး ပေးရာမှာ သုံးတဲ့အရည်(Coola-nt)၊ အင်ဂျင်ဝိုင်တို့၊ ဝါရှာဆေးရည်တို့ကို ရှိ၊မရှိ စစ်ဆေးဖို့ကိုတော့ မေ့နေလေ့ရှိပါတယ်။
ရာသီအလိုက် သင့်တော်တဲ့ တာယာမလဲခြင်း
ဖိနပ်တောင်မှ သူ့နေရာနဲ့ သူ လိုက်ဖက်ညီစွာ စီးနိုင်ဖို့ အရန်ပေါင်းများစွာ ဝယ်ထားကြပေမယ့် ကားတာယာကိုတော့ ရာသီ ဥတုနဲ့ ကိုက်ညီတာလဲလှယ်သုံးဖို့ မေ့လျော့တတ်ပါတယ်။
ကားမီးလုံးကျွမ်းနေတာကို မလဲခြင်း
ကားမှာ မီးသီးတွေကျွမ်းပြီး အလင်းရောင်လုံလုံလောက် လောက်မရတာကို ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဒီအတိုင်းနေတာမျိုးလုပ်လေ့ရှိပါတယ်။
သတ်မှတ်အင်ဂျင်ဝိုင်မသုံးခြင်း
ကားအင်ဂျင်တွေ အလုပ်ကောင်းကောင်းလုပ်ဖို့ဆိုရင် အင်ဂျင်ဝိုင်က အဓိကဖြစ်ပြီး ကိုယ့် ကားရဲ့ အင်ဂျင်ပါဝါအလိုက် သုံး စွဲရမယ့် အင်ဂျင်ဝိုင်ကိုမသုံးဘဲ စေးပျစ်ပျစ်အင်ဂျင်ဝိုင်ဖြစ်ရင် ပြီးရောဆိုပြီး သုံးတာမျိုးတွေပါ။
မလိုအပ်ဘဲ ဝိတ်တွေ အများကြီးတင်မောင်းခြင်း
ကားနောက်ခန်းမှာပဲဖြစ်ဖြစ်၊ အမိုးပေါ်မှာပဲဖြစ်ဖြစ် အသုံးမလိုဘဲ ပစ္စည်းအလေးကြီးတွေ တင်ထား၊ ချိတ်ထားပြီး မောင်း တာတွေကြောင့် ခရီးမိုင်တွေကို ပိုတက်စေပါတယ်။
ကားဘီးလေမစစ်ဘဲမောင်းခြင်း
ဒါကတော့ အများဆုံးလုပ် လေ့ရှိတဲ့ အမှားတစ်ခုလို့ဆိုရမှာ ပါ။ ကားဘီးတွေ အေးစက်ပြီး လေလျော့နေတာမျိုးကို မစစ်ဘဲမောင်းရင် ကားဘီးပေါက်ပြီး မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။
ခေတ်လွန်နေတဲ့ ဆီစစ်၊ လေစစ်များသုံးခြင်း
အကုန်အကျသက်သာတယ်ဆိုပြီး ကိုယ့်ဆီမှာရှိပြီး ဆီ စစ်၊ လေစစ်တွေက ပြန်သုံးလို့ရ မှာပဲတွေးပြီး ပြန်သုံးတာမျိုးပါ။ အချိန်အကြာကြီးတုန်းက ထုတ်ခဲ့တဲ့ပစ္စည်းတွေဟာ အလုပ် ကောင်းကောင်းမလုပ်တော့ဘူးဆိုတဲ့ အတွေးမျိုးရှိဖို့လည်း လိုပါတယ်။
ဘရိတ်ကို ဆောင့်နင်းခြင်း
အမြဲတမ်းလိုလို ဘရိတ်ကို တအားဆောင့်နင်းတာမျိုးတွေကြောင့် သတ္တုဒေါက်တွေ၊ ဘရိတ်နင်းပြားတွေ၊ ရိုတာတွေ မြန်မြန်ပျက်စီးစေနိုင်တယ်လို့ သိ ထားပါ။
စက်ပြင်ဆရာ မသုံးခြင်း
ကားတစ်ခုခုဖြစ်ပြီဆိုရင် ကိုယ်သိထား၊ကြားထားတာတွေနဲ့ တတ်ယောင်ကား လက်တည့်စမ်းတာမျိုးပါ။ နည်းနည်းနဲ့ ပြီးရမှာကိုကိုယ်လုပ်လိုက်မှ ပျက်စီးဆုံးရှုံးမှုများအောင်လုပ်မိတတ်လို့ စက်ပြင်ဆရာနဲ့ပြဖို့ ဝန်မလေးသင့်ပါဘူး။
- See more at: http://www.7daycars.com/story/263#sthash.n8XXSK4E.dpuf
No comments:
Post a Comment