.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Tuesday, April 5, 2016

သင်္ကြန်တွင် ရဲတပ်ဖွဲ့ဝင်များ အရက်မသောက်ရန် အပါအ၀င် စည်းကမ်းချက် ၁၃ ချက်ထုတ်ပြန်

မဟာသင်္ကြန်ပွဲတော် တွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးတာဝန်ထမ်းဆောင်စဉ် အရက်သေစာ သောက်စားခြင်း မပြုရန် အပါအ၀င် လိုက်နာရမည့် စည်းကမ်းချက် ၁၃ ချက်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ထုတ်ပြန်ထားသည်။

ရဲတပ်ဖွဲ့ဝင်များသည် အ ရက်သေစာ သောက်စားခြင်း၊ ပြည်သူလူထုနှင့် ထိပ်တိုက်တွေ့ ဆုံပြဿနာဖြစ်ပွားခြင်းမှ ရှောင် ကြဉ်ရန် စသည့်အချက်များအပါ အ၀င် အချက် ၁၃ ချက် ထုတ်ပြန် ထားပြီး ဖောက်ဖျက်ပါက ရဲစည်း ကမ်းအရ အရေးယူမည်ဟု ဆို သည်။
‘‘တစ်နိုင်ငံလုံး အတိုင်းအ တာအနေနဲ့ လိုက်နာဖို့ ရဲချုပ်ရုံးက နေ ညွှန်ကြားထားပါတယ်။ အ ချက် ၁၃ ချက်ထဲကနေ ကျူးလွန် ခဲ့ရင်တော့ ရဲစည်းကမ်းဥပဒေအ ရ အရေးယူသွားမှာပါ’’ဟုမန္တလေး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးကပြောသည်။
 တိုင်းဒေသကြီးအလိုက် သင်္ကြန်ကာလအတွက် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက ဦး ဆောင်ပြီး လုံခြုံရေးကော်မတီ ဖွဲ့ စည်းကာ မဏ္ဍပ်ဆောက်လုပ်မည့် သူများနှင့်တွေ့ဆုံခြင်း၊ မဏ္ဍပ်များတွက် လုံခြုံရေးကင်မရာများ ထားရှိခြင်း ရှိ၊ မရှိ စစ်ဆေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီး မျိုးမင်းအောင် က ပြောသည်။
တိုင်းနှင့် ပြည်နယ်များတွင် သင်္ကြန်ကာလအကြို လုံခြုံရေးအတွက် မြို့ဝင်မြို့ထွက်များ၌ တုတ်၊ ဓား၊ လက်နက်များ သယ် ဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေး လျက်ရှိကြောင်း သိရသည်။

No comments: