.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Friday, April 15, 2016

မြိတ်မြို့တွင် သင်္ကြန်ကာလအတွင်း လူတစ်ဦးက ကျောက်ရုပ်ပုံစံဖြင့် ပါဖောမန့်ပြုလုပ်

ကျောက်ရုပ်ပုံ ပြုလုပ်ထားသော လူအားတွေ့ရစဉ်

မြိတ်မြို့၊ကမ်းနားလမ်း၊ပြည်တော်သာဆိပ်အနီးတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်အား ဂုဏ်ပြုကြိုဆိုသည့် စာတမ်းချိတ်ဆွဲထားကာ လူတစ်ဦးက ကျောက်ရုပ်ပုံစံဖြင့် နာရီပေါင်းများစွာ ရပ်လျက် ပါဖောမန့် ပြုလုပ်လျက် ရှိကြောင်းသိရသည်။

သင်္ကြန်ပွဲတော်အတွင်း အဆိုပါ လူသားကျောက်ရုပ်ရှိရာသို့ လာရောက်ကြည့်ရှုသူ များပြားလျက်ရှိပြီး ပါဖောမန့် ပြကွက်အား ကြိုက်နှစ်သက်သူများကဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

လူသားကျောက်ရုပ်၏အမည်မှာ သန်းစိုး ဖြစ်ပြီး ယခုကဲ့သို့သင်္ကြန်ရောက်တိုင်း ပါဖောမန့် ပြသလေ့ရှိကြောင်း အနည်းဆုံး ၃ နာရီခန့် ကျောက်ရုပ်ကဲ့သို့ ရပ်ပြနိုင်ကြောင်း လူသားကျောက်ရုပ်ဖြစ်သူ ကိုသန်းစိုးမှ ပြောကြားခဲ့သည်။

ယခုကဲ့သို့ သင်္ကြန်ရောက်တိုင်း လူသားကျောက်ရုပ်ကဲ့သို့ သရုပ်ဆောင်နေသည်မှာ ၁၀ နှစ်ခန့်ရှိပြီဖြစ်ပြီး နံနက်မှညအချိန်အထိ အစာစားချိန်မှလွဲ၍ ရပ်လျက်ရှိကြောင်းသိရသည်။လူသားကျောက်ရုပ်မှာ အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး ပြည်တော်သာဆိပ်ကမ်းတွင် သမ္ဗန်မောင်းခြင်း၊ ကျပန်းအလုပ်လုပ်ခြင်းများ လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်းသိရသညိ။

No comments: