ကိုယ့်ကောင်မလေးရဲ့ ဖုန်းထဲမှာ ဒီ app သုံးခုရှိနေပြီဆိုရင်..
၁) ဓာတ်ပုံတွေကို ဖွက်ထားတဲ့ app
Private Photo Vault လို KeepSafe လို ဓာတ်ပုံ သီးသန့်သိမ်းထားပြီး မမြင်အောင် ဝှက်ထားနိုင်တဲ့ app တွေရှိပါတယ်။ password နဲ့ ဖွင့်မှ ရတဲ့ app တွေဖြစ်ပြီး ဒီံထက်ပို ခက်တဲ့ app တွေကတော့ Vaulty ၊ KYMS နဲ့ Best Secret Folder လို app တွေဖြစ်ပါတယ်။ ဒီ app တွေက ဂဏန်းပေါင်းစက်လို၊ နာရီ နှိုးစက်လိုပုံစံမျိုး ဟန်ဆောင်ပြီး ရှိနေတတ်ပါတယ်။ ဒီလို ဂရုတစိုက် ဖွက်ထားရမဲ့ ပုံတွေရှိနေတယ်ဆိုတာ ကိုယ်အသိမခံနိုင်တဲ့လူတွေရဲ့ ပုံတွေ ၊အကြောင်းအရာတွေရှိနေတယ်ဆိုတာ သွယ်ဝိုက်ပြီး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
၂)မက်ဆေ့ခ်ျများ ပျောက်သွားစေတဲ့ app
TigerText လို Call And Text Eraser လို app တွေက တခြားချစ်သူဆီက လာတဲ့ မက်ဆေ့ခ်ျတွေကို စက္ကန့်ပိုင်းလောက် အကြာ ဒါမှမဟုတ် လျှို့ဝှက်စကားလုံးတစ်လုံး ရိုက်ထည့်ပေးလိုက်တဲ့ အချိန်မှာပဲ အလိုအလျောက် ဖျက်ပေးတဲ့ app ဖြစ်ပါတယ်။ Snapchat လို နာမည်ကြီး app တွေက sexy ပုံတွေကို အထောက်အထား မကျန်စေအောင် ပို့ပေးလို့ရပါတယ်။
၃)မက်ဆေ့ခ်ျကို ဓာတ်ပုံအသွင် ပြောင်းသွားစေတဲ့ app
Black SMS လို app တွေက ကိုယ်ပို့်လိုက်တဲ့ မက်ဆေ့ခ်ျနဲ့ ကိုယ်ရတဲ့ မက်ဆေ့ခ်ျတွေကို လျှို့ဝှက် စကားလုံးနဲ့ ဖွင့်မှရမယ့် ပုံတွေအဖြစ်ပြောင်းလဲပေးပါတယ်။ သင့် ချစ်သူက FBI မှာလုပ်နေတဲ့ ထောက်လှမ်းရေးတစ်ယောက် မဟုတ်ဘူးဆိုရင်တော့ ဖုန်းထဲမှာ ဒီလို app တွေရှိနေတာတွေ့ပြီဆိုရင် သူ့ကို သေသေချာချာ မေးခွန်းထုတ်ဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်
No comments:
Post a Comment