အဝေးပြေးယာဉ် လက် မှတ်ကို သတ်မှတ်တန်ဖိုးထက် ပိုမို ရောင်းချခြင်းကြောင့် မထသ(အ ဝေးပြေး)သို့ တိုင်ကြားမှု နေ့စဉ်နီး ပါးရှိနေပြီး လက်မှတ်တန်ဖိုးပိုငွေ နှစ်သိန်းငါးသောင်းကျော် ပြန်ပေး ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
မထသ (အဝေးပြေး)သည် ၂၀၁၆ မတ်လ ၁၁ ရက်မှစ၍ လက်မှတ်တန်ဖိုး ပိုမိုတောင်းပါက လာရောက်တိုင်ကြားလျှင် ပိုပေးရ သည့် လက်မှတ်တန်ဖိုးငွေကို ပြန်အမ်းပေးခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ယာဉ်လက်မှတ်ခ ပိုမိုရောင်းချခြင်းကြောင့် တိုင်ကြားခံရသော အဝေးပြေးယာဉ်လိုင်း ခြောက်လိုင်းရှိနေသည်။
‘‘လက်မှတ်ဖိုးငွေကို ပို တောင်းလို့ ပြန်ပေးတာ မတ်လ ၁၁ ရက်ကစပြီး အခုထိ နှစ်သိန်း ငါးသောင်းကျော်ရှိနေပြီ။ အခု နောက်ပိုင်းဆိုရင် သင်္ကြန်လည်း နီးလာတော့ တိုင်ကြားမှုက နေ့ တိုင်းနီးပါးရှိတယ်’’ဟု မထသ(အ ဝေးပြေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၆ သင်္ကြန်ကာလတွင် ယာဉ်စီးခ သတ်မှတ်တန်ဖိုးထက် ပိုမိုရောင်းချသော ယာဉ်လိုင်းများ ကို တစ်စီးလျှင် ကျပ်ငါးသောင်း ဒဏ်ငွေသတ်မှတ်မည်ဖြစ်ပြီး ပိုမို တောင်းခံသော ငွေကြေးကိုလည်း ပေးလျော်ရမည်ဖြစ်သည်။ ခရီး သည်ယာဉ်ပြေးဆွဲရာတွင် သတ် မှတ်ထားသည့် လုပ်ငန်း(ခ)လိုင် စင်မရှိဘဲ ပြေးဆွဲသော ယာဉ်များ ကို ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန ဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း မထသ(အဝေးပြေး)က ထုတ်ပြန် ထားသည်။
၂၀၁၅ သင်္ကြန်ကာလအတွင်း ပြေးဆွဲခဲ့သည့် အဝေးပြေးယာဉ် လိုင်း ၃၄ လိုင်းကို လက်မှတ်များ သတ်မှတ်တန်ဖိုးထက် ပိုမိုရောင်း ချခြင်းနှင့် လုပ်ငန်းလိုင်စင် မတူ ညီဘဲ ပြေးဆွဲခြင်းများကြောင့် စုစုပေါင်း ဒဏ်ငွေ ကျပ် ၂၇ သိန်းတပ်ရိုက်အရေးယူခဲ့သည်။ စည်းကမ်းချိုးဖောက်သော အဝေးပြေးယာဉ်လိုင်း ၃၄ လိုင်းတွင် အောင်မင်္ဂလာအဝေးပြေးမှ ယာဉ်လိုင်း ၂၀ ၊ လက်မှတ်စောင်ရေ ၈၁ စောင်နှင့် ဒဂုံဧရာအဝေးပြေးမှ ယာဉ်လိုင်း ၁၄ လိုင်း၊ လက်မှတ်စောင်ရေ ၄၃ စောင် ယာဉ်စီးခပိုတောင်း သဖြင့် တိုင်ကြားမှု ၁၂၄ မှုရှိခဲ့ကြောင်း မထသ (အဝေးပြေး)မှ သတင်းရရှိသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသ ကြီး အခြေပြု ပြေးဆွဲနေသော ယာဉ်လိုင်း ၁၄၆ လိုင်းရှိသည်။ ယာဉ်အစီးရေ ၁,၆၅၁ စီးရှိကာ အောင်မင်္ဂလာအဝေးပြေးတွင် ရန်ကုန်တိုင်း အခြေပြုပြေးဆွဲသော ယာဉ်လိုင်း ၁၀၇ လိုင်းနှင့် အစီးရေ ၁,၃၄၀ စီးရှိပြီး ဒဂုံဧရာအဝေးပြေး တွင် ယာဉ်လိုင်း ၃၉ လိုင်းနှင့် ၃၁၁ စီးရှိသည်။
No comments:
Post a Comment