.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Sunday, April 3, 2016

ကားရေဆေးတဲ့အခါ လုပ်လေ့ရှိတဲ့ အမှား ၁၀ ခု


စီးတော်ယာဉ်ကို ကိုယ်တိုင်အချိန်ယူ ဆေးကြောကြရာမှာ နည်းစနစ်မှန်မှန်ကန်ကန်လုပ်ကြရဲ့လားဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ Good House-keeping Institute က ပညာရှင်တွေကတော့ ကားရေဆေးတဲ့ အခါမှာ အများဆုံး လုပ်ကြတဲ့ အမှားတွေကို ထောက်ပြထားတာမို့ ကိုယ်ကိုယ်တိုင်ကော လုပ်မိနေသလားဆိုတာ လေ့လာကြည့်ရအောင်ပါ။

နေပူကြီးထဲရေဆေးခြင်း
နေပူကျဲကျဲကြီးထဲမှာ ကား ရေဆေးတဲ့အခါ ဘယ်လောက်ပဲ မြန်မြန်လုပ်သော်ငြားလည်း ကားပေါ်မှာ အစက်အပြောက်တွေ စွန်းထင်းကျန်တတ်တဲ့အတွက် မနက်စောစော (ဒါမှမဟုတ်) ညနေ စောင်းလောက်မှ ကားရေဆေး တာမျိုး လုပ်သင့်ပါတယ်။
ပန်းကန်ဆေးဆပ်ပြာရည်ဖြင့် ဆေးခြင်း
အရင်တုန်းက လုပ်ခဲ့တယ် ဆိုရင်လည်း အခုဆက်မလုပ်ပါနဲ့ တော့။ ပန်းကန်ဆေးဆပ်ပြာရည် ဟာ ပြင်းတဲ့အတွက် ကားရဲ့ဆေး သားတွေကို ပင့်ကူမျှင်လိုမျိုး အ စင်းရာတွေဖြစ်စေတတ်လို့ပါ။
ရေတစ်ပုံးတည်းဖြင့် ဆေးခြင်း
ဆပ်ပြာရည်တစ်ပုံးနဲ့ပဲ ကား တစ်စီးလုံးလိုက်ပွတ်ဆေးတာမျိုး က ကားပေါ်က အညစ်အကြေး တွေ မပြောင်တဲ့အပြင် အပေါ်ယံ ဆေးသားတွေကိုပါ ပျက်စီးစေတဲ့ အတွက် မလုပ်သင့်တဲ့ အလေ့အ ထပါ။ ဆပ်ပြာရည်ကျဲပွတ်ပြီးပြီ ဆိုတာနဲ့ ကားတစ်စီးလုံး ဆပ်ပြာ စင်သွားတဲ့အထိ ရေသေချာဆေး ရမှာပါ။
ကားကိုအောက်ဘက်ကစဆေးခြင်း
 ကားရေဆေးတဲ့ အခါ အောက်ကနေ အပေါ်၊ ဘယ်က နေညာဆေးတာဟာ အချိန်ကုန် လူပန်းပြီး အကျိုးမဲ့စေတယ်ဆို တာ သတိပြုမိဖို့ လိုပါတယ်။ ကားအပေါ်ပိုင်းတွေကိုဆေးပြီးမှ ဘီးတို့၊ အောက်ဘက်တို့ဆေးတဲ့ အခါမှာ အစက်အပြောက်တွေ၊ အစင်းကြောင်းတွေမပေါ်တော့ ဘဲ အလိုက်သင့်ရေဆေးပြီးသား ဖြစ်စေပါတယ်။
တာယာရေဆေးဖို့ မေ့ခြင်း
ကားတာယာတွေဟာ ကား တစ်စီးလုံးရဲ့ အညစ်ပတ်ဆုံးအ ပိုင်းဖြစ်ပြီး ရွှံ့၊ သဲတွေကို သတိ တရ  ဆေးကြောထားရင်  တခြား အစိတ်အပိုင်းတွေ မပေကျံ အောင် ကာကွယ်ပြီးသားဖြစ်စေ ပါတယ်။
ရေတွေအများကြီးသုံးခြင်း
သွားတိုက်နေတဲ့အခါမှာ ရေဘုံဘိုင်ကြီးဖွင့်ထားမိရင် ရေ တွေအလကား ကုန်သလိုမျိုး ကား ရေဆေးတဲ့အခါမှာလည်း မလိုအပ်ဘဲ ရေတွေဖွင့်ထားတာမျိုး ရှောင်ဖို့ လိုပါတယ်။
အချိုရည်ဘူးထားတဲ့နေရာကိုမဆေးကြောခြင်း
ကားထဲမှာ အချိုရည်တွေ သောက်၊ မုန့်တွေစားတတ်တဲ့သူ တွေ သတိထားသင့်တဲ့တစ်ချက် ပါ။ အချိုရည်မှောက်ကျထားတာ ကို ဒီအတိုင်းထားရင် ဗက်တီးရီးယားတွေ ပေါက်ပွားနိုင်တဲ့ အ တွက် အချိုရည်ဘူးထည့်တဲ့ ခွက် တွေကို သတိတရဆေးကြောထား သင့်ပါတယ်။
ရေမခြောက်ခင်မှာ မှန်တံခါးတွေ ချထားခြင်း
ရေဆေးထားတဲ့ကားတစ်စီး လုံး သေချာခြောက်ဖို့ဆိုရင် နှစ် နာရီ၊ သုံးနာရီလောက်ကြာတယ် ဆိုတာ သိထားပါ။ ရေမခြောက် ခင်မှာ ကားမှန်တံခါးတွေ ချထား တဲ့အခါ မှန်တွေမှာ အစွန်းအ ကွက်နဲ့ အစင်းရာတွေဖြစ်တတ်ပါ တယ်။
ခြေနင်းအခင်းတွေကိုသန့်ရှင်းရေး မလုပ်ခြင်း
ဒီနေရာကလည်း ဖုန်တွေ၊ သဲတွေ၊ အညစ်အကြေးအများ ဆုံးရှိတဲ့နေရာဖြစ်တာမို့ ဖုန်စုပ် စက်နဲ့ သန့်စင်တာမျိုး၊ ဘရပ်ရှ်နဲ့ ပွတ်တာမျိုး၊ ဆေးကြောပစ်တာမျိုး လုပ်ပေးဖို့လိုပါတယ်။
ကားဒက်ရှ်ဘုတ်ကိုသန့်ရှင်းရေး မလုပ်ခြင်း
မကြာခဏထိတွေ့မှုများတဲ့ နေရာလည်းဖြစ်သလို နေရောင် ခြည်  ထိတွေ့မှုလည်း  များတဲ့နေရာဖြစ်တဲ့ ဒက်ရှ်ဘုတ်တွေမှာ ဗက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။ အဲကွန်းဖွင့်လိုက်တဲ့အခါ လေထဲကနေ ရောဂါပိုးမွှားတွေ ပျံ့နှံ့နိုင်တဲ့အတွက် ဒက်ရှ်ဘုတ်ကို ပုံမှန်သန့်စင်တာမျိုး လုပ်သင့်ပါတယ်။

No comments: