မ်ာတော်ယာဉ်တင် သွင်းမှုဆိုင်ရာ ကြီးကြပ်မှုကော်မ တီကို ဖျက်သိမ်း၍ အသစ်ပြန် လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း အ ဆိုပါကော်မတီမှ အဆင့်မြင့်အ ရာရှိတစ်ဦးက အတည်ပြုပြော ကြားသည်။
ဖျက်သိမ်းမည့်ကော်မတီ သည် ယခင်အစိုးရလက်ထက်ကို သာတာဝန်ခံပြီး ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သောကြောင့် ယခု အစိုးရသစ်လက်ထက်တွင် အလို အလျောက် ပျက်ပြယ်မည်ဖြစ် ကြောင်းအထက်ပါအရာရှိကဆို သည်။
ထို့ကြောင့် စီးပွားကူးသန်း၊ အကောက်ခွန်၊ ကညန၀န်ကြီးဌာ နသုံးခုစလုံးမှအရာရှိများဖြင့် ပါဝင်ဖွဲ့စည်းထားသည့် မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာကြီးကြပ်မှုကော်မတီကို ဧပြီအတွင်းဖျက်သိမ်းမည်ဖြစ်ကြောင်းသတင်းရရှိ သည်။
အဆိုပါ ကော်မတီတွင် ဦး သိန်းစိန်အစိုးရလက်ထက် စီးပွားကူးသန်းဝန်ကြီးဦးဝင်းမြင့် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည့် ကော်မတီတစ်ခုလည်းဖြစ်သည်။
အသစ်ပြန်လည်ဖွဲ့စည်း မည့် ကော်မတီအသစ်တွင် ဌာနအသစ်တစ်ခုအဖြစ် ပြည်တွင်းအခွန်များဦးစီးဌာနထပ်မံပူးပေါင်းပါဝင် လာနိုင်ပြီး ပညာရှင်အချို့လည်း အကြံပေးအဖြစ် ပါဝင်လာနိုင် ကြောင်း ကျွမ်းကျင်သူများကခန့် မှန်းပြောဆိုနေကြသည်။
‘‘အရင်ကြီးကော်က အရေး ယူမှုအပိုင်းတွေမှာ အရမ်းနှေး တယ်။ တစ်ခုခုဖြစ်ပြီဆိုရင် အ စည်းအဝေးတွေခေါ်ပြီး ရှေ့ကိုမ ရောက်နိုင်တာများတယ်’’ဟု မော် တော်ယာဉ်မူဝါဒများနှင့် ပတ် သက်၍ ဆောင်းပါးများရေးသား နေသူ ကိုအရည်ကြိုက ပြောသည်။
အသစ်ဖွဲ့စည်းမည့် မော် တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီတွင် ၀န်ကြီး ဌာနများအပြင် ပြင်ပမှ ပညာရှင် များ ခေါ်ယူဆွေးနွေးကာအကြံပြုချက်များရယူသင့်ကြောင်း ကိုအရည်ကြိုက ဆိုသည်။
မော်တော်ယာဉ်တင်သွင်းမှု ဆိုင်ရာကြီးကြပ်မှုကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းမည်ဖြစ် သောကြောင့်လက်ရှိကျင့်သုံးနေ သည့် မော်တော်ယာဉ်တင်သွင်းမှု မူဝါဒအပိုင်းတွင်လည်း အသစ် ပြန်လည်ရေးဆွဲမည့်အခြေအနေ ရှိကြောင်း မော်တော်ယာဉ်တင် သွင်းရောင်းချသူများက သုံးသပ် ကြသည်။
လက်ရှိတွင် မော်တော်ယာဉ် ဥပဒေရေးဆွဲပြီးဖြစ်ကာ နည်းဥပ ဒေထုတ်ပြန်နိုင်ရန် အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်သာ ကျန်ရှိကြောင်း သတင်းရရှိသည်။
ဦးသိန်းစိန်အစိုးရလက် ထက် လွတ်လပ်စွာကားတင်သွင်း ခွင့်ပြုခဲ့သည့်နှစ်မှစ၍ ဘဏ္ဍာနှစ်ငါးနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်း သို့ ကားတင်သင်္ဘော ၆၅၀စီးကျော် ဖြင့် လုပ်ငန်းသုံး၊ အိမ်သုံးနှင့် အ ခြားဆက်စပ်ယာဉ်များ အပါအ၀င်ကားအစီးရေ ၆၄၀,၀၀၀ကျော် တင်သွင်းခဲ့ကြောင်း မြန်မာ့ဆိပ် ကမ်းအာဏာပိုင်က ထုတ်ပြန်ထားသည်။
အသစ်ပြန်လည်ဖွဲ့စည်း မည့် ကော်မတီအသစ်တွင် ဌာနအသစ်တစ်ခုအဖြစ် ပြည်တွင်းအခွန်များဦးစီးဌာနထပ်မံပူးပေါင်းပါဝင် လာနိုင်ပြီး ပညာရှင်အချို့လည်း အကြံပေးအဖြစ် ပါဝင်လာနိုင် ကြောင်း ကျွမ်းကျင်သူများကခန့် မှန်းပြောဆိုနေကြသည်။
No comments:
Post a Comment