.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Tuesday, April 5, 2016

အရပ်ဘက်-စစ်ဘက်ဆွေးနွေးဖက်များနှင့် ကာလုံကောင်စီ

အရပ်ဘက်-စစ်ဘက်ဆွေးနွေးဖက်များနှင့် ကာလုံကောင်စီ
သမ္မတဦးထင်ကျော်နှင့် ပြည်ထောင်စုအစိုးရသစ်၏ အရေးပါသော ဗျူဟာမြောက်နိုင်ငံရေးရှေ့လုပ်ငန်းစဉ်များတွင် အရပ်ဘက်-စစ်ဘက်ဆက်ဆံမှု ကောင်းမွန်ရေးသည် ထိပ်ဆုံးနေရာ၌ ရှိနေမည် ဖြစ်သည်။ အစိုးရသစ်များ၊ လွှတ်တော်သစ်များနှင့် အတူ၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမျက်နှာစာတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် သော့ချက်ကျ အရေးပါလာမည် ဖြစ်သည်။ နိုင်ငံရေး အကျပ်အတည်းများအား ကျော်လွှားနိုင်ပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးကို လက်တွေ့ကျကျ၊ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေးချဉ်းကပ်စဉ်းစားမည်ဆိုလျှင်လာမည့် ငါးနှစ်တာကာလ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးများသည် မျက်နှာစုံညီအဖြေရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲစားပွဲဝိုင်းများဖြစ်လာမည်မှာ ဧကန်မုချဖြစ်သည်။
 နိုင်ငံတော်သမ္မတရုံးသည် ၂၀၁၆ မတ်လ ၃၀ ရက်တွင် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၁၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (က)တို့ပါ ပြဋ္ဌာန်းချက်များအရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖွဲ့စည်းကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွင် နိုင်ငံတော်သမ္မတ ဦးထင် ကျော်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း မြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၊ ဒုတိယတပ် မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ရဲအောင်တို့ ပါဝင်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိလင့်ကစား၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်း ချက်အရ ပြည်ထောင်စုအစိုးရအ ဖွဲ့အတွင်းရေးမှူးသည် ရာထူးအ လျောက် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ၏ အတွင်း ရေးမှူးဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။ သို့ဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူးချုပ်သည် အစိုးရ အဖွဲ့အတွင်းရေးမှူးနှင့် အမျိုး သားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအတွင်းရေးမှူး ဖြစ်လာ သည်။
   ပြည်ထောင်စုလွှတ်တော် အနေဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေပါ ပြည်ထောင်စု အ စိုးရ အဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ချုပ်ကို ကာလုံကောင်စီအတွင်း ရေးမှူးခန့်ထားခြင်းအပေါ် ပြန် လည်သုံးသပ်ပြင်ဆင်သင့်၊ မသင့် ဆွေးနွေးဆုံးဖြတ်နိုင်ရေးဆောင် ရွက်ရမည် ဖြစ်သည်။
၂၀၁၆ မတ်လ ၃၀ ရက် ဖွဲ့ စည်းခဲ့သော အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် တပ်မတော်ဟူသော ဘက်နှစ် ဖက်ကို ထင်ထင်ရှားရှားသတိပြု မိသည်။ သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း မြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့သည် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဘက်ကို ကိုယ်စားပြုလျက်ရှိပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် တာဝန်ထမ်းဆောင်ဆဲ တပ်မ တော် အရာရှိကြီး ငါးဦးတို့သည် တပ်မတော်ဘက်ကို ကိုယ်စားပြု လျက်ရှိသည်။ ကောင်စီဝင် ၁၁ ဦးအနက် တပ်မတော်သည် ကောင်စီဝင် ခြောက်ဦးနေရာရရှိထားသဖြင့် မဲခွဲအဆုံးအဖြတ်ရယူမည်ဆိုလျှင် အစဉ်အမြဲ အသာစီးရနေမည်မှာ ပကတိ အနေအထားပင် ဖြစ်သည်။
ဒုတိယအကြိမ် ပြည်ထောင် စုအစိုးရနှင့် လွှတ်တော်သက် တမ်းတွင် ကာလုံ၏ အခန်းကဏ္ဍ သည် ပိုမိုအရေးပါရှေ့တန်း ရောက်လာမည် ဖြစ်သည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၁ အရ နိုင်ငံတော်သမ္မတ ဦးထင် ကျော်သည် ကာလုံကို ဦးဆောင် ရမည် ဖြစ်သည်။ ပထမအကြိမ် အစိုးရသက်တမ်းတွင် ကာလုံ ကောင်စီ အစည်းအဝေးများနှင့် ဆုံးဖြတ်ချက်များသည် ပွင့်လင်း မြင်သာမှုမရှိသလောက်နည်းပါး ခဲ့သည်။ ဒုတိယအကြိမ်ပြည် ထောင်စုအစိုးရသက်တမ်းတွင် သမ္မတ ဦးထင်ကျော်၏ ဦးဆောင် မှုနှင့်အတူ ကာလုံသည် ပိုမိုပွင့် လင်းမြင်သာ ပြည်သူကို မျက်နှာ မူလာနိုင်ရေးမဖြစ်မနေဦးစားပေး ရမည် ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီအပြောင်း အလဲ၏ အဓိကစိန်ခေါ်ချက်များ ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်း၊ ပြည်တွင်း ငြိမ်း ချမ်းရေး အကျပ်အတည်းနှင့် အရပ်ဘက်-စစ်ဘက် အကျပ်အ တည်းများကို အစိုးရသစ်လက် ထက် ချဉ်းကပ်အဖြေရှာရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီသည် ဗျူဟာမြောက်  အရေးပါသော ဆွေးနွေးပွဲစားပွဲ ၀ိုင်းဖြစ်လာရေးအတွက် စိုင်းပြင်း ရမည် ဖြစ်သည်။ လာမည့် ငါးနှစ် တာကာလတွင် အရပ်သားခေါင်း ဆောင်များနှင့် စစ်သားခေါင်း ဆောင်များအကြား လွတ်လပ်ပွင့် လင်းနှောင်ကြိုးကင်းစွာ အမြင် ဖလှယ်ဆွေးနွေးနိုင်သည့် ကာလုံ ကောင်စီဖြစ်လာရေးကို ၀ိုင်းကြ၊ ၀န်းကြရမည် ဖြစ်သည်။
ပထမအကြိမ်လွှတ်တော် သက်တမ်းများကုန်ဆုံးခါနီးကာ လတွင် ဖြန့်ဝေခဲ့သော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင် စီ (ကာလုံကောင်စီ)ဥပဒေကြမ်း ကို ဒုတိယအကြိမ်လွှတ်တော်များ အနေဖြင့် ပြန်လည်သုံးသပ်၊ ဆွေး နွေး၊ အတည်ပြု၊ ပြဋ္ဌာန်းနိုင်ရန် ပဓာနကျမည် ဖြစ်သည်။ ကာလုံ ကောင်စီဥပဒေကြမ်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကောင်စီ တွင်ပါဝင်ခြင်းမရှိသည့် ကောင်စီ အတွင်းရေးမှူးအနေဖြင့် အစည်း အဝေးတက်ရောက်ခွင့်၊ တင်ပြခွင့် ရှိသော်လည်း မဲပေးပိုင်ခွင့်မရှိစေ ရဟု အတိအလင်းဖော်ပြနိုင်ရန် လိုအပ်မည် ဖြစ်သည်။ ကောင်စီ အစည်းအဝေးများကို  သာမန်အားဖြင့် တစ်လလျှင် အနည်းဆုံးနှစ်ကြိမ်ကျင်းပရမည်ဖြစ်ပြီး လိုအပ်ပါက အထူးအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်ဟူသော ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်သည် ကြောင်းကျိုးဆီလျော်သည်ဟု သုံးသပ်နိုင်သည်။ ကာလုံကောင်စီကို ဦးဆောင်သူ နိုင်ငံတော်သမ္မတအနေဖြင့် အထူးအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်ကြောင်း ထပ်မံဖြည့်စွက်နိုင်မည်ဆိုလျှင် ပိုမိုပြည့်စုံမည် ဖြစ်သည်။
ကာလုံကောင်စီဥပဒေကြမ်း တွင် ကောင်စီသည် ဆုံးဖြတ်ချက် များချမှတ်ရာ၌ ကောင်စီဝင်များ အားလုံးသဘောတူညီစွာဖြင့် ဆန္ဒပြုမှုကို အလေးထားဆောင်ရွက်  ရမည်ဖြစ်ပြီး၊ သဘောထားကွဲလွဲ မှုရှိပါက များရာဆန္ဒဖြင့် ချမှတ်ရ မည်ဟု ပြဋ္ဌာန်းထားသည်။ အဆို ပါပြဋ္ဌာန်းချက်တွင် နိုင်ငံတော် သမ္မတသည် ဆန္ဒမဲမပေးရ၊ ဆန္ဒ မဲတူညီနေမှသာ နိုင်ငံတော်သမ္မတသည် အဆုံးအဖြတ်မဲပေးရမည် ဆိုသည့်အချက်ကို မဖြစ်မနေပယ် ဖျက်ရမည် ဖြစ်သည်။ တပ်မ တော်ကောင်စီဝင် ခြောက်ဦးနှင့် အရပ်သားကောင်စီဝင် ငါးဦးပါ ၀င်လျက် တပ်မတော်က အသာ စီးရနေသည့် ဖွဲ့စည်းပုံတွင် အရပ် သားသမ္မတ၏ ဆန္ဒမဲပေးခွင့်သည် သော့ချက်ကျမည် ဖြစ်သည်။ သို့ ဖြစ်၍ သမ္မတ၏ ဆန္ဒမဲပေးပိုင်ခွင့် ကို ဥပဒေတွင် မဖြစ်မနေခွင့်ပြုရ မည် ဖြစ်သည်။
ကောင်စီအစည်းအဝေးမှတ် တမ်းများနှင့် ဆုံးဖြတ်ချက်များ အနက် အများပြည်သူလူထုကို အသိပေးသင့်သည့် ကဏ္ဍများ အား ဥပဒေတွင် အတိအလင်း သတ်မှတ်ထားနိုင်ရန် လိုအပ်မည် ဖြစ်သည်။ ဥပဒေပါ သတ်မှတ် ချက်များနှင့်အညီ သတင်းမီဒီယာ များမှတစ်ဆင့် ပြည်သူကို အချိန် နှင့် တစ်ပြေးညီအသိပေးနိုင်ရန် ပြင်ဆင်သင့်သည်။ ကာလုံသည် ပြည်သူလူထုနှင့် ကင်းကွာလျက် တသီးတခြားရပ်တည်နေသည့် သွင်ပြင်ကို မဖြစ်မနေပြုပြင်ပြောင်းလဲနိုင်မှသာ အရပ်ဘက်- စစ်ဘက်ဆက်ဆံမှု ပိုမိုကောင်းမွန် ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ငြိမ်းချမ်းရေးအကျပ်အတည်းများ ကျော်လွှားနိုင်ရေးတို့တွင် ပြည်သူ လူထု၏ အခန်းကဏ္ဍအား မြှင့် တင်နိုင်မည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ပြည်သူသာအမိ၊ ပြည်သူသာအဖ၊ပြည်သူသာ အချုပ်အခြာအာဏာ ၏ မူလပိုင်ရှင်ဟု အလေးအနက် ခံယူလျက် နိုင်ငံတော်သမ္မတဦး ဆောင်သည့် ကာလုံအနေဖြင့် လာမည့် ငါးနှစ်သက်တမ်းကို ဖြတ် သန်းနိုင်ရန် နိုင်ငံရေးအရ အား မွေးကြရမည် ဖြစ်သည်။ ကောင်စီဥပဒေကို အသေးစိတ်စိစစ်သုံး သပ်လျက် မဖြစ်မနေပြဋ္ဌာန်းအ တည်ပြုနိုင်ရေး ရှေးရှုရမည် ဖြစ် သည်။ သမ္မတ၏ ပထမဆုံးမိန့်ခွန်းပါ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုက ရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ် ပေါ်ရေး ရှေးရှုသည့် ဖွဲ့စည်းပုံအ ခြေခံဥပဒေတစ်ရပ် ပေါ်ပေါက် ရေးစသည့် နိုင်ငံရေးရည်မှန်းချက် များ အထမြောက်အောင်မြင်နိုင် ရန် ရည်ရွယ်လျက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင် စီကို အရပ်ဘက်-စစ်ဘက်ဆွေးနွေးဖက်များအကြား ကြားခံတစ်ခု (သို့မဟုတ်) စားပွဲဝိုင်းတစ်ခု (သို့မ ဟုတ်) အခင်းအကျင်းတစ်ခု အဖြစ် ထိထိရောက်ရောက်ပြောင်းလဲအသုံးပြုနိုင်ရေး မျက်မှောက်ပြုသင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။    ။

No comments: