Wednesday, April 6, 2016
အကူရဲဘော် ရဲ့ အလွန်အမင်း အလိုက်သိတက်ပုံ
(အဲ့မယ် ယီးတွေ ပြုကုန်ရော :D )
ရှေ့တန်းစခန်းတစ်နေရာ တပ်ခွဲမှူး၏ အကူရဲဘော်တစ်ဦး
ဒေါသ အကြီးအကျယ် ထွက်နေသည် ။
အကူရဲဘော် ။ ။ ဟေ့…ဘယ်ကောင်လဲကွ ငါ..တပ်ခွဲမှူးအတွက်သိမ်းထားတဲ့
ငါးခြောက်ကို ခိုးစားသွားတာ…။
တပ်ခွဲမှူး ။ ။ မပြောပါနဲ့တော့ကွာ .. ထားလိုက်ပါ ။
အကူရဲဘော် ။ ။ မပြောလို့မရဘူး ဗိုလ်ကြီး ပြောရမယ်
ငါးခြောက်ကအကြီးကြီး ။ကျွန်တော့်ခြေဖ၀ါးလောက်ရှိတယ်
တပ်ခွဲမှူး ။ ။ တိန်!!!
အကူရဲဘော် ။ ။ ကျွန်တော် ပျောက်မှာစိုးလို့ကို Combat Boot (တိုက်ခိုက်ရေးဖိနပ်) ထဲ သေသေချာချာထည့်သိမ်းထားတာ..။
ဒါကိုပျောက်ဖြစ်အောင် ပျောက်သေးတယ်
တပ်ခွဲမှူး။ ။ အွန်!!!
အကူရဲဘော် ။ ။မင်းတို့ ခိုးစားပစ်တော့ ..ခု..ဗိုလ်ကြီးက
ထမင်းစားမယ်ဆို ငါက ယီး နဲ့ကျွေးရတော့မှာလား..ကွ..ဟေ..။
တပ်ခွဲမှူး ။ ။ ဟွတ်...အဟွတ်!!!!
ကဲတော်ပါပြီကွာ သူတို့လည်းစားစရာမရှိလို့
စားလိုက်တာ ဖြစ်မှာပေါ့..။
အကူရဲဘော် ။ ။ စိတ်တိုလို့ပါ ဗိုလ်ကြီးရာ.
ဒီမှာ ကျွန်တော် ထမင်းချက်ထားတာ လောက်ကလေးတွေလို စင်းနေတာပဲ ၊
ဟင်းက မရှိတော့ဘူး ဗိုလ်ကြီး ရ။
တပ်ခွဲမှူး ။ ။ ငိုးမရယ်.. ဝေါ့ အော့!!!!
အကူရဲဘော်။ ။ဒါပေမယ့် မပူပါနဲ့ ဗိုလ်ကြီး....ထမင်းစားပြီးရင်ဖွာဖို့ ဆေးလိပ်လေး ခြေအိတ်ထဲထည့်ဖွက်ထားသေးတယ်။
ဗိုလ်ကြီး။ ။ ဟယ်!!!!
ပြောပြောဆိုဆို ခြေအိတ်လေး ယူကြည့်လိုက်ရာ ဆေးလိပ်ပါ မရှိတော့...ဒေါသအရမ်းထွက်သွားပြီး.....
"အာာာာာအေနိုးဒေ ဆေးလိပ်ပါခိုးသောက်သွားပြီ....အဲ့တော့ ဗိုလ်ကြီး ထမင်းစားပြီးရင် ဗိုလ်ကြီးပါးစပ်ကို ငါက ယီး တပ်ပေးထားရမလားကွ......
ဗိုလ်ကြီး။ ။ ညင် :3
Subscribe to:
Post Comments (Atom)
No comments:
Post a Comment