မန္တလေးတိုင်းဒေသကြီး၊ ရတနာပုံတက္ကသိုလ် ကျောင်းမျက်နှာစာတွင် လက်ပံတန်း
မြို့နယ် ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်မှုဖြင့် ထောင်
ဒဏ်ကျခံရသည့် ကျောင်းသားသုံးဦး အား ကျောင်းမှ ထုတ်ပယ်ခဲ့ရာမှ ကျောင်းအပ်
ခွင့် ပြန်လည်လက်ခံလိုက်ပြီ ဖြစ်ကြောင်း ကျောင်းသားများထံမှ သိရှိရသည်။
“သူတို့တွေရဲ့ အပြစ်ဒဏ်တွေဟာ နိုင်ငံရေးအရဖြစ်ပြီး ကျောင်းနဲ့ လုံးဝမသက်ဆိုင်
ဘူးလို့တော့ မဆိုချင်ပါဘူး။ ကျွန်တော့်အနေနဲ့ ဒီကျောင်းသားတွေကို ကျောင်းပြန်
လက်ခံလိုက်တာဟာ သူတို့ လုပ်ခဲ့တာတွေအတွက် သက်ဆိုင်တဲ့ နေရာတွေကနေ
အရေးယူပြီးဖြစ်တဲ့အတွက် ကျောင်းအပ် လက်ခံရခြင်း ဖြစ်ပါတယ်” ဟု
ရတနာပုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ အောင်အောင်မင်းက
ပြောသည်။
ရတနာပုံတက္ကသိုလ် တက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုအောင်ဆန်းဦး၊
ကိုဥာဏ်လင်းထက်၊ ကိုဂျစ်တူးတို့ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျောင်းပြန်
တက်ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကျောင်းအပ်ပြီးဖြစ်ကြောင်း
သိရသည်။
“ကျွန်တော်တို့ ကျောင်းပြန် တက်ခွင့်ရဖို့ ကျောင်းကို သတိပေးစာတစ်စောင်
ဒီဇင်ဘာလ ၂၄ ရက် နေ့မှာ တင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာကျောင်းကို
သွားတဲ့အခါ ဒုတိယပါချုပ်က ကျောင်းအပ် လက်ခံကြောင်း ပြန်လည်ပြောခဲ့တဲ့
အတွက် ကျောင်းအပ်ပြီးစီးပါပြီ” ဟု ရတနာပုံ တက္ကသိုလ် ကျောင်းသား
သမဂ္ဂများအဖွဲ့ချုပ် လက်ရှိဥက္ကဋ္ဌကိုဂျစ်တူးက ပြောသည်။
အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒထုတ်ဖော်သည့် ကျောင်းသားများအား
လက်ပံတန်းမြို့ တွင် ဖြိုခွဲဖမ်းဆီးလိုက်ခြင်းအား ကန့်ကွက်သည့်အနေဖြင့် ကျောင်း
သားများ လွတ်မြောက်ရေး၊ စစ် အစိုးရကျဆုံးရေး စာသားများအား ရတနာပုံ
တက္ကသိုလ် ကျောင်းသားသုံးဦးက တက္ကသိုလ် ကျောင်းနံရံ တွင် မှုတ်ဆေးဖြင့်
ရေးဆွဲ ခဲ့ကြခြင်းကြောင့် ဇူလိုင်လ ၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီှး နိုင်ငံတော်
အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈၊ ပုဒ်မ ၁၄၃ တို့ဖြင့် ထောင်ဒဏ်
ခြောက်လ ကျခံစေရန် အောက်တိုဘာလ ၉ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး
အမရပူရမြို့နယ် တရားရုံးက အမိန့်ချ မှတ်ခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်
မန္တလေးမြို့ အိုးဖိုထောင်မှ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။
No comments:
Post a Comment